ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မြစ်သားမြို့နယ်၌ မိုးနှောင်း ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်း”

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့်ငရုတ် သီးနှံများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး လူတို့အသုံးအဆောင်ဖြစ်သော အဝတ်အထည်များ ယက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ခရိုင်အတွင်း မိုးနှောင်းဝါ စိုက်ဧက (၄၀၉၃)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

       ဝါစိုက်ပျိုးသောရွာများမှာ ဒိုင်းမြနဒီ၊ မှက္ခရာ ၊ ဆင်သည် ၊ သပြေတောင်းရွာများဖြစ်ပြီး ဝါစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကျကြောင်း၊ ဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆ ၊ ရွှေတောင် - ၈ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးထုပ်(၂-၃) ထုပ် အထိ ကုန်ကျကြောင်း၊ မျိုး(၁) ထုပ်စျေးနှုန်းအနေဖြင့် (၆၄၀၀၀-၆၉၀၀၀)ကျပ် စျေးဖြင့် ဝယ်ယူ စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀-၄၀၀) ခန့် ထွက်ရှိခဲ့ပြီး ဝါ(၁)ပိဿာလျှင် (၃၂၀၀/-) ကျပ်ဖြင့် ရောင်းချခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၆၂၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ခဲ့ကြောင်း၊ ဝါစျေးနှုန်းအနေဖြင့် ယခုလက်ရှိပေါက်စျေး ဝါအသစ်(၁)ပိဿာလျှင်(၃၂၀၀-၃၅၀၀)ကျပ်၊ ဂွမ်းအသစ် (၁)ပိဿာလျှင် (၇၈၀၀-၈၉၀၀)ကျပ် ၊ အရည်အသွေးကောင်းမွန်သော ဝါအသန့်(၁)ပိဿာလျှင်(၄၀၀၀)ကျပ်၊ ဂွမ်းအကောင်း(၁) ပိဿာလျှင် (၉၈၀၀-၁၀၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ဝါထွက်ပေါ်ချိန်တွင် စျေးကွက်အနေဖြင့် မြို့ပေါ် ပွဲရုံများဖြစ်သော ကူမဲမြို့၊ အောင်ကမ္ဘာပွဲရုံသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ဝါစက်များ၊ ချည်မျှင်ယက်ကန်းရုံများနှင့် မန္တလေးစက်မှုဇုံ(၁)သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ ဝါအထွက်နှုန်းကောင်းမွန်ရန်နှင့် တောင်သူအကျိုး အမြတ်ပိုမိုဖြစ်ထွန်းရန်အတွက် မျိုးရိုးဗီဇမှန်ကန်‌သောမျိုးများနှင့် စုပ်စားပိုးဒဏ်ခံနိုင်သောမျိုးများ အာမခံချက်ပေးနိုင်ရန် သက်ဆိုင်ရာ ဌာန၏ ပံ့ပိုးမှုများ လိုအပ်လျက်ရှိကြောင်း ဝါစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့ရှိ လူကြိုက်များသည့်သရေစာ နို့မလိုင်လုံး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် သရေစာ စားစရာ များဖြစ်သည့် ကြံသကာ၊ ဇီးတော်ဖီ၊ မြေပဲယို၊ နှမ်းယို၊ ဖရုံယို၊ ကုလားပဲချောင်းနှင့် မလိုင်လုံးများကို ရွှေဘို မြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချသည့်အပြင် ဒေသထွက်များလည်းရောင်းချလျက်ရှိကြောင်း၊ သရေစာ မလိုင်လုံကို ဧည့်သည်များအား တည့်ခင်းဧည့်ခံရာ၌လည်းကောင်း၊ အချိုတည်းစရာဖြစ်လည်း ကောင်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း  သိရသည်။

      ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း မလိုင်လုံးလက်လီတစ်ပိဿာလျှင် (၉၈၀၀၀) ကျပ်၊ မလိုင်လုံးလက္ကားတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မလိုင်လုံး (၁)ပိဿာလျှင်(၂၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ငပိ၊ ဆား၊ ဟင်းချိုမှုန့် တို့အပြင်၊ ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

          ၂၀၂ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်းမှာ ပဲငပိအစို လက်လီ(၁)ပိဿာလျှင် (၇၅၀၀)ကျပ်၊  လ်ကား(၁)ပိဿာလျှင် (၇၂၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)(၁)ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ (အငံ)(၁)ပိဿာလျှင် (၁၅၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ပုံမှန်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲငပိအစို(၁)ပိဿာလျှင် (၂၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA (စစ်ကိုင်း)

