ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့ငါးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော ငါးကြင်းခုတ်သား(၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ အကောင်(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ် ငါးကြင်း သားသည် နူညံ့ပြီးအသားချိုခြင်း၊ အရိုးပါဝင်မှုနည်းခြင်း ၊ ငါးကြင်းခေါင်းကို ဟင်းအဖြစ်သီးခြားချက် စားနိုင်သည့်အတွက် စားသောက်ဆိုင်များတွင် အသုံးများသောငါးမျိုးဖြစ်ကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ငါးမြင်းအကောင်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်နှင့် ငါးတန်အကောင်(၁)ပိဿာ လျှင် (၂၃၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငါးများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ခုနှစ် ဩဂုတ်လ ပထမပတ်၏ သီးနှံဈေးနှုန်း၊ ဈေးကွက် နှင့် စီးဆင်းမှု အခြေအနေ

  ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာ လျှင်(၁၄၇၅-၁၄၈၀)ကျပ်ဖြင့်ဝယ်လက်ကောင်းလာသဖြင့်ဈေးအနည်းငယ်တက်လာပြီး ကုန်လက် ကျန်နည်းပါးမှုကြောင့် စီးဆင်းမှုမှာ လျော့နည်းနေပါသည်။

          ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁- ၄၅၀၀ကျပ်၊ ထူး ၂- ၅၅၀၀ကျပ်၊ ထူး ၃-၆၀၀၀ ကျပ်၊ ထူး ၄-၇၅၀၀ကျပ်၊ ထူး ၅-၈၀၀၀ကျပ်၊ ထူးလွန်-၈၅၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၀၀၀၀ကျပ်ဈေးရှိနေကြပြီး အရည်အသွေးကောင်းသဖြင့် ဈေးတက်လာပြီး ဈေးကွက်အဝင်နည်းမှုကြောင့် စီး ဆင်းမှုမှာ ပုံမှန်ဖြစ်နေပါသည်။

          အာလူးသီးနှံမှာ တစ်ပိဿာလျှင် မျက်နီ- ၄၅၀၀ကျပ်၊ OK- ၃၅၀၀ကျပ်၊ ဆွဲသီး- ၃၀၀၀ကျပ်၊ ဂေါ်လီဆိုဒ်-၂၀၀၀ကျပ်၊ မားကီး S2-S1မှာ ၄၈၀၀ကျပ် ဈေးပေါက်နေကြပြီး ဈေးကွက်အဝင်များ ရန် ကုန်၊ ကျောက်ပန်းတောင်းဒေသများမှ ဝယ်လက်ကောင်းသဖြင့် စီးဆင်းမှုမှာ များနေပါသည်။

          ချင်းသီးနှံမှာ ချင်းဥမအကြီးတစ်ပိဿာလျှင်(၁၅၀၀-၁၇၀၀)ကျပ် နှင့် ဥမအလတ်မှာ (၈၀၀-၁၀၀၀)ကျပ်ဖြင့် ဈေးကွက်အဝင်များ ဈေးငြိမ်လျက်ရှိပြီး ရန်ကုန်၊ ပျော်ဘွယ်ဒေသများသို့ တင်ပို့မှုများ သဖြင့် စီးဆင်းမှုမှာအနည်းငယ်ပိုလာပါသည်။

          ကုန်စိမ်းသီးနှံများတွင် ဂေါ်ဖီ(၈၀၀-၁၀၀၀)ကျပ်၊ ပန်းမုံလာ(၁၇၀၀-၂၂၀၀)ကျပ်၊ ရွှေပဲ (၁၆၀၀၀-၁၈၀၀၀)ကျပ်၊ မုန်ညှင်း(၃၅၀၀-၃၇၀၀)ကျပ်၊ ဖရုံသီး (၁၃၀၀-၁၅၀၀)ကျပ်၊ ခရမ်းသီး (၂၅၀၀-၂၈၀၀)ကျပ်၊ ခရမ်းချဉ်သီး (၁၃၀၀-၂၀၀၀)ကျပ်၊ ငရုတ်ပွ (၆၀၀၀-၆၅၀၀)ကျပ်၊ မုန်လာဥနီ (၃၀၀၀-၃၅၀၀)ကျပ်၊ ဘိုစား (၄၀၀၀-၄၅၀၀)ကျပ် အသီးသီးဈေးရှိနေကြပြီး ကုန်စိမ်းသီးနှံများမှာ  ဒေသစုံမှ ဝယ်လက်ကောင်းသဖြင့် ဈေးမြင့်တက်နေပြီး ရွှေပဲသီးနှံ နှင့် ငရုတ်ပွမှာ ဈေးကွက်အဝင် နည်းမှုကြောင့် ဈေးသိသိသာသာတက်လာကာ စီးဆင်းမှုမှာ အနည်းငယ်ပိုလာပါကြောင်း လေ့လာ သိရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့မဈေးတွင်  ရောင်းချလျက်ရှိသော ရာသီစာငှက်စွပ်မှိုနှင့် တောမှို

