လက်ဆောင်ပေးသည့် Surprise ပန်းစည်းများအရောင်းများသွက်

Powered by Drupal

            နှင်းဆီသည် အခါသမယတစ်ခုစီတွင် အဓိပ္ပါယ်အမျိုးမျိုးရှိသော်လည်း ဖေဖော်ဝါရီ 14 တွင် "ချစ်သူများပွဲ"အတွက်နှင်းဆီပန်းပေးပို့ခြင်းသည် ချစ်ခြင်းမေတ္တာနှင့် စိတ်အားထက်သန်မှုကို ကိုယ်စားပြုပြီး လက်ဆောင်အတွက် အနီရောင်ဖြစ်ရပါမည်။ အနီရောင်နှင်းဆီသည် နက်ရှိုင်းသည့် အချစ်၏ ကိုယ်စားအဖြစ်သတ်မှတ်ပြီး Valentine’s Day အတွက် ပြီးပြည့်စုံသောလက်ဆောင်တစ်ခု ဖြစ်ပါသည်။ ချစ်သူများနေ့သည်  မိမိရဲ့ချစ်သူ၊ မိမိချစ်ခင်လေးစားတန်ဖိုးထားရသော မိခင်၊ ဖခင်၊ ဆရာ၊ သူငယ်ချင်း၊ မိတ်ဆွေတွေကိုတန်ဖိုးထားပေးသောလက်ဆောင်တစ်ခုပင်ဖြစ်ပါသည်။ အနီရောင်နှင်းဆီသည်Valentine’s Day အတွက် ပြီးပြည့်စုံသောလက်ဆောင် အဖြစ်လူအများအကြား ရေပန်းစားသော အရောင်ဖြစ်သောကြောင့် ဝယ်ယူမှုအများဆုံးပန်းဖြစ်ပါသည်။ ချစ်သူများနေ့သည် မိခင်နေ့ပြီးနောက် ပန်းများအရောင်းရဆုံးသောကာလဖြစ်ပါသည်။ နိုင်ငံတကာတွင် ချစ်သူများနေ့အဖြစ် ချစ်သူစုံတွဲတိုင်း ကြည်နူးစွာကျင်းပကြသည့်နေ့တစ်နေ့ဖြစ်ပြီး၊ ကြည်နူးဖွယ် အမှတ်တရလက်ဆောင်များ ပြင်ဆင်ပေးကြသည့် နေ့တစ်နေ့ဖြစ်သည်။အထူးသဖြင့် Valentine’s Day  နီးလာသဖြင့် နှင်းဆီပန်းရဲ့ စျေးနှုန်းကမြင့်တက်လာပြီး ပန်းတစ်ပွင့်ကို ကျပ် ၇၀၀/၇၅၀/-ရောင်းချခဲ့ကြောင်းသိရပါသည်။ သီးသန့်အထူးစိုက်ပျိုးတဲ့ နှင်းဆီပန်းဆိုရင်စျေးနှုန်းနှစ်ဆထိမြင့်တက်ခဲ့ပါတယ်။အလှဆင်ထားသည့်ပန်းစည်းသည်ပိုမိုရောင်းအားကောင်းပြီး ပန်းစည်းအလှဆင်လုပ်ငန်းများလည်း VDay နေ့မရောက်ခင်ကတည်းကကြိုတင် မှာယူထားမှုများရှိပြီး ရောင်းအားကောင်းလျက်ရှိကြောင်း၊ လှပသောဒီဇိုင်းတွေနဲ့ ဖန်တီးထားတဲ့ ပန်းလက်ဆောင်များကတော့ Chocolate Bouquets,Mini Toy Bouquets,single Toy Bouquets,Giant Floral Bouquets, Hearts-shaped Bouquets, floral Round shaped Boxes, Mini Liquor  Bouquets , Heart –Shaped Chocolate Boxes များအား ပန်းအလှဆင်လုပ်ငန်းများတွင် အလွယ်တကူ ကြိုတင်မှာယူရရှိနိုင်ကြောင်း၊ ပေးပို့လိုသော နေရာအရောက်ပို့ဆောင်ပေးကြောင်း၊ ခရီးအနီးအဝေးပေါ်မူတည်၍ Delivery Service  ကျသင့်မှာဖြစ်ကြောင်း၊  ပန်းအလှဆင် လုပ်ငန်းများတွင် တစ်နေ့လျှင် ပန်းစည်း ၅၀ မှ ၁၀၀ ထိ ရောင်းကုန်ကာ ဒီနှစ်မှာ VDay  နေ့ မရောက်ခင် ဝန်းကျင်ထဲက ပန်းစျေးနှုန်းနဲ့ ရောင်းချရတဲ့ ပမာဏ နှစ်ခုလုံး တိုးတက်များပြားကြောင်းသိရပါသည်။

ပိုက်ဆံပန်းစည်း ၁၀ ရွက်      -         ၂၀၀၀၀ ကျပ်

ပိုက်ဆံပန်းစည်း ၁၅  ရွက်     -         ၂၅၀၀၀ ကျပ်

ပိုက်ဆံပန်းစည်း ၂၀  ရွက်     -         ၃၀၀၀၀ ကျပ်

ပိုက်ဆံပန်းစည်း ၂၅  ရွက်     -         ၃၅၀၀၀ ကျပ်

ပိုက်ဆံပန်းစည်း ၃၀  ရွက်     -         ၄၀၀၀၀ ကျပ် (၅)ရွက်ပိုလျှင် ကျပ် ၅၀၀၀ ပို၍ ကျမည်ဖြစ် ကြောင်း၊ ပန်းပါလျှင်ပန်းဖိုးထပ်ပေါင်းကျသင့်မည်ဖြစ်ကြောင်း၊ ၅၀၀၀ ကျပ်တန် အရွက်(၁၀၀)လျှင် ပန်းဖိုးလက်ခအပါအဝင် ကျပ် ၁၃၀၀၀၀/ ဖြစ်ပြီး ပန်းအစိုဈေးနှုန်းများကတော့ ကျပ် ၃၀၀၀၀/-မှပန်းအရေအတွက်ပေါ်မူတည်ပြီးဈေးနှုန်းကျပ်၈၀၀၀၀-၁၀၀၀၀၀/ထိရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)