ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရာသီစာဖရဲသီးစျေးကွက်

                 သစ်သီးစျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်နှင့်မိတ္ထီလာခရိုင်တို့မှ ထွက် သည့်ဖရဲသီးများဝင်ရောက်လျက်ရှိပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် အခြားဒေသ တို့မှ လည်းဝင်ရောက်ကြောင်းသိရပါတယ်။ပြည်တွင်းစားသုံးမှုများပြားသကဲ့သို့ ပြည်ပတရုတ်နိုင်ငံ စျေးကွက်သို့ နှစ်စဉ်တင်ပို့လျက်ရှိသည့်ဖရဲသီးများအား  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဖရဲသီး(၇၈၀၀)ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ ဖရဲသီးစားသုံးခြင်း ဖြင့် ကျောက်ကပ်ကျန်းမာခြင်း၊နှလုံးကျန်းမာစေခြင်း၊ အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ သွေး ပေါင်ချိန်မှန်စေခြင်း၊အမြင်အာရုံတိုးတက်ကောင်းမွန်ခြင်း၊ အသားအရေဝင်းပစေခြင်း၊ အရိုးကျန်းမာ စေခြင်း၊ ကြွက်သားနာကျင်မှုကို ခုခံပေးခြင်း၊ ပန်နာရောဂါကိုတိုက်ဖျက်ပေးခြင်း၊ အပူရှပ်ခြင်း ကိုကာကွယ်ပေးခြင်း၊ ရေဓာတ်ဖြည့်စွမ်းပေးခြင်း၊ အစာခြေမှုကောင်းမွန်စေခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်ကြောင်း သိရပါတယ်။ ဖရဲသီးအားအသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့်စား သောက်ကုန်တို့တွင် ထည့်၍ စားသုံးကြောင်းသိရပါတယ်။ သစ်သီးဝင်ရောက်မှုအနေဖြင့် ဒေသ အသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉လမ်းနှင့် ၃၁လမ်း ကြား၊ ၈၄ လမ်းနေရာရှိ သစ်သီး ပွဲရုံများသို့ဝင်ရောက်ကြောင်းသိရပါတယ်။ စျေးချိုရှိသစ်သီး ပွဲရုံများ မှ ဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များနှင့်အခြားဒေသများသို့  ပြန်လည်ရောင်းချလျက်ရှိ ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်း ဖရဲသီး‌စျေးမှာ တစ်လုံးလျှင် အလုံးကြီး ၅၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ အလုံးလတ် ၃၀၀၀ ကျပ်နှင့်  ၄၀၀၀ ကျပ်၊ အလုံးသေး ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း သိရပါတယ်။ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ၂၀၂၅ ခုနှစ် မတ်လပထမ ပတ်အတွင်း  မန္တလေးသစ်သီးစျေးကွက်တွင် ရာသီစာဖရဲသီးများ ဝင်ရောက်မှုများပြားပြီး အရောင်း သွက်လျှက်ရှိကြောင်းသိရပါတယ်။

DOCA(မန္တလေး)

 

