ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မေလ၊ စတုတ္ထအပတ်တွင် ရွှေဘိုပဲတီစိမ်းဈေးနှုန်းမြင့်တက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

      ပဲတီစိမ်းမှာ မေလ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မေလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၆၁၇၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၅၄၀၀)တင်း/ (၁၇၆)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၅၉၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲတီစိမ်းတစ်တင်းလျှင် (၂၂၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ယခင်အပတ်ထက် ပဲတီစိမ်းဈေးနှုန်းများမြင့်တက်လာသည့်အပြင် ဝင်ရောက်မှုမှာလည်းများလာကြောင်း  ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မေလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ရွှေဘိုပဲစင်းငုံ(နီ)ဈေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။  

      ဇန်နဝါရီလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစင်းငုံ(နီ)များ စတင်ဝင်ရောက်ခဲ့ပြီး မေလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၃၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/(၂၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၃၄၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၀၀ဝိ/-)ကျပ်ဈေးပိုမိုခဲ့သည့်အပြင် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်မှုအရ သတင်းရရှိပါသည်။ ‌

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဘိလပ်မြေဈေးနှုန်းဈေးကွက်နှင့် မြေပြင်လက်ကျန်အခြေအနေကွင်းဆင်းစစ်ဆေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် ပခုက္ကူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော ငွေသရဖူ၊ ဒို့တောင်သူ၊ ကျော်၊ မိုးမခ၊ သီဟကမ္ဘာ၊ သိန်းနှင့် ဟိန်းစည်အရောင်းဆိုင်များသို့(၂၂.၅.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းရာတွင် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် မြေပြင်လက်ကျန်အခြေအနေများ၊ ကုန်ပစ္စည်းဝင်ရောက်မှုများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်း လေ့လာ ခဲ့ပါသည်။ ဘိလပ်မြေဈေးနှုန်းဈေးကွက်များမှာ ၂၀၂၄ခုနှစ်၊ မေလ(တတိယပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၁၁၀၀၀)၊ အယ်ဖာတစ်အိတ်လျှင် ကျပ်(၉၈၀၀)၊ အပါချီ တစ်အိတ်လျှင် ကျပ် (၁၀၆၀၀) ဈေးနှုန်းဖြစ်ပြီး (ဒုတိယပတ်)တွင် ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ်(၁၁၀၀၀)၊ အယ်ဖာ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၁၆၀၀)ဈေးနှုန်းဖြစ်၍ (ဒုတိယပတ်)နှင့် ဈေနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အပါချီတစ်အိတ်လျှင် ကျပ်(၁၀၀၀)၊ အယ်ဖာတစ်အိတ်လျှင် ကျပ်(၂၀၀)ဈေးကျဆင်းပြီး ကြံ့နှစ်ကောင် ဘိလပ်မြေမှာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိသော်လည်း မှာယူသောစက်ရုံများနှင့် ကိုယ်စားလှယ်ဆိုင်ကြီးများတွင် ဘိလပ် မြေလိုသလောက်ဝယ်ယူ၍ မရရှိကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

ဥယျာဉ်ဇင်ကျေးရွာတွင် တိုင်ထောင်ပဲစိုက်ပျိုးမှုနှင့် စျေးနှုန်းအခြေအနေ

         မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲနှင့် ဥယျဉ်ခြံသီးနှံများကိုအဓိကထားလုပ်ကိုင်ကြကြောင်းသိရှိရပါသည်။

         ဥယျာဉ်ဇင်ကျေးရွာတွင် တိုင်တောင်ပဲကို လယ်ကန်သင်းဘေးတွင် တိုင်ထောင်၍ စိုက်ပျိုး ကြသလို အခြားသီးပင်စားပင်များနှင့် ရော၍လည်း စိုက်ပျိုးကြပါသည်။ စိုက်တောင်သူမှာ (၆)ဦးခန့် ရှိပြီး တိုင်ထောင်ပဲစိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့တိုက်ရိုက်ချစနစ်ဖြင့် စိုက်ပျိုးပြီး မျိုး အနေဖြင့် မျှားနီတံဆိပ်ကိုအသုံးပြုကာ မျိုးစေ့တစ်ဘူးလျှင် ကျပ်(၇၀၀၀)ပေးရကြောင်း၊ တစ်ဧက အတွက်(၂၄)ဘူး ခန့်ကုန်ကျကြောင်း၊ မြေအောက်ရေကိုအသုံးပြု၍ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး (၂)ပတ်သားခန့်အကြာတွင် တိုင်ထောင်ကာ အညွှန့်များကို ကပ်၍ချည်ရကြောင်း၊ စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကျပ်(၆၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ဈေးကွက်နေဖြင့် မင်းဘူးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ ၂၀၂၄ခုနှစ်၊ မေလ (တတိယပတ်)တွင် လက်ကားဈေး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အညာဒေသ အုန်းစိမ်းရေအရောင်းအဝယ်သွက်

