နွားထိုးကြီးမြို့၊ဆောင်းမြေပဲစိုက်ပျိုးထားရှိမှုနှင့် တစ်ဧကကုန်ကျစရိတ်

Powered by Drupal

     နွားထိုးကြီးမြို့နယ်သည် ဆည်ရေ‌သောက်အသင့်အတင့်ရှိ၍ ဆောင်းသီးနှံများကိုလည်း စိုက်ပျိုးလျှက်ရှိသည်။ ဆောင်းမြေပဲ သီးနှံကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။  ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ်၌ ဆောင်းမြေပဲသီးနှံကို လျားထားဧက (၆၃၇၄)ဧက၌  စိုက်ပျိုးပြီးဧက(၁၇၁၂၄) ဧကစိုက်ပျိုးထားရှိ၍ စိုက်ပျိုးရန်ကျန်ရှိသောဧကများ လျာထားချက်ထက်(၁၀၇၅၀)ဧက ကျော်လွန်အောင် စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ဆောင်းမြေပဲစိုက်ပျိုးထားရှိသော ကျေးရွာများ မှာ မျက်ရှုရွာ၊ လျော်ဖြူရွာ၊ နနွင်းတော်ဘိုးရွာ၊ ဘုံသာရွာနှင့် မင်းရွာတို့တွင် စိုက်ပျိုး ထားရှိကြောင်း၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးများကို စိုက်ပျိုးထားကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၇၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅၀)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ် ချိန်၌ မြေပဲဆံတစ်တင်းလျှင်(၁၁၃၅၀၀) ကျပ်ခန့်ရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်ဆောင်းမြေပဲများ ရာသီဥတုကောင်းမွန်သောကြောင့် ပျိုးပင်များဖြစ်ထွန်းသဖြင့် မြေပဲများအထွက်နှုန်း ကောင်းနိုင် ကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းပါက တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း  မြေပဲစိုက်တောင်သူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

DOCA(မန္တလေး)