မန္တလေးစျေးကွက်ရှိသခွားမွှေးသီး

     သစ်သီးစျေးကွက်အတွင်းသို့ ကျောက်ဆည်ဒေသထွက်သခွားမွှေးသီးများ ဝင်ရောက်မှုများ သကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှလည်းဝင်ရောက်ကြောင်း သိရပါတယ်။ သခွားမွှေးသီးမှာ ပြည်ပသို့တင်ပို့သည့်သစ်သီးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သခွားမွှေးသီးစိုက်ပျိုးမှု (၁၃၀၀) ဧကကျော်စိုက်ပျိုးကြောင်း သိရပါတယ်။ သခွားမွှေးသီး စားသုံး ခြင်းဖြင့်အရေပြားနှင့်အသားအရေကိုကျန်းမာစေခြင်း၊ အမြင်အာရုံကိုကောင်းမွန်စေခြင်း၊ ကိုယ်ခံအား ကောင်းမွန်စေခြင်း၊သွားနှင့် သွားဖုံးကျန်းမာစေခြင်း၊ သွေးအားနည်းခြင်းမဖြစ်အောင် ကာကွယ်ပေးခြင်း၊ သွေးတိုးရောဂါလျော့ချပေးခြင်း၊ ကြွက်သားအားနည်းမှုကို လျော့ချပေးခြင်း၊ မျိုးအောင်မှုကို အားကောင်းစေခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်မှုကာကွယ်ပေးခြင်း စသည့်အကျိုး ကျေးဇူးများရရှိနိုင်ကြောင်း သိရပါတယ်။ သခွားမွှေးသီးအားအသီးအတိုင်း စားသုံးခြင်း၊ အခြောက်ခံ ခြင်း၊ဖျော်ရည်နှင့်စားသောက်ကုန်တို့တွင် ထည့်၍စားသုံးကြောင်းသိရပါတယ်။ သစ်သီးဝင်ရောက်မှု အနေဖြင့် ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအားမန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉လမ်း နှင့် ၃၁လမ်းကြား၊ ၈၄လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေး စျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်း သခွားမွှေးသီး‌စျေးမှာ တစ်လုံးလျှင် အလုံးဝိုင်း (ကြီး) ၄၀၀၀ကျပ်နှင့် ၅၀၀၀ ကျပ်၊ အလုံး(ရှည်) ၃၀၀၀ကျပ်နှင့်  ၄၀၀၀ ကျပ်စျေးဖြစ်ပြီး၊ အသီး အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိ ကြောင်းသိရပါတယ်။ ပွင့်လင်းရာသီ ဖြစ်သည့် မတ်လပထမပတ်အတွင်း မန္တလေးစျေးကွက်တွင် သခွားမွှေးသီးများဝင်ရောက်မှုများပြီး၊ အရောင်း သွက်လျှက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)

 

ခရမ်းချဉ်သီး ဈေးနှုန်းများဆက်လက်ကျဆင်းလျှက်ရှိ

မန္တလေးဈေးကွက်အတွင်းသို့ ခရမ်းချဉ်သီးအမျိုးအစားများဖြစ်ကြသော  ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျှက်ရှိပါသည်။ ယခင်က ခရမ်းချဉ်သီး (အင်းသီး)နှင့် ထိုင်ဝမ်သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်တို့မှ ဝင်ရောက်လျှက်ရှိပြီး ယခုအခါ မန္တလေးတိုင်းတွင်းဒေသထွက် ဗမာခရမ်းချဉ်သီး (ခေါ်) ကိုင်းသီးများနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အများအပြား ဝင်ရောက်လျှက်ရှိပါသည်။ ဒေသထွက် ဗမာခရမ်းချဉ်သီးများ ယခုအခါ လှိုင်လှိုင် ထွက်ပေါ်လျှက်ရှိပါသည်။ ဒေသအတွင်း ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကိုလည်း စီးပွားဖြစ်စိုက်ပျိုး လာခြင်းကြောင့် ယခုရာသီတွင် ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများ အပြိုင်ထွက် ပေါ်လာခြင်းဖြစ်ပါသည်။ ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ သိသိသာသာကျဆင်း လျှက်ရှိပါသည်။ ဇန်နဝါရီလအတွင်း၌ ခရမ်းချဉ်သီး ရှမ်းသီး(ခေါ်)အင်းသီးတစ်ပိဿာလျှင် (၃၀၀၀/၄၀၀၀)ကျပ်၊ ထိုင်ဝမ်သီးတစ်ပိဿာလျှင်(၂၅၀၀/၃၅၀၀)ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာ လျှင်(၃၀၀၀/၄၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် ခရမ်း ချဉ်သီးဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ပြီး  ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးရှမ်းသီး (ခေါ်)အင်းသီးတစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၀၀၀/၁၂၀၀) ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၂၀၀/၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိ ခဲ့ပါသည်။ ယခု မတ်လဆန်းပိုင်း၌ ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်ကျဆင်းလျှက်ရှိပြီး ခရမ်းချဉ်သီးရှမ်းသီး(ခေါ်) အင်းသီးတစ်ပိဿာလျှင် (၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာ လျှင်(၈၀၀/၁၀၀၀)ကျပ်၊ ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၀၀၀/၁၂၀၀)ကျပ်  ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)