       အညာဒေသ မုံရွာမြို့နယ်တွင် ရန်ကုန်မြို့၊ ကနီမြို့နယ်ရှိ တွင်းမဒေသတို့မှ အုန်းစိမ်းများဝင်ရောက်ကြောင်း၊ တစ်နေ့လျှင် အုန်းစိမ်း (၅၀၀) လုံးပါ ကား (၂) စီးဝင်ရောက်ကြောင်း၊ အုန်းစိမ်းတစ်လုံးလျှင် (၁၅၀၀) ကျပ်မှ (၂၀၀၀) ကျပ်အထိဈေးနှုန်းများရှိကြောင်း၊ တစ်နေ့လျှင် အုန်းစိမ်း (၁၀၀) လုံးမှ (၁၅၀) လုံးထိ ရောင်းချရကြောင်း၊ ရာသီဥတုပူပြင်းလာသဖြင့် အုန်းစိမ်းရေများ အရောင်းအဝယ်သွက်ကြောင်း အုန်းစိမ်းရေရောင်းချသူများထံမှသိရှိရပါသည်။

     အုန်းစိမ်းရည်တွင်ပါဝင်သည့် အာဟာရဓာတ်များမှာ ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးကြောင်း၊ ထို့ပြင် အရွယ်တင်နုပျိုစေပြီး ဘက်တီးရီးယားများနှင့် ကင်ဆာရောဂါများကို တိုက်ဖျက်နိုင်သောအစွမ်းလည်းရှိကြောင်း၊ အုန်းစိမ်းရည်မှာ အရသာရှိပြီး ကယ်လိုရီပါဝင်မှုနည်းသော သဘာဝအချိုရည်တစ်မျိုးဖြစ်ကြောင်းနှင့် ၎င်းမှာ အုန်းသီးခြောက်အရည်ထက် အာဟာရဓာတ်ပိုမိုပါဝင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းများဆက်လက်မြင့်တက်လျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍စိုက်ပျိုးကြရာ မိုးစိုက်မှာ ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

   မုံရွာမြို့နယ်၌ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ မေလ (ပထမပတ်) တွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ်(၉၀၀၀-၁၁၀၀၀)ဖြင့်လည်းကောင်း၊ မေလ (ဒုတိယပတ်)တွင်  ငွေကျပ်(၁၀၀၀၀-၁၃၀၀၀) ဖြင့်လည်းကောင်း၊ မေလ (တတိယပတ်) တွင် ငွေကျပ် (၁၇၀၀၀-၂၀၀၀၀) ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ နွေရာသီတွင် ကွမ်းအထွက်နှုန်းတိုးသော်လည်း ရာသီဥတုအပူဒဏ်ကြောင့် ရွက်လိပ်ပိုးကျကာ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းခြင်းကြောင့် ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း၊ ပုံမှန်အားဖြင့် ဆောင်းကွမ်းဈေးနှုန်းသည် ဈေးအမြင့်ဆုံးဖြစ်သော်လည်း ယခုနှစ်နွေကွမ်းဈေးနှုန်းမှာ ဆောင်းကွမ်းဈေးနှုန်းထက် ဈေးနှုန်းရရှိကာ အကျိုးအမြတ်ပိုမိုရရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုးနှင့်ပုဇွန်ဈေးနှုန်းများမြင့်တက်လျက်ရှိ

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုး နှင့်ပုဇွန်တို့ကို မြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်မှ ဈေးသည်များနှင့် မြို့အရှေ့ဘက်ကမ်းတွင် တည်ရှိ သော မြင်ကွန်းရွာမှဈေးသည်များ အများဆုံးလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိ ရပါသည်။

