ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော ( မုန့်တီ၊ မုန့်ဟင်းခါး  ) မုန့်ဖက်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်(မုန့်တီ၊မုန့်ဟင်းခါး) မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်များကို မုံရွာမြို့ပေါ်နှင့်ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်းတွင် ရောင်းချလျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး ) မုန့်ဖက်ဈေးနှုန်းများမှာ (၁)ပိဿာ လျှင် (၃၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင် (၇၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက် ရောင်းချသူထံမှသိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်း၌ စားအုန်းဆီသင်္ဘောဝင်ရောက်ခဲ့မှု

     စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်း ဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ် သော စားသုံးဆီများသုံးစွဲနိုင်ရေး ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်း ကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ(သဲကွင်း)ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကမ်းနားဈေးဆိပ် ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းသို့ (၂၆.၉.၂၀၂၅)ရက်နေ့တွင် MT MESON သင်္ဘောဖြင့် ROS ဆီကန်သို့ (၂၂၇၀.၇၀၈)တန် ဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

    စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၂၈.၉.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းသို့ MT. AU VIRGO V. 2025 /258 သင်္ဘောဖြင့် LL.B ဆီကန်သို့  2600 MT ၊ LL.J  ဆီကန်သို့ 800 MT HTT.3 ဆီကန်သို့ 1000 MT စုစုပေါင်း တန်ချိန်(4400) ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“(၂၂.၉.၂၀၂၅)ရက်နေ့ မှ (၂၇.၉.၂၀၂၅) ရက်နေ့ထိ တစ်ပတ်အတွင်းစားအုန်းဆီ ထုတ်ပေးမှုအခြေအနေ”

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျှက်ရှိပါသည်။ ထိုသို့ ထုတ်ပေးလျက်ရှိသော စားအုန်းဆီများအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး  ရောင်းချသူများ အနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် ()ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေး နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေး တို့အတွက်လည်း တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ (၂၂..၂၀၂၅)ရက်နေ့မှ (၂၇..၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ()ခုနှင့် စားအုန်းဆီတန်ချိန် (၃၇၉၂.၀၃၃)တန်ကို ထုတ် ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်၏ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားကုန် (ကုန်ခြောက်)   ဈေးနှုန်းများ ”

     စက်တင်ဘာလ နောက်ဆုံးပတ်တွင် သုံးခွမြို့နယ်၏ ဈေးကွက်အတွင်းရောင်းချနေသော အခြေခံစားကုန်(ကုန်ခြောက်)ဈေးနှုန်းများ အနေဖြင့် ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင် (၁၂၀၀မှ ၂၀၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုပ်ရှည် တစ်ပိဿာလျှင် (၁၁၀၀၀မှ ၁၅၀၀၀)ကျပ်ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ မကျီးသီးတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင်ယခင်အပတ်(၆၅၀၀)ကျပ်ဖြစ်ပြီး ယခုအပတ်တွင် ပစ္စည်းဝင်ရောက်မှုနည်းပါးသွား၍ တစ်ပိဿာလျှင် (၇၀၀၀)ကျပ် ဈေးနှုန်း အသီး သီးတို့ဖြင့် သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရသည်။

    အခြေခံစားကုန်(ကုန်ခြောက်)ဈေးနှုန်းများ အနေဖြင့် အာလူးဈေးနှုန်းမှလွဲ၍အခြားကုန် ခြောက်ပစ္စည်းဈေးနှုန်းများ ပြောင်းလဲမှုမရှိကြောင်း၊ အဆိုပါ ကုန်ခြောက်ပစ္စည်းများအား ရန်ကုန် ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူရောင်းချခြင်းဖြစ်ပြီး မြို့နယ်အတွင်းသို့ ကုန်ခြောက်ပစ္စည်းများ တစ်ရက် ခြားတစ်ခါ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း   သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကန့်ဘလူမြို့သီးနှံဈေးကွက်ရှိ ကြက်ဆူစေ့ဈေးနှုန်း ပြန်လည်မြင့်တက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် ကြက်ဆူသီးနှံကိုစိုက်ပျိုးကြောင်း၊ ကြက်ဆူသီးနှံသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးပြီး ကန့်ဘလူမြို့ ပေါ်သို့ လာရောက်ရောင်းချကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၅၀၀၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၉၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ ရောင်းချကြောင်း ဒေသတွင်းလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော လိမ္မော်သီးဈေးနှုန်း

