ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့ရှိ သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချမှုအခြေအနေ

မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ လေဆာအမှတ်တံဆိပ် သဘာဝမြေဩဇာလုပ်ငန်းမှ ထုတ်လုပ် ရောင်းချလျက်ရှိသည့် သဘာဝမြေဩဇာများကို မြေကြီး၊ ထုံး၊ တောင်ပုလုမြေဖြူ၊ ဆေးရွက်ကြီးအမှုန့် (ဆေးချေးမှုန့်)၊ အရိုးမှုန့်၊ နွားချေး၊ ကြက်ချေး စသည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ခြင်းဖြစ်ပြီး ထည့်သွင်းသည့် ပါဝင်ပစ္စည်းအချိုးအစားအပေါ်မူတည်၍ အမျိုးအစား၊ ဈေးနှုန်းများ ကွဲပြားခြားနားပါ ကြောင်း၊ အမျိုးအစားများအနေဖြင့် အဖြူရောင်တစ်မျိုးတည်းကို သဘာဝမြေဩဇာဟူ၍လည်းကောင်း၊ အဖြူရောင်၊အစိမ်းရောင်၊ပန်းရောင် ရောစပ်ထားခြင်းကို (၃)ရောင်စပ်မြေဩဇာဟူ၍လည်းကောင်း၊ အဖြူရောင်၊အစိမ်းရောင်၊ပန်းရောင်၊အနက်ရောင် ရောစပ်ထားခြင်းကို (၄)ရောင်စပ်မြေဩဇာဟူ၍ လည်းကောင်း အမျိုးအစား(၃)မျိုး ခွဲခြားထုတ်လုပ်ပါကြောင်း၊ (၄)ရောင်စပ်မြေဩဇာတွင်ပါဝင်သော အနက်ရောင်သည် မဂ္ဂနီစီယမ်ဖြစ်ပြီး (၄)ရောင်စပ်မြေဩဇာသည် ဈေးနှုန်းအမြင့်ဆုံးဖြစ်ကြောင်း၊ မြင်းခြံမြို့နယ်၊ ကူရွာကျေးရွာတွင် ကိုယ်ပိုင်အလုပ်ရုံရှိသကဲ့သို့ တောင်သာမြို့နယ်၊ နန်းမြင့်ကျေးရွာ၊ တမံကြီးကျေးရွာတို့ရှိ အခြားအလုပ်ရုံများမှ ထွက်ရှိသည့် သဘာဝမြေဩဇာများကို ဝယ်ယူကာ သတ်မှတ်အချိုးအစားအတိုင်း ပြုပြင်ထုတ်လုပ်ရောင်းချခြင်းများလည်း ရှိကြောင်းသိရှိရသည်။

သဘာဝမြေဩဇာ(50kg)တစ်အိတ်လျှင် (၇၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်အထိ အမျိုးအစား အလိုက် ဈေးနှုန်းခွဲခြားရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်(ဘုရင့်နောင်)၊ မော်လမြိုင်၊ မော်ကျွန်း၊ ရေကြည်၊ ဝါးခယ်မစသည့်မြို့များသို့ တိုက်ရိုက်တင်ပို့ရောင်းချခြင်းများရှိသကဲ့သို့ ရန်ကုန် (ဘုရင့်နောင်)ပွဲရုံမှ တဆင့်တင်ပို့ခြင်းများလည်းရှိကြောင်း၊ ရောင်းအားအမြင့်ဆုံး ကာလများမှာ ဧပြီလ မှဇူလိုင်လအထိဖြစ်ပြီး ယခုအချိန်တွင် တင်ပို့ရောင်းချရမှုမရှိသေးဘဲ လုပ်သားဦးရေအနည်းငယ်ဖြင့် ကုန်ချောထုတ်လုပ်သိုလှောင်ထားခြင်းသာရှိကြောင်း၊ ရောင်းအား အကောင်းဆုံးလများတွင် တစ်ရက် လျှင်(50kg)အိတ်ရေ(၂၀၀၀)မှ(၃၀၀၀)ထိ ရောင်းချရပါကြောင်း လေဆာအမှတ်တံဆိပ် သဘာဝ မြေဩဇာ ထုတ်လုပ်ရောင်းချသူလုပ်ငန်းရှင်၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသောရာသီစာ ဂွေးတောက်ရွက်ဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း၊ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဂွေးတောက်ရွက်များ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့်  ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၄၆၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၅၀၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂွေးတောက်ရွက်များကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း ဈေးသည်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေပဲသီးဈေးနှုန်း

 မတ်လပထမပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းမျိုးစုံစျေးကွက်တွင် ထောပတ် ပဲစိမ်း၊ပဲကြီး၊ စားတော်ပဲစိမ်း၊ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ပဲစာဥ၊နွေပဲသီးတို့နှင့်အတူ ရွှေပဲသီးများ ဝင်ရောက်မှု များပြား လျက်ရှိပါတယ်။ လက်ကားရောင်းချသည့် ၄၁လမ်းဈေးနှင့် သီရိမာလာဈေးတို့တွင် မန္တ‌လေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသတို့မှ ထွက်ရှိသော ကုန်စိမ်းဝင်ရောက်မှုများပြီး ကျန်ဒေသများမှလည်း ကုန်စိမ်းအနည်းငယ် ဝင်ရောက်ကြောင်း သိရ ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လပထမပတ်အတွင်း ပေါက်စျေးအနေဖြင့် ရွှေပဲသီးတောင့်တစ်ပိဿာလျှင် လက္ကားစျေး  ၅၀၀၀ ကျပ်နှင့် ၆‌၀၀၀ ကျပ်၊ လက်လီစျေး ၇၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်၊ ‌ရွှေပဲသီး အရွက်(၁၀ စည်းပါ)တစ်စည်းလျှင် လက္ကားစျေး ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ပထမပတ်အတွင်း ကုန်စိမ်းစျေးကွက်တွင် ရွှေပဲသီးမှာ အရောင်းသွက်လျက်ရှိကြောင်း ဈေးသည် တစ်ဦးထံမှ သိရပါတယ်။

DOCA(မန္တလေး)

 

မုန်လာဥနီဈေးကွက်

          မန္တလေးဈေးကွက်အတွင်းသို့ ပြင်ဦးလွင်ဒေသနှင့်ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိ သည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ  ကုန်စိမ်းများအများအပြား ဝင်ရောက်လျက်ရှိပါတယ်။     ဈေးကွက် အတွင်း တွေ့ရသော ခါကြက်ဥ(ခေါ်)မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုးအစား (၂)မျိုးရှိပြီး    တစ်နှစ်ပတ်လုံး ဝင်ရောက်သည့်ကုန်စိမ်း   အမယ်တစ်မျိုးဖြစ်ပါတယ်။ မုန်လာဥနီကုန်စိမ်းသီးနှံမှာ လိမ္မော်ရောင်ရှိပြီး၊  ကယ်လိုရီပါဝင်မှု နည်းခြင်း၊ဗီတာမင်နှင့်သတ္ထုဓာတ် များစွာ ပါရှိသည့်အတွက်  မုန်လာဥနီစားသုံးခြင်းဖြင့်  အသားအရေ လှပစေခြင်း၊ သွားနှင့်သွားဖုံးများ ကျန်းမာစေခြင်း၊ အရွယ်တင်နုပျိုစေခြင်း၊ အသည်းကျန်းမာစေခြင်း၊ သွေးသန့်စေခြင်း၊ မျက်စေ့အား ကောင်း စေခြင်း၊အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ခြင်းတို့ကြောင့်   ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။  ခါကြက်ဥ(ခေါ်)မုန်လာဥနီကို  အသုပ်၊ အပြုတ်၊  အကြော်၊အလှော်၊ အကင်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ ပူရီ၊  ထမင်းလိပ်၊ ကင်မ်ချီ၊   တော့ပိုကီ၊ ဘီစကစ်၊   စပါဂ်တီခေါက်ဆွဲ၊ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွက်ကီ၊ ပူတင်း၊ယို၊ ရေခဲမုန့်၊ ရေခဲချောင်း၊မုံလာဥနီ ဖျော်ရည်စားဖွယ်စုံအဖြစ် အမျိုးမျိုးပုံဖော် စားသောက်ကြောင်း သိရပါတယ်။ မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်း ဈေး နှင့် သီရိမာလာစျေး (ပိုက်ကျုံ) ကုန်စိမ်းစျေးတို့၌   ၂၀၂၅ ခုနှစ်မတ်လ ပထမပတ်တွင် ဖြစ်ပေါ် လျက်ရှိသော ပေါက်ဈေးမှာ တစ်ပိဿာလျှင် လက္ကားဈေး မုံလာဥနီ(ဒေသမျိုး) ၁၅၀၀ကျပ်နှင့် ၁၇၀၀ကျပ်၊ မုံလာဥနီထိုင်ဝမ်မျိုး ၆၀၀၀ ကျပ်နှင့် ၆၅၀၀ကျပ်၊ လက်လီဈေးအနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၅၀၀ကျပ်နှင့်၃၀၀၀ကျပ်၊မုန်လာဥနီထိုင်ဝမ်မျိုး ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)