          ၂၀၂၄ခုနှစ်၊ မေလ(တတိယပတ်)တွင် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ရောင်းချလျက်ရှိ သော မြစ်ငါး၊ ပုဇွန်ဈေးနှုန်းများမှာ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၂၄၀၀၀)၊ ငါးတန်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ငါးကွန်မှန်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးဘတ်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးသလောက်(အကောင်အလတ်) (၁)ပိဿာလျှင် ကျပ်(၃၀၀၀၀)၊ ပုဇွန်(အကောင်အကြီး)(၁) ပိဿာလျှင် ကျပ်(၅၀၀၀၀)၊ ငါးယင်ပေါင်စာ(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)ဈေးနှုူန်းများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ငါးကြင်း ကျပ်(၂၀၀၀)၊ ငါးကွန်းမှန် ကျပ်(၃၀၀၀)၊ ပုဇွန် ကျပ်(၅၀၀၀)၊ ငါးဘတ် ကျပ်(၁၅၀၀)ဈေးနှုန်း အသီးသီးမြင့် တက်လာကြောင်း၊  ယခုအချိန်တွင် မြစ်ရေအတက်အကျရှိခြင်းနှင့် မြစ်ငါးများရှားပါးသောရာသီဖြစ် သောကြောင့် ငါး၊ ပုဇွန်ဈေးနှုန်းများမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း ဇေယျာသီရိဈေးအတွင်း ငါးရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့တွင် စိန်တစ်လုံးသရက်သီးများဈေးကောင်းရလျက်ရှိ

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် စိန်တစ်လုံးသရက်ပင်များကို ဥယျာဉ်ခြံအဖြစ်သီးသန့်စိုက်ပျိုးကြသလို မိမိတို့အိမ်ခြံဝိုင်းအတွင်း၌လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ မင်းလှမြို့အတွင်း စိန်တစ်လုံးသရက်မပေါ်ထွက်ခင် မန္တလေးမြို့၊ တောင်တွင်းကြီးမြို့နှင့် မကွေးမြို့တို့မှ တဆင့်မှာယူ၍ ပြန်လည်ရောင်းချလျက်ရှိကြောင်းလည်း သိရှိရပါသည်။

          အထက်မင်းလှမြို့အတွင်း စိန်တစ်လုံးသရက်မှာ ၂၀၂၄ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် စတင် ထွက်ပေါ်ချိန်တွင် (၁)လုံးလျှင် အလုံးအကြီး၊ အသေးအလိုက် ကျပ်(၇၀၀ မှ ၁၀၀၀)ထိဈေးရလျက်ရှိ ကြောင်း၊ မိမိအနေဖြင့် စိန်တစ်လုံးသရက်ပင် (၃၀)ပင် စိုက်ပျိုးထားကြောင်း၊ စိန်တစ်လုံး သရက် ပင်မှာ စိုက်ပျိုးပြီး အပင်သက်တမ်း(၅)နှစ် အကြာမှသာအသီး သီးပါကြောင်း၊ ယခင်နှစ်က စိန်တစ်လုံး သရက်ပင်များမှာ အထွက်နှုန်းကောင်းပြီး အပင်သက်တမ်းအနုအရင့်အလိုက် တစ်ပင်လျှင် အလုံးရေ (၈၀၀ မှ ၁၀၀၀)ကြားသီးပြီး သရက်သီးပေါ်စအချိန်တွင် (၁)လုံးလျှင် ကျပ်(၄၀၀)ဈေးရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ရာသီဥတုပူလွန်းပြီး တစ်ပင်လျှင်(၄၀၀ မှ ၅၀၀)ကြားသာသီးပြီး အထွက်နှုန်းလျော့သော်လည်း ဈေးနှုန်းမှာကောင်းပါကြောင်း၊ ယခုမေလ(တတိယပတ်)တွင် စိန်တစ်လုံးသရက် လက်လီ ဈေးမှာ (၁)လုံးလျှင် ကျပ်(၆၀၀ မှ ၈၀၀)ထိဈေးရရှိပါကြောင်း၊ ထွက်ရှိသည့်စိန်တစ်လုံး သရက်သီး များကို မိမိခြံ၌သာရောင်းချပါကြောင်း အထက်မင်းလှမြို့နေ စိန်တစ်လုံးသရက်စိုက်ပျိုးသူ ဦးသန်းစိုး ထံမှ သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၆.၅.၂၀၂၄ )

    ၂၆.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅.၅.၂၀၂၄ )

 ၂၅.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း