ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၏ ဆန်လှော်မရွှေး နှင့် ပေါက်ပေါက်ဆုတ် ဈေးနှုန်း

      ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိုလည်း သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော မြန်မာမုန့်ဖြစ်ပြီး ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေ‌သော ဆန်လှော် မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ပေါက်ပေါက်ဆုတ် ဈေးနှုန်းအနေဖြင့် ပေါက်ပေါက်ဆုတ် တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်မျိုးစုံ ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်နိင်တစ်ပိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုး သည့် အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

      ၂၀၂ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီး ဈေးနှုန်း အနေဖြင့် ဖီးကြမ်းငှက်ပျောသီး အကြီး တစ်ဖီးလျှင်(၂၀၀၀)ကျပ်၊ အသေး တစ်ဖီးလျှင်(၁၅၀၀)ကျပ်၊ ဝက်မလွတ် (ဘရာဇီး)ငှက်ပျော အကြီး တဖီးလျှင်(၃၀၀၀)ကျပ်၊ အသေး တဖီးလျှင်(၂၅၀၀)ကျပ်၊ ကသည်းငှက်ပျော (ခေါ်)ရခိုင် ငှက်ပျောသီး  အကြီးတစ်ဖီးလျှင် (၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော ရိုးရိုး အကြီး တစ်ဖီးလျှင် (၂၅၀၀)ကျပ် နှင့် အသေး တစ်ဖီးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီး ဈေးနှုန်း အနေဖြင့် ဖီးကြမ်းငှက်ပျောသီး အကြီးတစ်ဖီးလျှင်(၃၀၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး အသေးတစ်ဖီးလျှင်(၂၀၀၀)ကျပ်၊ ဝက်မလွတ် (ဘရာဇီး)ငှက်ပျော အကြီးတဖီးလျှင်(၃၅၀၀)ကျပ်၊ အသေးတဖီးလျှင်(၃၀၀၀)ကျပ်၊ ကသည်းငှက်ပျော (ခေါ်)ရခိုင် ငှက်ပျောသီး  အကြီးတစ်ဖီးလျှင်(၂၅၀၀)ကျပ်၊ အသေး တစ်ဖီးလျှင်(၂၀၀၀)ကျပ် ဝက်မလွတ် ငှက်ပျောရိုးရိုး အကြီးတစ်ဖီးလျှင်(၂၅၀၀)ကျပ် နှင့် အသေး တစ်ဖီးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်ထက် ဖီးကြမ်းငှက်ပျော၊ ဝက်မလွတ်(ဘရာဇီး)နှင့် ကသည်းငှက်ပျောသီး ဈေးအနည်းငယ် မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ပေါ်ရှိ ရပ်ကွက်ဈေးများတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ငရုတ်သီးခြောက် ဈေးနှုန်း

        ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင်(၁၁၀၀၀) ကျပ်၊ ငရုတ်သီးခြောက်(အရှည်) လက်လီတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် ငရုတ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခု ဩဂုတ်လ ဒုတိယပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင် ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုတ်သီးခြောက် ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ် ၊ ငရုတ်သီးခြောက်(အရှည်)လက်လီ တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျင်(၁၅၀၀)ကျပ် နှင့် ငရုတ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် ငရုတ်သီးခြောက်ဈေး အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူ/နီ နှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

တစ်ပတ်အတွင်း ဈေးမြင့်တက်လာသော ကြက်ဥ၊ ငုံးဥ နှင့် ဘဲဥ ဈေးနှုန်း

      ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါး၊ ဥမျိုးစုံနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ များကို မိမိတို့ဒေသထွက် ကြက်ခြံ၊ ဘဲခြံများ နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ အကြီး(၁)လုံးလျှင်(၅၂၀)ကျပ်၊ ကြက်ဥ အသေး (၁)လုံးလျှင်(၄၅၀)ကျပ် နှင့် ဘဲဥ(၁)လုံးလျှင်(၇၀၀)ကျပ် နှင့် ငုံးဥ(၁)လုံးလျှင်(၁၀၀)ကျပ် ငုံးဥ(၁၀)လုံး လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ ဒုတိယပတ် ကျွန်းလှမြို့ ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ကြက်ဥ၊ ဘဲဥ နှင့် ငုံးဥ ဈေးနှုန်းများမှာ ကြက်ဥ အကြီး (၁)လုံး လျှင်(၆၅၀/၆၈၀)ကျပ်၊ အသေး(၁)လုံးလျှင်(၅၅၀/၆၀၀)ကျပ် နှင့် ဘဲဥ(၁)လုံးလျှင် (၇၅၀)ကျပ် နှင့် ငုံးဥ(၁)လုံးလျှင်(၁၁၀)ကျပ် ငုံးဥ(၁၀)လုံးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ကားလမ်းများ ခေတ္တ ပိတ်ဆို့နေသည့်အတွက် ယခင်အပတ်ထက် ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရပါ သည်။