 

ကန်စွန်းဥဈေးကွက်

 စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှအဝင်များပြီး၊ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်းသိရပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ် တို့တွင် ကန်စွန်းဥကို အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက် အတွင်းသို့ အများဆုံးတွေ့ရပါတယ်။ ကန်စွန်းဥအား ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ ယိုထိုးစား၊ ပူတင်းဖုတ်စား၊ အသီးခြောက်လုပ်စား၊ ဟင်းခတ်မှုန့်ပြုလုပ်၍ စားသုံးကြကြောင်း သိရပါတယ်။ ကန်စွန်းဥသည် အဟာရဓါတ်ကြွယ်ဝခြင်း၊ ဓါတ်တိုးဆန့်ကျင်အာနိသင်လည်းကြွယ်ဝခြင်း၊ သွေးတွင်း သကြား ဓါတ်ထိန်းညှိပေးခြင်း၊ ဦးနှောက်လုပ်ဆောင်မှု ကောင်းမွန်ခြင်း၊ ကိုယ်ခံအား ကောင်းခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ လေးဖက်နာကြောင့် နာကျင်မှုကို သက်သာစေခြင်း၊ အစာအိမ်အနာကိုသက်သာစေခြင်းနှင့် ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ပထမပတ်တွင် စျေးကွက် အတွင်းရောင်းချသည့်ကန်စွန်းဥလက္ကား တစ်ပိဿာစျေးနှုန်း ၂၅၀ဝိ/-မှ ၂၇၀ဝိ/-ထိ လက်လီ တစ်ပိဿာ စျေးနှုန်းများ ၂၈၀ဝိ/-မှ ၃၀၀ဝိ/-ထိ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ကန်စွန်းဥမှာ လတ်ဆပ်မှုနှင့်အလုံးအရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွားခြားမှုရှိကြောင်းသိရပါတယ်။ ဈေးနှုန်း ချိုသာပြီး အရသာရှိသော ကန်စွန်းဥမှာ  မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း ကန်စွန်းဥများ ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။

DOCA(မန္တလေး)

 

မန္တလေးထောပတ်ပဲစျေးနှုန်းစျေးကွက်

  မန္တလေးပဲမျိုးစုံစျေးကွက်သို့မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ထောပတ်ပဲများ မတ်လပထမပတ်အတွင်း ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ထောပတ်ပဲသီးနှံမှာ ပြည်တွင်း စားသုံးမှု နှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည်ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံစိုက်ပျိုးမှု(၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈) ဧက၊ အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက်(၁၅၅၂၇၁)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်မတ်လပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက် စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(ဂေါက်) ၃၁၀၀၀၀ကျပ်နှင့် ၃၂၀၀၀၀ ကျပ်၊ ထောပတ်ပဲ(လတ်) ၂၈၀၀၀၀ကျပ်၊ ထောပတ်ပဲ(သေး) ၂၆၃၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ထောပတ်ပဲ(ဂေါက်) ၅၅၁၁ကျပ်နှင့် ၅၆၈၉ ကျပ်၊ ထောပတ်ပဲ(လတ်) ၄၉၇၈ ကျပ်၊ ထောပတ်ပဲ (သေး) ၄၆၇၆ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ထောပတ်ပဲ(လတ်) ၃၆၅၀၀၀ ကျပ်နှင့် ၃၇၀၀၀၀ ကျပ်၊ ထောပတ်ပဲ(သေး) ၃၃၀၀၀၀ ကျပ်နှင့်၃၅၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ထောပတ်ပဲ(လတ်) ၆၄၈၉ ကျပ်နှင့် ၆၅၇၈ကျပ်၊ထောပတ်ပဲ(သေး) ၅၈၆၇ကျပ်နှင့် ၆၂၂၂ကျပ်ဖြစ်ပေါ်ခဲ့ပြီးကာလတူပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ယခုနှစ်ထောပတ်ပဲစျေးလျော့နည်းသွားကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ထောပတ်ပဲဝင်ရောက်မှု ပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှု ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)