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင်  စိုက်ပျိုးထုတ်လုပ်ရောင်း ချသော စိုက်ပျိုးရေးမှို၊ ကောက်ရိုးမှိုစသော မှိုများနည်းတူ သဘာဝငှက်စွပ်မှိုများ ရောင်းချလျက် ရှိကြောင်း ငှက်စွပ်မှိုသည် နေရာတိုင်းတွင် ပေါက်လေ့မရှိ မြေဆွေးနှင့် မြေဆီဩဇာကောင်းသည့် နေရာများ၌ပေါက်လေ့ရှိကြောင်း၊ ယခုလအတွင်း မိုးရွာသွန်းမှုများသောကြောင့် တောမှိုများလှိုင်လှိုင် ထွက်ရှိနေကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ငှက်စွပ်မှို(၁၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၂၀၀၀၀မှ ၂၅၀၀၀)ကျပ်အထိ ဈေးကောင်း ရရှိနေကြောင်း၊ ငှက်စွပ်မှိုသည် ဈေးကြီးသော်လည်း အခြားမှိုများနှင့် အရသာပိုမိုကောင်းမွန် ကြောင်း၊ တောမှို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၁)ပိဿာ(၁၀၀၀၀မှ ၁၂၀၀၀)ကျပ်ဖြင့် ရောင်းချ ရကြောင်း၊ ကန့်ဘလူမြို့မဈေးရှိ မှိုရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

                                                         

ကန့်ဘလူမြို့နယ်၌ နေ့စဉ်မိသားစုဝင်ငွေရရှိနေသည့် ငရုတ်သီးစိုက်ပျိုးရေးလုပ်ငန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ရာသီပေါ်သီးနှံများကို မိသားစု တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ကန့်ဘလူမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးလှအောင်၏ ငရုတ်စိုက်ခင်းသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

          လုပ်ငန်းရှင်၏ ပြောပြချက်အရ ငရုတ်စိုက်ပျိုးနိုင်ရန်အတွက် ဦးစွာငရုတ်ပျိုးပင်များကို မိမိကိုယ်တိုင် အိမ်မှာပျိုးထောင်းကြောင်း၊ အရန်သင့်စိုက်ပျိုးနိုင်ရန်အတွက် မြေဆွေးထည့်ကာ မြေပြုခြင်းကို ကြိုတင်ဆောင်ရွက်ထားရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မရှိမဖြစ်အရေးကြီးသည့် ရေကိုအဝီစိတွင်းမှ အသုံးပြုကြောင်း၊ ယခုစိုက်ပျိုးထားသည့် ငရုတ်မျိုးမှာ အောက်ဆွဲငရုတ်မျိုးနှင့် မိုးထောင်ငရုတ် မျိုးတို့ဖြစ်ကြောင်း၊ ငရုတ်သီးသည် စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)ခန့်အကြာ တွင်အသီးများကို စတင်ခူးဆွတ်ရကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ငရုတ်သီးစိမ်း လက်က္ကား (၁)ပိဿာလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်နှင့် လက်လီ(၁)ပိဿာလျှင် (၄၃၀၀)ကျပ်နှင့် (၅၀)ကျပ်သား လျှင်(၂၂၀၀)ကျပ်တို့ဖြင့် ရောင်းချရသည့်အတွက် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုး အမြတ်များရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ဂေါ်ရခါးသီးနှင့် သခွားသီးများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများ နှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အကူရစေရန် မိမိတို့ တတ်ကျွမ်းသည့်အလုပ်နှင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ဒေသထွက်သီးနှံများအပြင် ဂေါ်ရခါး သီးများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင်(၆၀၀)ကျပ်၊  အလတ်(၁)လုံးလျှင်(၄၅၀)နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)၊ အသေးတစ်လုံးလျှင်(၂၀၀မှ ၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဂေါ်ရခါးသီးနှင့် သခွားသီးတို့ကို ထမင်းဆိုင်များနှင့် စားသုံးသူများ ကဝယ်ယူလျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်များထံမှ သိရှိရသည်။  