“မြစ်သားမြို့နယ်ရှိမိုးပြောင်းဖူးများရိတ်သိမ်းပြီးစီး”

       မန္တလေးတိုင်းဒေသကြီး၊        ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် မိုးပြောင်းဖူးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး ဇူလိုင်လကုန်မှစတင်၍ မိုးပြောင်းဖူးစိုက်ဧက မြို့နယ်အတွင်း(၂၆၉)ဧက စိုက်ပျိုးထားပြီး ၎င်းဧကအားလုံး ရိတ်သိမ်းပြီးစီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။

           အများဆုံးစိုက်ပျိုးသောမျိုးများမှာ သကြားပြောင်း မျိုးဖြစ်ပြီး (၁)ဧကမျိုးအနေဖြင့် ပြောင်းဖူးစေ့ (၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင် (၅၅၀၀/-) ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မေလတွင် စိုက်ပျိုးခဲ့သော မိုးပြောင်းဖူးများ ယခုသြဂုတ်လဆန်းမှ စတင်၍ ထွက်ရှိနေပြီဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၄၅၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူးစုစုပေါင်း(၄၅၀၀-၅၀၀၀)ဖူးခန့် ထွက်ရှိကြောင်း ၊ ပြောင်းဖူးစျေးနှုန်းအနေဖြင့်တစ်ဖူးလျှင် လက်ကား(၃၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၇၀၀-၈၀၀) ကျပ်စျေးများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်း သွက်ကြောင်း ၊ ပြောင်းဖူးကို ပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များရှိ ကုန်စိမ်းသီးနှံပွဲရုံများသို့ တစ်ဆင့်ပြန်လည်ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုး စရိတ်နှုတ်ပြီး(၉၀၀၀၀၀/-) ကျပ်ခန့် မြတ်ကြောင်း၊ မိသားစုစားဝတ်နေရေး ဖူလုံသည့်အပြင် အကျိုးအမြတ်ဖြစ်ထွန်းသော ပြောင်းဖူးသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

       ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၉.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၅၂၄၀ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၀၀ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၈၀၀ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၂၀ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၆၂၀၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၄၅၇၆ အိတ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၂၈၇၊ လက်စအိတ်ရေ ၂၇၄၆၊  ၂၅ မတ်ဆန်အိတ် ၁၅၄၂ ၊ဆန်ကွဲအိတ်ရေ ၆၅၈၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၄၂၉၀၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၃၅၆၊ လက်စအိတ်ရေ ၂၅၆၀၊  ၂၅ မတ်ဆန်အိတ် ၁၃၈၇၊ ဆန်ကွဲ အိတ်ရေ ၆၇၄၂ အိတ်တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။               

    ၂၉.၉.၂၀၂၅ ရက်နေ့တွင် ပဲခူးအရှေ့မှ ဆန်အမျိုးအစားအပေါင်း(၂၀၀၆၀)၊ပဲခူးအနောက်မှ (၁၈၇၃၁)၊ ဧရာဝတီမှ(၁၈၃၃၅)၊ စုစုပေါင်း(၅၇၁၂၆) တို့ဝင်ရောက်ကြောင်းနှင့် ယခင်နေ့ထက်ပိုမို ဝင်ရောက်ပြီး ဈေးနှုန်းမှာ အပြောင်းအလဲမရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီး များ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး စက်တင်ဘာလ (၂၃) ရက်နေ့ မှ စက်တင်ဘာလ (၂၉) ရက် နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပြင်ဦးလွင်မှ အာတာလွတ်ဥ တစ်ပိဿာ ကျပ် ၅၀၀၀၊ ရှမ်းပြည်မှ ထောပတ်သီး အိတ်ကြီးတစ်အိတ် ကျပ် ၅၀၀၀၀၊  တိုက်ကြီးမှ ကလောဥ တစ်ပိဿာ ကျပ် ၁၀၀၀/၁၃၀၀၊ ပုပ္ပါးမှ ဩဇာသီး အလုံးကြီး ဂျပ်ဖာ ကျပ် ၄၀၀၀၀၊  မော်လမြိုင်မှ ကျွဲကောသီး ကျပ် ၁၅၀၀/၃၅၀၀/၆၀၀၀/၈၀၀၀၊ မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၂၅၀၀/၆၀၀၀၊ တန့်ယန်းမှ နာနတ်သီး တစ်လုံး ကျပ် ၁၅၀၀/၂၅၀၀/၃၀၀၀၊ ပုပ္ပါး၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၂၅၀၀၀၊  အောင်ပန်းမှ လိမ္မော်သီး တစ်လုံး ကျပ် ၇၀၀/၈၀၀၊ ချောင်းဦးမှ ဖရဲသီး(211) အလုံးကြီး ကျပ် ၃၀၀၀/၄၀၀၀/၅၀၀၀၊  တိုက်ကြီး၊ မှ မာလာကာသီး အိတ်ကြီးတစ်အိတ် ၅၀၀၀၀/၁၁၀၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၈၀၀၀၀၊ ရှမ်းပြည်မှ ပန်းသီး တစ်သေတ္တာကျပ် ၈၀၀၀၀၊  ရှမ်းပြည်မှ သရက်သီး တစ်သေတ္တာ ကျပ် ၅၀၀၀၀/၆၅၀၀၀၊  ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့် တက်မှုမရှိဘဲ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲ ကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA (ရန်ကုန်)       