 

 

ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလျှက်ရှိ

 ကြက်သွန်နီကို မန္တလေးတိုင်းအတွင်း၌ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင် ၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့် ဒေသများတွင် အများဆုံး စိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးကြက်သွန်၊ ဆောင်းကြက်သွန်အဖြစ် နှစ်ရာသီစိုက်ပျိုးကြ သည်။ မိုးကြက်သွန်သည် ကြက်သွန်ဥ(ထီး)၊ ကြက်သွန်ဥအသေးများကို ပြန်လည်စိုက်ပျိုးကြခြင်း ဖြစ်၍ ကြာရှည်အထားမခံပဲ အစိုအတိုင်းတူးရောင်းရသည်။ ဆောင်းကြက်သွန်နီသည် ကြက်သွန် မျိုးစေ့ကိုပျိုးထောင်၍ အပင်ကလေးများ တစ်လခွဲသားအရွယ်တွင် ပျိုးပင်ကိုနုတ်၍ နေရာရွေ့ ပြောင်း စိုက်ပျိုးကြရသည်။ ကြက်သွန်နီကို မိုးကုန်ရာသီ တန်ဆောင်မုန်းလနှင့် နတ်တော်လတွင် စိုက်ပျိုးခဲ့ကြပြီး တပို့တွဲ၊ တပေါင်းလများတွင် ဖြိုင်ဖြိုင်ထွက်ပေါ်ပါသည်။ ကြက်သွန်မြိတ်ခြောက်မှ သာ တူဖော်ရောင်းချကြသောကြောင့် ကြာရှည်စွာ တစ်နှစ်ပတ်လုံးအထားခံပါသည်။ ထို့ကြောင့် ဆောင်းကြက်သွန်နီကို ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရသည်။ ကြက်သွန်နီမျိုးမှာ မြင်းခြံမျိုး(ဥရှည်) မျိုးနှင့် မြစ်သားမျိုး(ရွှေဖလားမျိုး)ဟူ၍ ရှိကြသည်။ မြင်းခြံဥမျိုးသည် ဥရှည်ပြီး အခွံထူကာ အသား ကြမ်းသည်။ ကျောက်ဆည်၊ မြစ်သားမျိုး(ရွှေဖလား)ကြက်သွန်ဥသည် ဥဝိုင်းမျိုးဖြစ်ပြီး အခွံပါး၍ အသားနုသည်။ ယခုအခါ ဈေးကွက် အတွင်း၌ ဆောင်းကြက်သွန်နီများ လှိုင်လှိုင်ဝင်ရောက် လာပြီဖြစ်၍ ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလျှက်ရှိပါသည်။ ၂၀၂၅ ဖေဖော်ဝါရီလအတွင်း၌ ကြက်သွန်နီတစ်ပိဿာလျှင် ဥအလုံးအကြီး အသေးပေါ်မူတည်၍ ၃၀၀၀/၄၀၀၀ ကျပ် ဈေးနှုန်း များဖြင့် ရောင်းချခဲ့ခြင်းကြောင့် ယခုအချိန်တွင် မြစ်သားကြက်သွန်နီ(ရွှေဖလား)မျိုး တစ်ပိဿာ လျှင် ၂၅၀၀/၃၀၀၀ ကျပ်၊ မြင်းခြံဥ တစ်ပိဿာလျှင် ၂၀၀၀/၂၅၀၀ ကျပ် စသည်ဖြင့် ရောင်းချလျှက် ရှိသည်။ ကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောင်လာခြင်းကြောင့် ကြက်သွန်နီ ဈေးနှုန်းကျဆင်း သွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)

 

