ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၌အရောင်းအဝယ်ဖြစ်နေသော မြေပဲဆံဈေးနှုန်းဈေးကွက်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ၂၀၂၄ ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် မြေပဲဈေးနှုန်းများ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့သည် မကွေးတိုင်းအတွင်း စီးပွားရေးအချက်အချာကျသောမြို့ဖြစ်ပြီး ဒေသထုတ်ကုန်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ မြေပဲသီးနှံမှ မြေပဲဆီ၊ မြေပဲယို၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥစသည့် ကုန်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးလျက် ရှိခြင်းကြောင့် မြေပဲရောင်းဝယ်ရေးလုပ်ငန်းများ တွင်တွင်ကျယ် ကျယ်ဆောင်ရွက်လျက်ရှိ၍ မြို့ပေါ်တွင် မြေပဲရောင်းဝယ်ရေးလုပ်ငန်းရှင်(၇၀၀)ဦးခန့်ရှိကြောင်း သိရှိရသည်။

          ပခုက္ကူဈေးကွက်သို့ မြေပဲစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းရွာများ၊ မြစ်ခြေ၊ ကမ္မနှင့် ယောနယ် ဒေသများဖြစ်သော ပေါက်၊ ဆော၊ ထီးလင်း၊ ကျောက်ထုမြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ပြီး ယခုအချိန်တွင် မြို့ပေါ်ရှိ ဝယ်လက်ကုန်သည်လုပ်ငန်းရှင်ကြီးမှားမှတစ်ဆင့် မြေပဲများကြိတ်ခွဲထုတ် လုပ်ပြီး မြေပဲဆံများကို ဒေသတွင်းလုပ်ငန်းရှင်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချကြောင်း၊ မြို့ပေါ်ဈေးကွက်တွင် မြေပဲဆံ(အဖြူ)လုံးသေး (၃)လပဲများ ကုန်သည်လက်ကျန်မရှိ၍ အရောင်းအဝယ်မဖြစ်ကြောင်း၊ (၆)လပဲ လုံးဆံ(အနီ)မျိုးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          မြေပဲဈေးကွက်အနေဖြင့် မေလ(ဒုတိယပတ်)တွင် မြေပဲလုံးဆံနီ(ရှယ်)တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ လုံးဆံတစ်ပိဿာလျှင် ကျပ်(၆၂၀၀ - ၆၃၀၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ (၂၄)ပြည်ဝင်အိတ်(၄၀၀)ခန့်၊ ပိဿာ(၉၆၀၀)ခန့် နေ့စဉ်အရောင်းအဝယ် ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲဆားလှော်လုပ်ငန်းရှင်များအပြင် စားသောက် ကုန်မျိုးစုံထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ပခုက္ကူမြို့မှထွက်ရှိသော မြေပဲဆံ များကို ဒေသတွင်းဖြန့်ဖြူး ရောင်းချမှုအပြင် ပြည်ပယိုးဒယားနိုင်ငံသို့ မန္တလေးမြို့မှတစ်ဆင့် တင်ပို့ လျက်ရှိသော်လည်း ယခုအချိန်တွင် ဒေသတွင်း မြေပဲလက်ကျန်နည်း၍ ပြည်ပသို့ တင်ပို့မှုမရှိကြောင်း မြို့ပေါ်ရှိ မြေပဲ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

          DOCA(မကွေး)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆန်နှင့်စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး

       ၂၀၂၄ ခုနှစ်၊ မေလ (၂၁)ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်တိုင်းစားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆန်စပါးကုန်သည်အသင်း၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ပင်စင်လစာထုတ်ယူသည့်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ထားဝယ်မြို့မြန်မာ့စီးပွားရေးဘဏ်ဘေး၊ အထက(၁)ကျောင်းဝန်းအတွင်းတွင် ဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့တစ်ဦးလျှင်ဆန် (၂)ပြည်၊ စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေး(၁) ပိသာလျှင် ၆၀၀၀ကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် ပင်စင်စားဦးရေ ၆၀၀ အား ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၃.၅.၂၀၂၄ )

၂၃.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း ( ၂၃.၅.၂၀၂၄ )

၂၃.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၃.၅.၂၀၂၄ )

 ၂၃.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ပခုက္ကူမြို့၏ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင်ဖြစ်ပေါ် ခဲ့သော ဈေးနှုန်းများမှာ ဧပြီလကုန်တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် အနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရှိရပါသည်။ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၁၁၀၀၀)၊ အယ်လ်ဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၈၀၀ - ၁၀၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။

         ယခုမေလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို ယူရီးယား (50)kg ပါ တစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ ဩဘာ ယူရီးယား (50)kg ပါ တစ်အိတ်လျှင် ကျပ်(၈၇၀၀၀)၊ ရွှေနဂါး ယူရီးယားတစ်အိတ်လျှင် ကျပ်(၈၁၀၀၀)၊ တရုတ် တီစူပါသံကွင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၂၅၀၀၀)၊ တရုတ် ပုလဲရွှေတောင် (50)kg ပါ  တစ်အိတ်လျှင် ကျပ်(၈၃၀၀၀)၊ မြန်မာ့ဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ အာမို ကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၇၂၀၀၀)၊ ဩဘာ ကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ကောမက် ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ တရုတ် အာမို ၁၆း၁၆း၁၆ (50kg) ပါ တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရှိရပါသည်။

       သီးနှံစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင် ပိုးမကျအောင် လုပ်ဆောင်ရသောကြောင့် ယခုမေလ (ဒုတိယပတ်)တွင် ဧပြီလ(စတုတ္ထပတ်)ထက် ဈေးနှုန်းများ တက်လာသည်ကိုတွေ့ရှိရပါသည်။ အာမို မက်နီဖော့(၅၀၀)စီစီတစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ အာမို မက်နီဖော့ (၁)လီတာတစ်ဘူးလျှင် ကျပ် (၅၀၀၀၀)၊ အာမိုစတား (၁)လီတာတစ်ဘူးလျှင် ကျပ်(၄၁၀၀၀)၊ အာမို အီမာ(၁)လီတာဘူးတစ်ဘူးလျှင် ကျပ်(၃၅၀၀၀)၊ ဂျက်ကက် မင်းမဟော် (၁၀၀)စီစီတစ်ဘူးလျှင် ကျပ်(၁၀၅၀၀)၊ ဩဘာ ပို့စ် (၂၅၀) စီစီတစ်ဘူးလျှင် ကျပ်(၁၂၅၀၀)၊ ဩဘာ အဆီဖိတ် ၅၀၀ဂရမ်ပါ တစ်ထုပ်လျှင် ကျပ်(၂၅၀၀၀)၊ ဩဘာ ငှက်ကြီးတောင် (၁၀၀)စီစီ တစ်ဘူးလျှင် ကျပ်(၂၀၅၀၀)၊ ဩဘာ ငှက်ကြီးတောင်(၂၅၀)စီစီတစ်ဘူးလျှင် ကျပ်(၄၇၅၀၀)၊ မင်းမဟော် ဖော်ယူဘိုး (၅၀၀)စီစီတစ်ဘူးလျှင် ကျပ်(၃၄၀၀၀)၊ မင်းမဟော် ဖော်ယူဘိုး (၂၅၀)စီစီတစ်ဘူးလျှင် ကျပ်(၁၉၀၀၀) ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

     မေလ(ဒုတိယပတ်)တွင် ဓာတ်မြေဩဇာနှင့် အသုံးများဆုံးပိုးသတ်ဆေးဈေးနှုန်းများ အနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရှိရပြီး ပိုးသတ်ဆေးမှာ ပို၍အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ရောင်းချနေသော ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြို့မစည်ပင်သာယာဈေး၊ အမှတ် (၂) ဈေးနှင့် ပျံကျဈေးတို့တွင် ရှမ်းပြည်နယ်အတွင်းရှိ အောင်ပန်း၊ အင်းလေး၊ နောင်ချို၊ ရွှေညောင်ဒေသနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့နယ်အတွင်းရှိ နယ်များမှထွက်ရှိသော ကြက်သွန်ဖြူများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ထုမြို့နယ်မှထွက်ရှိသော ကြက်သွန်ဖြူဒိုင်ပြတ်လက်ကားဈေးမှာ အလုံးအရွယ်အစားကိုလိုက်၍ ကြက်သွန်ဖြူ(လုံးကြီး) တစ်ပိဿာလျှင် ကျပ်(၁၁၅၀၀)၊ (လုံးလတ်) တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ (လုံးသေး)တစ်ပိဿာလျှင် ကျပ်(၆၀၀၀)ဖြစ်ပြီး ရှမ်းပြည်နယ်မှထွက်ရှိသော ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင်ရောင်းချနေသော ကြက်သွန်ဖြူလက်လီဈေးနှုန်းမှာ (လုံးကြီး) တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ (လုံးလတ်) တစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ (လုံးသေး)တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြစ်ပြီး နေ့စဉ်ကုန်ချိန် ၅၀၀၀ပိဿာမှ ၆၀၀၀ပိဿာထိအရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၌ မေလ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ကမ္မ၊ ရေပြာနယ်တို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ယခု၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)၌ ကြက်သွန်နီကုန်စည်ဒိုင်တွင် ပခုက္ကူမြို့နယ်ရှိ ပခုက္ကူကျွန်း၊ ပေါက်၊ ယောနယ်ဒေသတို့မှ ကြက်သွန်နီများသာမက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုလဲမြို့နယ်မှ ကြက်သွန်နီများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။