၂၉.၉.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၉.၉.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၈၇၉၀၀၀) ကား (၁၁၅) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၂၄၅၀၀၀) ကား (၂၆) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၆၀၀၀၀)  ကား (၄၅) စီးဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ကြည့်မြင်တိုင်မြို့နယ် KIPT ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

      စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၂၈.၉.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် KIPT ဆိပ်ကမ်းသို့ MT. BAUHINIA V 07/25 OP သင်္ဘောဖြင့် Star 2 ဆီကန်သို့  300 MT ၊  Star 3   ဆီကန်သို့ 1897 MT၊ Star 4  ဆီကန်သို့ 3100 MT စုစုပေါင်း တန်ချိန်(5297) ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

    ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၇.၉.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၈၅၄ အိတ် နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၂၇ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၂၀ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၄၂ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၈၆၇ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး အနောက် မှ ရှယ်စ ၃၅၂၀ အိတ်နှင့် ဈေးနှုန်း မှာ ၅၅၀၀၀ မှ ၅၆၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၄၀ နှင့် ဈေးနှုန်းမှာ ၅၄၀၀၀ မှ ၅၅၀၀၀ ကျပ်၊ လက်စအိတ်ရေ ၁၉၄၇ နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၂၀ နှင့် ဈေးနှုန်းများမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၅၄၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၆၇၄၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၈၅၊ လက်စအိတ်ရေ ၁၅၇၈၊  ၂၅ မတ်ဆန်အိတ် ၉၇၃၊ ဆန်ကွဲ အိတ်ရေ ၅၆၁၃ အိတ်တို့ဝင်ရောက် ကြောင်း သိရှိရပါသည်။               

၂၇.၉.၂၀၂၅ ရက်နေ့ ဆန်အမျိုးအစားများ ဝင်ရောက်မှုမှာ ယခင်နေ့ထက်အနည်းငယ် လျှော့နည်းကြောင်းနှင့် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“မြစ်သားမြို့နယ်တွင်မိုးနှမ်းများအားလုံးရိတ်သိမ်းပြီးစီး”

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆီထွက်သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်း လျက်ရှိရာ ၄င်းသီးနှံများအနက်မိုး နှမ်းသီးနှံကို၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် မြစ်သားမြို့နယ်တွင် (၄၂၀၀)ဧက စိုက်ပျိုးပြီး ၎င်းဧကများအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ မိုးနှမ်း(၁)ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့်(၂-၃) ပြည်စိုက်ပျိုးရ ကြောင်း၊ (၁)ပြည်လျှင် (၈၀၀၀/-)ကျပ်စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မိုးနှမ်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးသော မျိုးများမှာ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုး ကြကြောင်း၊ အများဆုံးစိုက်ပျိုးသော ရွာများမှာ နွားလျှာရိုးရွာ၊ ညောင်ဂျစ်ရွာ၊ ရိုးကန်ရွာနှင့် မန်ကျည်းကန်ရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းတစ်ဧက အထွက်နှုန်းအနေဖြင့် (၁၀-၁၂)တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် နှမ်းဖြူ တစ်တင်းလျှင်(၁၂၂၀၀၀/-)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၉၆၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်(၉၆၀၀၀/-)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၇၅၀၀/-)ကျပ်၊ ယခုနှစ်တွင် နှမ်းဖြူတစ်တင်းလျှင် (၁၀၂၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၉၂၀၀၀/-)ကျပ်၊ နှမ်းနက်တစ်တင်း လျှင်(၁၀၀၀၀၀/-)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၈၀၀၀/-)ကျပ်၊ စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါ သည်။ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့်ထွက်ရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၆၇၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း မိုးနှမ်းစိုက်ပျိုးသော တောင်သူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း