 

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

            ၂၀၂၅ ခုနှစ်၊ မတ်လ ပထမပတ်တွင် ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ် လက်ကားဈေး(ရှယ်)တစ်ပိဿာလျှင် (၂၄၅၀၀)ကျပ်၊ လက်လီ ဈေး(ရှယ်)တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကွမ်းသီးစိတ်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ် ရှိဆိုင်များနှင့်ကျေးရွာများ၊ ကျွန်းလှမြို့နယ်သို့ လက်လီ/ လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးမတ်ပဲစျေးနှုန်းစျေးကွက်

          မတ်လပထမပတ်အတွင်းမန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက် သည့်မတ်ပဲ သီးနှံများဝင်ရောက်လာကြောင်းသိရပါတယ်။ ပဲမျိုးစုံအနက် မတ်ပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲသီးနှံစိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း (၁၂.၆၅)တင်း နှင့်အထွက် (၁၃၂၇၀၉)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ခုနှစ်မတ်လပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိ သောပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင် မတ်ပဲ(ကောင်း)၂၇၀၀၀၀ ကျပ်နှင့် ၂၇၇၀၀၀ ကျပ်၊ မတ်ပဲ(ကျောက်စရစ်) ၂၈၀၀၀၀ကျပ်နှင့်၂၈၁၀၀၀ကျပ်၊တစ်ပိဿာပေါက်စျေးမှာ မတ်ပဲ(ကောင်း) ၄၅၀၀ကျပ်နှင့် ၄၆၁၇ကျပ်၊မတ်ပဲ(ကျောက်စရစ်)၄၆၆၇ ကျပ်နှင့်၄၆၈၃ ကျပ်တို့ဖြစ် ကြောင်း သိရ ပါတယ်။  ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ(ကောင်း) ၂၇၅၀၀၀ ကျပ်နှင့် ၂၈၀၀၀၀ ကျပ်၊တစ်ပိဿာ စျေးမှာ ၄၅၈၃ ကျပ်နှင့် ၄၆၆၇ ကျပ် ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ် စျေးနှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါက မတ်ပဲပေါက်စျေးအနည်းငယ်လျော့နည်းသွား ကြောင်းသိရ ပါတယ်။ မတ်ပဲဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်း လဲမှုရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ငှက်ပျောသီး

          တပေါင်းလရာသီချိန်ဖြစ်၍ ငှက်ပျောသီးများစျေးကွက်အတွင်း ဝင်ရောက်မှုများပြီး အရောင်း သွက်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ငှက်ပျောသီးအများအပြားစိုက်ပျိုးကြောင်း သိရပါ တယ်။ ဖီးကြမ်း၊  သီးမွှေး၊  ရခိုင်၊ ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများ ဆုံး တွေ့ရှိရ ပါတယ်။ ငှက်ပျောသီး သီးနှံကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်  ထည့်သွင်းသုံးစွဲခြင်း၊ ဘုရားပွဲနှင့်မိရိုးဖလာကန်တော့ပွဲများတွင်  သုံးစွဲကြောင်း သိရပါတယ်။ မတ္တရာ မြို့နယ်ထွက်သည့်ငှက်ပျောသီးမှာ အခွံထူပြီး၊အရသာမှာ အချိုဓါတ်အနည်း ငယ်လျော့ ကြောင်းနှင့် ကျောက်ဆည်မှထွက်သည့်ငှက်ပျောသီးမှာ အခွံပါးပြီး၊အချိုဓါတ်များကြောင်း သိရပါတယ်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျောသီးများကို  ဘုရားပွဲနှင့်  မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲ တစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့်ငှက်ပျောခိုင်အရေအတွက်အလိုက်၊ အလုံးအရွယ်အစား အလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်း စျေးကွက်အတွင်း ရောင်းချသည့် ငှက်ပျောဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလျင်ဖီးကြမ်း(အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- စျေး၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/- စျေး၊သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-စျေး၊(တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-စျေး၊ ရခိုင်ငှက်ပျောသီးနှင့်ငှက်ပျော ချဉ်သီးမှာ ၁၅၀ဝ/-နှင့်၂၀၀ဝိ/-စျေး၊ ရွှေနီငှက်ပျောသီး(တောင်ငူသီး)မှာ၅၀၀ဝိ/-နှင့်၈၀၀ဝိ/-စျေး အသီးသီးဖြစ်ပေါ်လျက်ကြောင်း သိရပါတယ်။ တပေါင်းလရာသီချိန်အတွင်း ကန်တော့ပွဲတွင် သုံးစွဲ သည့်ငှက်ပျောဖီးအရေတွက်အလိုက် စျေးကွာခြားမှုရှိပြီး တစ်ပွဲလျှင် ၁၀၀၀ဝိ/-၊ ၁၅၀၀ဝိ/- နှင့် ၂၅၀၀ဝိ/-တို့ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ 