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ တစ်နိုင်တစ်ပိုင် ခရမ်းစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် တောင်သူများအနေဖြင့် ဆန်စပါး အပြင် နေ့စဉ်မိသားစုဝင်ငွေရရှိရေး စားဖိုဆောင်သီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိရာ ကန့်ဘလူ မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီးပင်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ခူးဆွတ် ရောင်းချပြီး ဈေးကောင်းရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

    ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး ပျိုးသက် (၁)လသားအရွယ်တွင် မြေပြင်ထားသော စိုက်ခင်းထဲကို ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ ရေသွင်းရေထုတ် လွယ်ကူစေရန် အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၄-၅)ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ် စေရန်ရေသွင်းပေးရကြောင်း လိုအပ်တဲ့အချိန်တွင် အာမိုမြေဩဇာ၊ အပင်အားတိုးဆေးနှင့် ပိုးသတ် ဆေးများဖျန်းပေးရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ်ရောင်းချရကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး တွင် ခရမ်းသီး(၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင်  (၃၀၀၀မှ ၃၅၀၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း၊ ယခုပတ်အတွင်း ခရမ်းသီးဈေးမြင့်တက်လာ၍ ပိုမိုဆင်ပြေလျက်ရှိ ကြောင်း၊ တစ်နိုင်တစ်ပိုင် ခရမ်းအပင်စိုက်ပျိုးထားသည့်  ဦးလှအောင်၏ ပြောပြချက်အရ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ  ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက် များအပြင် ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်တို့ ရောင်းချလျှက်ရှိကြောင်း သိရသည်။ ကြက်တက်ရွက်ကို  မိုးဦးကျစအချိန် ရွက်ဟောင်ကြွေပြီး ရွက်နုထွက်ချိန်တွင် ခူဆွတ်ကာ ရေနွေးနှင့်ပြုတ် ၍ လဖက်ကဲ့သို့သုတ်စားလာကြသည်မှာ ယနေ့ထိပင်ဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၆၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၃၀၀)ကျပ်နှင့် (၁၀)ကျပ်သား လျှင်(၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ ကြက်မောက်ဖြူရွက် ပြုတ်တစ်လုံးလျှင်(၅၀၀)ကျပ်၊ ()လုံးလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခုပတ်အတွင်း ကြက်တရွက်ပြုတ်()ပိဿာလျှင် (၅၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကြက်တက်ရွက်ကို လဖက်မကြိုက်သူများက စားသုံးကြသလို၊ လဖက်နှင့်ရောနှော၍လည်း စားသုံးကြကြောင်း၊ ကြက်မောက်ဖြူရွက်ပြုတ်ကို ငပိရည်နှင့်တို့စားကြသလို၊ မြေပဲလှော်ထောင်းနှင့် သုပ်စားခြင်းစသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                  

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကန်ဇွန်းဥဈေးနှုန်းကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် အိမ်ခြံဝင်းများနှင့် မိမိယာ ကွက်များတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော  ကန်ဇွန်းဥဈေးနှုန်းမှာ လက္ကားဈေး(၁)ပိဿာလျှင်(၂၃၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၂၄၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၆၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိကြောင်း၊  ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကန်စွန်းဥ(၁)ပိဿာလျှင် (၂၀၀)ကျပ်ကျဆင်းသွားကြောင်း၊ ကန်စွန်းဥစာသုံးခြင်းဖြင့်  ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေခြင်းကြောင့် ကန်စွန်းဥကို အစိမ်းစားတာ၊ ပြုတ်စားတာနှင့် ကန်စွန်းဥပူတင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း၊ ကန်စွန်းဥရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

 ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ရွှေဘိုမြို့နှင့် ရေဦးမြို့တို့မှမှာယူ ရောင်းချလ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ “မြို့မဈေး”နှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်းအနေဖြင့် ပဲငပိအစိုလက္ကား တစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊  ပဲငပိအစိုလက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ရေဦးပဲငပိခြောက်(အငံ) တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၆၀၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုချိန်ခါသည် လုပ်ငန်းခွင်ရာသီဖြစ်သောကြောင့် ပဲငပိခြောက်များ ပိုမို အရောင်းသွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

                  

ကန့်ဘလူမြို့မဈေးရှိ တီလားဗီးယားငါး၊ ငါးဘတ်နှင့် ငါးရံ့ဈေးနှုန်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော တီလားဗီးယားငါးအကြီး(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊  အသေး(၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးဘတ်အကောင် (၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ဩဂုတ်လ ဒုတိယပတ်အတွင်း ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း တီလားဗီးယားငါး(၁)ပိဿာလျှင် (၃၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ငါးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်အတွက်  အာဟာရဓာတ်များကို ရရှိစေသည့်အတွက် စားသုံးမှုများ ကြောင်း ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                                         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း