ကံ့ကော်ပန်းဈေးကွက်

ဆယ့်နှစ်လရာသီများတွင် မြန်မာသက္ကရာဇ် နှစ်တစ်နှစ်၏ နောက်ဆုံးလဖြစ်သော တပေါင်း လတွင် သဲပုံစေတီပွဲသာမက မြန်မာနိုင်ငံအနှံ့အပြားရှိ ဘုရားစေတီ၊ ပုထိုးများ၌ ဗုဒ္ဓပူဇနိယ ပွဲတော်များနှင့်အတူ ဆွမ်းကြီးလောင်းပွဲ၊ ပဌာန်းပွဲတို့ကိုပါ ကျင်းပလျှက်ရှိရာ တပေါင်းလသည် မြန်မာတို့အတွက် ဒါနသီလကိုပေးသော မွန်မြတ်သောလဖြစ်ပါသည်။ ကံ့ကော် ပန်း၏ ရနံ့သည် အမူးအမော်ကိုပြေစေပါသည်။ ကံ့ကော်ပန်းသည် သရဖီပန်း၊ ပုန်းညက်ပန်းများနှင့် ဆင်တူ၍ ရနံ့မွှေးကြိုင်ပါသည်။ တပေါင်း၏ ရာသီပန်းဖြစ်သည့် သရဖီပန်းများနှင့်အတူ ကံ့ကော်ပန်းလည်း ပင်လုံးကျွတ် ဖူးပွင့်နေကြပါသည်။ အရိပ်လည်းရ ပန်းလည်းလှသည့် အပင်မျိုး ဖြစ်ပါသည်။ ကံ့ကော်ပန်းကို ကျေးရွာလူနေအိမ်များ၊ ခြံဝင်းများနှင့် ဘုရားကျောင်းကန်များတွင် စိုက်ပျိုးကြ သည်။ ကံ့ကော်ပန်းကို ပန်းကုံးကလေးများသီကုံး၍သော်လည်းကောင်း၊ ကိုင်းလိုက်ချိုး၍သော် လည်းကောင်း ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ တပေါင်းလ၏ ပထမလဝက် သည် ဆောင်းရာသီတွင် ကျရောက်ပြီး ဒုတိယလဝက်မှာ နွေရာသီတွင် ကျရောက်ပါသည်။ ဆောင်းအကူးနွေအစ သာယာလှသောလရာသီဖြစ်ပါသည်။ ကံ့ကော်ပန်းတစ်ကုံးလျှင် (၃၀၀/၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကံ့ကော်ပန်းစည်းအပွင့်မပါတစ်စည်းလျှင်(၅၀၀)ကျပ်၊ ကံ့ကော်ပန်းစည်း အပွင့်ပါတစ်စည်းလျှင်(၁၀၀၀)ကျပ်ဖြင့်  ရောင်းချကြကြောင်း သိရှိရသည်။ ကံ့ကော်ပန်းများကို ကံပွင့်၊ လာဘ်ပွင့်စေရန်အတွက် ဘုရားလှူရန်၊ ယတြာချေရန် အတွက် ဝယ်ယူမှုများကြောင်းလည်း သိရှိရသည်။ ကံ့ကော်ဝတ်ဆံများကို တိုင်းရင်းဆေးဝါး ထုတ်လုပ်ရာတွင်လည်းကောင်း၊ သနပ်ခါး များထဲသို့ ကံ့ကော်ဝတ်ဆံများထည့်၍သော်လည်းကောင်း ထုတ်လုပ်ရောင်းချကြကြောင်း သိရှိ ရသည်။  

DOCA(မန္တလေး)

 