DOCA(မန္တလေး)

မန္တလေးစတော်ဘယ်ရီသီးစျေးကွက်

          မန္တလေးစျေးကွက်သို့  ပြင်ဦးလွင်ဒေသထွက်စတော်ဘယ်ရီသီးများမတ်လပထမပတ်အတွင်း ဝင်ရောက်မှု များကြောင်း  သိရပါတယ်။ ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးမှုအနေဖြင့်   ဒေသမျိုးစတော် ဘယ်ရီသီး (အလုံးသေး)အချဉ်အရသာ၊စတော်ဘယ်ရီသီး(ထိုင်ဝမ်မျိုး )အကြွပ် သီးအချဉ်အရသာနှင့် စတော်ဘယ်ရီသီး(ဂျပန်မျိုး)ချိုမွှေးအရသာရှိသည့်အသီးတို့စိုက်ပျိုးကြောင်း သိရပါတယ်။ မန္တလေး စျေးကွက်အတွင်းသို့ စတော်ဘယ်ရီသီးဝင်ရောက်မှုမှာ ပြင်ဦးလွင်ဒေသထွက်အသီးနှင့်ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့မှထွက်ရှိသည့်အသီးများဝင်ရောက်ကြောင်း သိရပါတယ်။   စတော်ဘယ်ရီ သီးနှံ အား သီးနှံအတိုင်းစားသုံးခြင်း၊ ‌ယို၊ ဖျော်ရည်၊ ဝိုင်၊ Jum ၊ ဂျယ်လီ၊ ချောကလက်၊ ရေခဲချောင်း၊ ဒိန်ချဉ် တို့နှင့်တွဲဖက်၍ စားသုံးခြင်းတို့အပြင် ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းတို့တွင် ထည့်သွင်းသုံး စွဲကြောင်း သိရပါတယ်။ စတော်ဘယ်ရီသီးကို နှီးခြင်းတောင်းငယ်များဖြင့် ထည့်၍လည်းကောင်း၊ပလပ်စတစ် ဗူးများဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့် လည်းကောင်း၊ စက္ကူဂျပ်ဖာများဖြင့် လည်းကောင်း  ပုံစံမျိုး စုံဖြင့် ရောင်းချကြောင်း တွေ့ရှိရပါတယ်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်မတ်လပထမပတ်တွင် တစ်ပိဿာလျှင်  ထိုင်ဝမ် မျိုးစတော်ဘယ်ရီ  အချဉ်သီး လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/-စျေး၊ လက်လီစျေး  ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊   ဂျပန်မျိုးစတော် ဘယ်ရီချိုမွှေးသီး လက္ကားစျေး ၁၃၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊လက်လီစျေး ၁၄၅၀ဝိ/- နှင့်၁၆၀၀ဝိ/-  တို့ ဖြစ်ပြီး၊ ဒေသမျိုးအလုံး သေးစတော် ဘယ် ရီသီးနှီးခြင်း  ၁၀ ခုလျှင် ၁၃၀၀ဝိ/-နှင့်၁၅၀၀ဝိ/-စျေး၊လက်လီစျေး ၁၅၀၀ဝိ/- နှင့် ၁၈၀၀ဝိ/- တို့ဖြင့် ရောင်းချကြောင်း သိရပါတယ်။ ပွင်းလင်းရာသီရောက်ပြီဖြစ်၍ မန္တလေးစျေးကွက်အတွင်း စတော် ဘယ်ရီသီး ဝင်ရောက်မှုများပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)

                  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း