          မေလ(ဒုတိယပတ်)တွင် ယောကြက်သွန်နီဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၈၀၀-၁၉၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀-၁၆၀၀)၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၁၃၀၀-၁၄၀၀)ဖြစ်ပြီး ပုလဲကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၀၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၇၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဖြစ်၍ နေ့စဉ်ကုန်ချိန် ၄၀၀၀၀ပိဿာမှ ၁၀၀၀၀၀ပိဿာထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြို့မစည်ပင်ဈေးတွင်ရောင်းချနေသော ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၈၀၀)ဖြစ်ပြီး တင်ပို့မှုအနေဖြင့် မြဝတီနှင့် မြန်မာပြည်အောက်ပိုင်းသို့ တင်ပို့နေကြောင်း ကြက်သွန်နီကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိကုန်းဘောင်ဈေးတွင် မေလ တတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီးတစ်လုံးလျှင်(၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှမှာယူရောင်းချသည့် ရွှေလိမ္မော်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီးတစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ရွှေသခွားသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ၊  သခွားမွှေးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဒူးရင်းသီးတစ်လုံးလျှင် (၁၁၀၀၀)ကျပ်မှ (၁၆၀၀၀)ကျပ်အထိ၊ မင်းကွတ်သီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၇၀၀)ကျပ်အထိ၊လိုင်ချီးသီးတစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊   ရမည်းသင်းမြို့မှထွက်ရှိသည့်စပျစ်သီး(အဝိုင်းသီး) တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊စပျစ်သီး(အချွန်းသီး) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှထွက်ရှိသည့် ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင်(၁၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိ၊ ဖရဲသီးတစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၃၅၀၀)ကျပ်အထိ၊ စိန်တစ်လုံး သရက်သီးတစ်လုံးလျှင်(၄၀၀)ကျပ်မှ (၁၀၀၀)ကျပ်အထိ၊ ပိန္နဲသီးတစ်လုံးလျှင်(၃၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်အထိ၊ နာနတ်သီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊မာလကာသီးတစ်လုံးလျှင်(၃၅၀)ကျပ်၊ ဗန်းမော်မြို့မှမှာယူရောင်းချသည့် သစ်ကြားသီးတစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်းရောင်းချသော သစ်သီးဆိုင်များမှသတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူကုန်စည်ဒိုင်၌ မေလ(ဒုတိယပတ်)တွင် ပဲစင်းငုံနီနှင့် မတ်ပဲအရောင်းအဝယ်ဖြစ်နေ

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲမျိုးစုံဖြစ်သော ပဲစင်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲယင်းနီ၊ ပဲယင်းဝါများ၊ ပဲနီ၊ ပဲထောပတ်နှင့် အခြားပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မေလ(ဒုတိယပတ်)တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။  ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်နေသောပဲများမှာ ပဲစင်းငုံနီ၊ ကုလားပဲဖြူ လုံးကြီး၊ ပဲယင်း၊ ထောပတ်ပဲ၊ ပြောင်းဖူးစေ့(CP)၊ ပဲလွန်းပြာနှင့် နေလဲစေ့များ အရောင်းအဝယ်ဖြစ်နေပါသည်။  ပခုက္ကူကုန်စည်ဒိုင်သည် ပခုက္ကူမြို့၏ စီးပွားရေးအချက်အချာကျပြီး ရောင်းဝယ်ဖောက်ကားရာတွင်လည်း နေရာဒေသစုံမှ လာရောက် အရောင်းအဝယ်ဖြစ်နေပါသည်။

         မေလ(ပထမပတ်)တွင် ပဲစင်းငုံ (နီ) တစ်တင်းလျှင် ကျပ်(၁၂၉၄၀၀)ဖြစ်ပြီး  မေလ(ဒုတိယပတ်)တွင် ပခုက္ကူကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်ခဲ့သော ပဲစင်းငုံ(နီ) ဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် (၁၃၀၀၀၀-၁၃၀၂၀၀-၁၃၅၆၀၀)၊ မေလ(ပထမပတ်)နှင့် (ဒုတိယပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ပဲစင်းငုံနီတစ်တင်းလျှင် ကျပ်(၆၂၀၀)ဈေးနှုန်းမြင့်တက်နေကြောင်း၊ မတ်ပဲတစ်တင်းလျှင် ကျပ်(၉၉၀၀၀)ဖြင့် နေ့စဉ်အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိသည်။ အရောင်းအဝယ်ဖြစ်ခဲ့သော အိတ်ရေမှာ ပဲစင်းငုံ(နီ) (၅၀၀မှ ၁၀၀၀)အိတ်ထိ၊ မတ်ပဲအိတ်ရေ (၅၀မှ ၂၀၀)အိတ်ထိ ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း