ပေါ်ဦးပေါ်ဖျား သရဖီပန်းဈေးကွက်

ဆယ့်နှစ်လရာသီများတွင် လတကာတို့၏နော်တော် သာယာမှုတို့၏ ထိပ်ခေါင်ဖြစ်သော တပေါင်းလတွင် သဲပုံစေတီပွဲသာမက မြန်မာနိုင်ငံအနှံ့အပြားရှိ ဘုရားစေတီ၊ ပုထိုးများ၌ ဗုဒ္ဓပူဇနိယပွဲတော်များနှင့်အတူ ဆွမ်းကြီးလောင်းပွဲ၊ ပဌာန်းပွဲတို့ကိုပါ ကျင်းပလျှက်ရှိရာ တပေါင်းလသည် မြန်မာတို့အတွက် ဒါနသီလကိုပေးသော မွန်မြတ်သောလဖြစ်ပါသည်။ ထူးခြာလှပလမြတ်ကာလတွင် နေခြည်မှာလည်းတဝင်းဝင်း ညအမှောင်မှာလည်းတဝင်းဝင်းဖြင့် တသင်းသင်းကြိုင်နေသော သရဖီပန်းများကို ခူးဆွတ်၍ ဈေးကွက်သို့ တင်ပို့ရောင်းချလျှက် ရှိပါသည်။ သရဖီပန်း၏ ရနံ့သည် အမူးအမော်ကိုပြေစေပါသည်။ သရဖီပန်းပင်သည် ကံ့ကော်ပင်၊ ပုန်းညက်ပင်များနှင့် ဆင်တူပါသည်။ တပေါင်း၏ ရာသီပန်းသည် သရဖီပန်းဖြစ်ပါသည်။ အရိပ်လည်းရ ပန်းလည်းလှသည့် အပင်မျိုးဖြစ်ပါသည်။ သရဖီပန်းပင်ကို ကျေးရွာလူနေအိမ်များနှင့် ခြံဝင်းများတွင် စိုက်ပျိုးကြသည်။ ကျောက်ဆည်ခရိုင်တွင် မယ်ဇယ်ပင်ရွာ၊ လက်ပံပင်ရွာ၊ မြောင်းဦးရွာ၊ ငါးလုံကုန်းရွာ၊ တံတားလယ်ရွာနှင့် သပြေသာရွာ၊ ဟန်မြင့်မိုရ်ရွာများမှ အများဆုံးထွက်ရှိသည်။ တပေါင်းလ၏ အမှတ်တံဆိပ်သရဖီပန်းများကို မြန်မာနိုင်ငံအညာဒေသမှာ လှပစွာတွေ့မြင်ရပါသည်။ သရဖီပန်းသည် ပင်စည်ကိုင်းများမှ ထွက်၍ ဖူးပွင့်ကြသည်။ သရဖီပန်းကို ညအချိန်တွင် အာနေသော အဖူးကလေးများကို ခူးဆွတ်ပြီး ပန်းကုံးကလေးများ သီကုံးကာ မန္တလေးဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရသည်။ တပေါင်းလ၏ ပထမလဝက်သည် ဆောင်းရာသီတွင် ကျရောက်ပြီး ဒုတိယလဝက်မှာ နွေရာသီတွင် ကျရောက် ပါသည်။ ဆောင်းအကူးနွေအစ သာယာလှသော လရာသီဖြစ်ပါသည်။ သရဖီပန်းတစ်ကုံးလျှင် (၃၀၀/၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။  

DOCA(မန္တလေး)

 