   လိမ္မော်သီးသည် ရှောက်နွယ်ဝင်မျိုးရင်းဖြစ်ပြီး အသားမှာအရည်ရွှမ်းပြီး မှည့်သောအခါနီမြန်း သည့် အဝါရောင်သို့ပြောင်လဲလာသည်။ လိမ္မော်သီးကို ရေခဲသေတ္တာတွင်ထည့်၍ စားသုံးပါကပိုမို ကောင်းမွန်ကြောင်း၊ အရည်ညှစ်၍ သောက်သုံးကလည်း ကောင်းမွန်သည့်အတွက် ဝယ်ယူစားသုံးသူ များကြောင်း၊ ကန့်ဘလူမြို့နယ်တွင် ရောင်းချနေသေည့် လိမ္မော်သီးများကို မန္တလေးမြို့နှင့် မြစ်ကြီး နား စသည့်သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာလျှင် (၁၉၀၀၀မှ ၂၀၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း လိမ္မော်သီးဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း၊ လိမ္မော်သီးသည် အရည်ရွှမ်းအသီးဖြစ်ပြီး စားသုံးသူများ၍ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်သည့် ကြက်သွန်နီဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျှက်ရှိရာ အရေးကြီးသီးနှံ(၁၀)မျိုးအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုန်လာ ဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချ ရန်အတွက် ကြက်သွန်နီကို ရာသီချိန်အလိုက် စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်လာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် ကြက်သွန်နီ အလုံးကြီး(၁)ပိဿာလျှင် (၁၈၀၀)ကျပ်နှင့် အလတ်(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင် (၁၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင် တတိယပတ်ဈေးနှုန်းများ နှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ လုပ် ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မအူပင်မြို့နယ် ပင်စင်စာ သက်ကြီးရွယ်အိုများအား သက်သာသောဈေးဖြင့် စားအုန်းဆီ၊ ဆန်နှင့် ကြက်၌များ ရောင်းချပေးလျက်ရှိ

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အငြိမ်းစား သက်ကြီးရွယ်အိုများကို မြို့နယ် အရံမီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် မြန်မာစီးပွား‌ရေးဘဏ်မှ ပင်စင်လာထုတ်သူ ဘိုးဘွား ၂၅၀ ဦးအား မြိုန့ယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးကြပ်၍ ၂၆-၉-၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကြက်ခြံမွေးမြူရေးလုပ်ငန်းရှင်များစီစဉ်မှုဖြင့် ရောင်းချပေးကြောင်း သိရသည်။

           ရောင်းချပေးရာတွင် စားအုန်းဆီ ၁ပိဿာ ၇၀၂၀ကျပ်၊ ဆန် ၁ပြည် ၃၀၀၀ကျပ်၊ ကြက်ဥ ၁လုံး ၃၅၀ကျပ်ဖြင့် ဆီပိဿာချိန် ၃၀၀၊ ဆန် ၅အိတ်၊ ကြက်၌ ၁၅၀၀လုံးကို မြန်မာစီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများ သက်သာသောဈေးဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးကို စီစဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ငရုပ်သီးခြောက်နှင့် ငရုတ်သီးမှုန့်ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးစိမ်း၊ ငရုပ်သီး ခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် မီးဖိုချောင်သုံးပစ္စည်းတို့ကို ကန့်ဘလူဒေသ ထွက်နှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ငရုပ်သီး ခြောက်ဈေးနှုန်းများမှာ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၄၅၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု) တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်၊ ငရုပ်သီးမှုန့်(၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ် အတွင်း ငရုတ်သီးခြောက် (၁)ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကုန်မျိုးစုံ ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း