DOCA(စစ်ကိုင်း)

လက်ဖက်အစားထိုး ကြက်တက်ရွက်ပြုတ်

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိုးဦးကျစတွင် စတင်ပေါက်ရောက်လေ့ရှိသော ကြက်တက် ရွက်များကို ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လက်ဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါသည်။  

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ်  ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက် ပြုတ် ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀) ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း မိုးဖြိုင်ဖြိုင်ရွာသွန်း သည့်အတွက် ကြက်တက်ရွက်များ လှိုင်လှိုင်ထွက်ရှိပြီး ယခင် အပတ်ထက် ကြက်တက်ရွက် ဈေးနှုန်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ကျဆင်းပြီး  အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးအနည်းငယ်မြင့်တက်လာသော ကျောက်သခွားမွှေးသီး နှင့် စပျစ်သီး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီး မျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ကျောက်သခွားမွှေး သီး ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၆၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၄၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ (၃၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၉၀၀၀)ကျပ်၊ စပျစ်သီး အလုံးသေး တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ထက် စပျစ်သီး အလုံးကြီး/အလုံးသေး ဈေးနှုန်းများမှာ ကားအဝင်အထွက်နည်းသည့်အတွက် ဈေးနှုန်း အနည်းငယ် မြင့်တက်လာကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ကျောက်ဖရုံယို နှင့် ချစ်တီးမုန့် ဈေးနှုန်း

      ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံယိုများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံယို တစ်ပိဿာ လျှင်(၁၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၃၃၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် လည်းကောင်း ချစ်တီးမုန့် ဈေးနှုန်းအနေဖြင့် ချစ်တီးမုန့် တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀) ကျပ်သား လျှင်(၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း  ယခင် အပတ်ထက် ကျောက်ဖရုံယို ဈေးနှုန်း အနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များ ထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော အာလူး နှင့် ဂျင်း(ချင်း) ဈေးနှုန်း

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူးသီး နှင့် ဂျင်း(ချင်း)တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေ သော အာလူးသီးဈေးနှုန်း အနေဖြင့် အားလူးသီးအလုံးကြီး(၁)ပိဿာလျှင်(၅၅၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ အာလူးသီး အလုံးသေး(၁)ပိဿာလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ ဂျင်း(ချင်း)တက်(၁)ပိဿာလျှင်(၆၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချကြောင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများတွင်  ကြက်သွန်ဖြူ/ နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ် လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

      အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၆)ရက်နေ့မှ ဩဂုတ် လ(၁၂)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်(ပိဿာ)ကျပ် 20၀၀ မှ 26၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 8၀၀ မှ 15၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 15၀၀ မှ 25၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 40၀၀ မှ 45၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 100၀၀ မှ 150၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 40၀၀ မှ 60၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 600၀ မှ 70၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် 50၀၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 100၀၀ မှ 110၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် 25၀၀ မှ 30၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 20၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 10၀၀ မှ 15၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1654450)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (50150) ကျော်၊ ဗူးသီးအလုံးပေါင်း (24245)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(13550)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (174600)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (87200)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း (18325) ကျော်၊ ဖရဲသီးလုံးပေါင်း(29041)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

ကြည့်မြင်တိုင်မြို့နယ် ဗားကရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

     စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းသို့ ၁၂.၈.၂၀၂၅ ရက်နေ့ တွင်  MT RM-2 သင်္ဘောဖြင့် ROS ဆီကန်သို့  3400 MT ၊  DD ဆီကန်သို့ 1600 MT၊ စုစုပေါင်း တန်ချိန်(5000) ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း