ရေကတက်၊ တောင်ကတက်

        ရှေးလူကြီးများ ဆိုရိုးစကားရှိသည်မှာ အိမ်ရှေ့တမာ၊ အိမ်နောက်ကတက် စီပွားတက်ဟု ဆိုကြပါသည်။ ထို့ကြောင့် ကတက်ပင်များကို အိမ်၏နောက်ဘက် အိမ်ခြံစည်းရိုးများတွင် တစ်ပင် နှစ်ပင်စိုက်ပျိုးထားတက်ကြပါသည်။ ကတက်ပင်သည် မြစ်ချောင်းအင်းအိုင် ရေအစပ်များတွင် ပေါက်ရောက်တက်သည့် ရေကတက်နှင့် တောင်ပေါ်ဒေသတွင်‌ပေါက်ရောက်တက်သော တောင်က တက်ဟူ၍ နှစ်မျိုးရှိသည်။ တောင်ကတက်ပင်ကို တောင်ပေါ်ဒေသများဖြစ်ကြသော မိုးကုတ်၊ ပြင်ဦးလွင်တို့တွင် တွေ့ရနိုင်ပါသည်။ ယခုလိုနွေဦးပေါက်ရာသီတွင် ကတက်ပင်များ ရွက်သစ်ဝေ၍ ကတက်ရွက်များ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ မိုးကုတ်ဒေသထွက်တောင်ကတက်သည် အစိမ်းတိုင်း အတို့အမြုပ်လုပ်စား၍ ရပါသည်။ သရက်ရွက်နုကဲ့သို့ ရနံ့မွှေးကြိုင်ပြီး အနံ့အရသာနှင့် ပြည့်စုံသော အတို့အမြုပ်အရွက်တစ်မျိုးဖြစ်ပါသည်။ တောင်ကတက်ရွက်ကို ထမင်းရေနှင့်စိမ်၍ ဖွတ်ပေးရပြီး ကတက်ချဉ်စိမ်၍ ရောင်းချကြပါသည်။ မိုးကုတ်ဒေသထွက် တောင်ကတက်တစ်စည်း လျှင်(၅၀၀/၁၀၀၀)ကျပ်၊ ကတက်ချဉ်(၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရှိရသည်။ ရေကတက်ရွက်သည် အစိမ်းတိုင်းစားသုံး၍မရဘဲ ကတက်ချဉ် တည်၍ရောင်းချကြသည်။ ရေကတက်ချဉ်(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိ ကြောင်းလည်း သိရှိရသည်။ ကတက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ မြေပဲဆားလှော် ထောင်းနှင့် ဆီစိမ်းဖြင့် သုပ်စားကြပါသည်။ ကတက်ချဉ်သုပ်နှင့် ပဲကြီးဟင်းချိုသည် လိုက်ဖက် ညီသော ထမင်းမြိန်စေသည့် ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ရေကတက်ကို အောက်ပြည်အောက် ရွာနှင့် အညာဒေသမှာလည်း တွေ့နိုင်ပါသည်။ ကတက်ရွက်ကို သုပ်စားခြင်းဖြင့် ဆီးရွှင်စေပါသည်။ ကတက်ခေါက်ကို သံပုရာသီးနှင့်သွေးသောက်က ကျောက်တည်ရောဂါအတွက်  ကျောက်ကျစေသည် ဟူ၍လည်း ဆိုကြပါသည်။ ကတက်ပင်သည် သဘာဝကပေးသော ဆေးဖက်ဝင်အစားစာပင် တစ်မျိုးဖြစ်ပါသည်။

DOCA(မန္တလေး)

အညာဂွေးတောက်နှင့် ပျိုးဂွေးတောက်

        လူတို့အသက်ရှင်နိုင်ရန်အတွက် သွေးအားနှင့်လေအား နှစ်မျိုးလိုအပ်ပါသည်။ အသက်ကြီး လာလျှင် လေဆက်စေရန်အတွက် အခါးစားပေးရမည်ဟု ရှေးလူကြီးများက ဆိုကြပါသည်။ ဂွေးတောက်ရွက်သည် ပူခါးမျိုးဖြစ်ပါသည်။ ဂွေးတောက်ရွက်ကို ကြက်သား၊ ကြက်ရိုးနှင့် ချက်စားက အရက်သောက်သူများအတွက် အဆိပ်အတောက်ကို ပြယ်စေပါသည်။ ဂွေးတောက်ရွက် ကို ဟင်းချိုချက်၍သော်လည်းကောင်း၊ ဘဲဥ၊ ကြက်ဥနှင့်ကြော်၍သော်လည်းကောင်း စားသုံးပါက ခွန်အားတိုးစေပါသည်။ ဂွေးတောက်ရွက်နှင့် ကြက်ရိုးဟင်းချိုချက်စားပါက ဂွေးတောက်ရွက်၏ ခါးသက်သက်အရသာနှင့် ကြက်သား၏ အချိုဓါတ်တို့ရောစပ်ပြီး အလွန်အရသာရှိသော ကြက်ဂွေး ဟင်းချိုကို ရရှိသည်။ ဂွေးတောက်ရွက်သည် ဝမ်းမီးကိုကောင်းစေပြီး အစာကြေလွယ်ပါသည်။ အမျိုးသားများအတွက် ဒူလာကောင်းပြီး အမျိုးသမီးများအတွက် သွေးသားကို သန့်စေပါသည်။ အညာဒေသတွင် ပေါက်ရောက်သည့် ဂွေးတောက်ပင်သည် ထနောင်းပင်၊ တမာပင်၊ ဇီးပင် စသည့် အပင်ကြီးများပေါ်သို့ အနွယ်တက်ပြီးရှင်သန်ဖြစ်ထွန်းသည့် နှစ်ရှည်ပင်ဖြစ်ပါသည်။ ၎င်းဂွေးတောက် ပင်များ ယခုရာသီတွင် ရွက်ဟောင်းကြွေကျပြီး ရွက်သစ်ရွက်နုအဖူးများ ထွက်ပေါ်လျှက်ရှိပါသည်။ အညာဂွေးတောက်ရွက်ကို တပေါင်း၊ တန်ခူးလများတွင် မိုးဦးမကျမီ ခူးယူစားသောက် ရောင်းချကြ ပါသည်။ မိုးကျပြီးပါက အညာဂွေးတောက်ရွက်သည် အလွန်ခါးပါသည်။ အညာဂွေးတောက်ရွက် သည် ပိုးသတ်ဆေးဓါတ်မြေဩဇာကင်းစင်သော သဘာဝဟင်းသီးဟင်းရွက်ပင်မျိုးဖြစ်ပါသည်။ အညာဒေသတွင် ဂွေးတောက်ပင်သည် အလေ့ကျပေါက်ပင်မျိုးဖြစ်သည်။ ယခုအခါ ဂွေးတောက်ပင် များကို ရေသွင်း၍ စီးပွားဖြစ်စိုက်ပျိုးလာခြင်းများလည်း ရှိပါသည်။ ၎င်းပျိုးဂွေးတောက်ပင်မှ ဂွေးတောက်ရွက်သည် အခါးဓါတ်နည်းပြီး အပင်ပုမျိုးဖြစ်သည်။ အဖူးအပွင့်အသီးများထိ မထားပဲ ရာသီမရွေးခူးယူစားသောက်ရောင်းချကြပါသည်။ ပျိုးဂွေးတောက်သည် အညာဂွေးတောက်ထက် အခါးဓါတ်လျော့နည်းပါသည်။ ဈေးကွက်အတွင်း၌ အညာဂွေးတောက်ရွက်တစ်ဆယ်ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ ပျိုးဂွေးတောက်တစ်ဆယ်ကျပ်သားလျှင်(၁၀၀၀)ကျပ်‌ ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိ ကြောင်း ဟင်းသီးဟင်းရွက်ကုန်စိမ်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် ခဝဲသီးများရောင်းချလျက်ရှိ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ ရာသီပေါ်ဒေသထွက်ခဝဲသီးများ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

           ခဝဲသီးများသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း ကန့်ဘလူ “မြို့မဈေး”တွင်ရောင်းချနေသည့်  ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၃၇၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၁)တောင့်လျှင်(၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ခရမ်းကြွပ်သီးဈေးနှုန်းအခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

         ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးကြကြောင်း၊ ခရမ်းကြွပ်သီးများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း ခရမ်းကြွပ်သီး(၁)ပိဿာလျှင်  (၃၈၀၀)ကျပ်၊ ခရမ်းကြွပ်သီး (၂၅)ကျပ်သားလျှင်  (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းကြွပ်သီးကို ငပိရည်နဲ့တွဲဖက်၍အတို့ အမြှုပ်အဖြစ်စားသုံးကြကြောင်း၊ ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း