ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်းဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက် ရှိရာမှ အသားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက် ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

      ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာ ငါးဒိုင်တွင် ရောင်းချလျက်ရှိသော ငါးဖန့်ဝိုင်း ဈေးနှုန်းအနေဖြင် တစ်ပိဿာလျှင်(၁၅၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သည့် ငါးဒိုင်ပိုင်ရှင်ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)

ဘားအံမြို့ရေပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းခြေအနေ

   ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေး၌ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဒေသထွက် နှင့်အခြားဒေသထွက် ကုန်စိမ်းသီးနှံများ ဝင်ရောက်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ခရမ်းသီးတစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ခရမ်းချည်သီး တစ်ပိဿာလျှင်       ( ၃၀၀၀ ) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၄၀၀၀) ကျပ်၊  လွှတ်တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ငရုတ်ပွ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် ( ၃၀၀၀ ) ကျပ်၊ ပဲထောင့်ရှည်သီး တစ်ပိဿာအစည်း ( ၆၀၀၀ )ကျပ်၊ ငရုတ်စိမ်းထောင့်ရှည် တစ်ပိဿာလျှင် ( ၆၀၀၀ ) ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင်( ၂၅၀ )ကျပ်၊ ကင်ပွန်းချည်ရွက် တစ်စည်းလျှင် ( ၅၀၀ )ကျပ်၊ ချည်ပေါင်ရွက်(၃)စည်းလျှင် ( ၁၀၀၀ ) ကျပ်၊ ပူစီနံ တစ်စည်းလျှင် ( ၇၀၀ ) ကျပ်၊ နံနံပင် တစ်စည်းလျှင် ( ၁၀၀၀ ) ကျပ်၊ ဝါးမြစ်ပြုတ် တစ်ပိဿာလျှင် ( ၈၀၀၀ ) ကျပ် တို့ဖြစ် အရောင်း အဝယ် သွက်လျက်ရှိကြောင်း သိရသည်။

  ကရင်ပြည်နယ်ဒေသအတွင်း ယခုလိုကုန်စိမ်းသီးနှံဈေးနှုန်း အနည်းငယ်တက်ရခြင်းမှာ မိုးရာသီးကုန်ချိန်နှင့်ဆောင်းရာသီးအစပ်ကာလဖြစ်၍ စိုက်ခင်းမှသီးနှံများ အထွက်နှုန်းနည်းပလာခြင်း၊ သယ်ယူစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရသည်။

DOCA(  ကရင်)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခါကြက်ဥ နှင့် မုန့်ညှင်ထုတ်ဈေးနှုန်း

        ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိပြီး ကင်မုံသီး၊ ကြက်ဟင်းခါးသီး နှင့်  ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ဈေးကွက်သို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ စတုတ္ထအပတ်၌ ရောင်းချနေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်ဥ)တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း  မုံညှင်း ထုတ် ဈေးနှုန်းအနေဖြင့် မုံညှင်းထုတ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကယားပြည်နယ် စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်နေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရီမင်္ဂလာ ဈေးတွင် ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ လျှင် (၆၅၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၂၇၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင်(၅၅၀၀)ကျပ်၊ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ငရုပ်သီးခြောက်(အပု) တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၄၀၀)ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၁၀၀၀)ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်(၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ လျှင်(၂၅၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင်(၅၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင်(၁၂၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါ သည်။

   ယခင်တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် ငရုတ်သီးခြောက် (အရှည်) တစ်ပိဿာ လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတက်သွားပြီး ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ တည်ငြိမ်နေ ကြောင်း သိရှိရပြီး၊ ဈေးနှုန်းတက်သွားရခြင်းမှာလည်း ဝယ်ယူရောင်းချရသည့် အရင်းဈေးနှုန်း နှင့် သယ်ယူစရိတ်များကြောင့် တက်သွားရခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။

DOCA(ကယား)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး ဈေးနှုန်း

      ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

         ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ကျွန်းလှဒေသထွက်ခရမ်းချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၃၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၅၀၀) ကျပ်၊ ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီး(အင်းသီး)တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၉၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး နည်းအငယ်မြင့် တက်နေကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ပေါ်ဦးပေါဖျား ခေါဆီ၊ ခေါ့ပုတ်(ခေါ်)ကောက်ညှင်းပြား ဈေးနှုန်း

    ကျွန်းလှမြို့နယ်ရှိ ရပ်ကွက်ဈေးများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ခေါဆီ(ခေါ်) ကောက် ညှင်းပြားများကို  ဆောင်ဝင်ခါနီ စက်တင်ဘာ၊ အောက်တိုဘာလများတွင် စတင်ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

          ကောက်ညှင်းပြားကို ပြုလုပ်ရန် ကောက်ညှင်းဆန်ကို ကျောက်ခဲ၊ သလဲများအပါအောင် ရွေးချယ် သန့်စင်ပြီး ကောက်ညှင်းဆန်ကိုရေဆေးပြီး အချိန်အတန်ကြာအောင်ရေစိမ်ထားရပါကြောင်း၊ ရေစိမ်၍ ရသော ကောက်ညှင်းဆန်များကို ပေါင်းအိုဖြင့်ပေါင်းပြီး ပေါက်ဆိန်၊ ပေါက်တူး၊ မောင်းတို့ဖြင့်ထည့်၍ ထုထောင်းပြီး အိစက်ညက်ညောသည့် အနေအထားရောက်မှ နှမ်းထောင်း /ဆီတို့ကိုသုံးပြီး ကောက်ညှင်းပြားများ ပြား၍ ငှက်ပျောဖက်/ပလပ်စတစ်အိတ်အကြည်ပေါ်တွင် အအေးခံပြီးလျှင် စားသုံးရသည့် ကောက်ညှင်းပြား များရရှိပြီး  ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ခေါဆီ(ခေါ်) ကောက်ညှင်းပြားဈေးနှုန်းအနေဖြင့် ခေါဆီ(ခေါ်)ကောက်ညှင်းပြား တစ်ခုလျှင် (၁၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကြက်သွန်နီ/ဖြူ ဈေးနှုန်း

     ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက်နှင့်  ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်  မြစ်သားမြို့တို့မှ တဆင့်  မှာယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါ သည်။

      ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းများမှာ ဗမာ ကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အသေးစ တစ်ပိဿာလျှင်(၇၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့်  (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

DOCA (စစ်ကိုင်း)

ကန်ဇွန်းရွက်နှင့် ဂွေးတောက်ရွက်ဈေးနှုန်း

       ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

          စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချနေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက်  တစ်စီးလျှင်(၁၀၀)ကျပ်၊ (၃)စီးလျှင်(၂၀၀)ကျပ် တို့ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက် ဈေးနှုန်းမှာ လက္ကား()ပိဿာလျှင်(၁၈၀၀)ကျပ်၊လက်လီ()ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရသည်။

DOCA (စစ်ကိုင်း)

ကင်ပွန်းရွက်နှင့် ချဉ်ပေါင်ရွက်ဈေးနှုန်း

     ကျွန်းလှကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိ ကြောင်း သိရသည်။

          စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချနေသော ကင်ပွန်းချဉ်ရွက် ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၂၅၀)ကျပ်၊ (၂)စီးလျှင် (၅၀၀)ကျပ် နှင့် (၁၀)စီးတစ်ထုံးလျှင်(၂၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊  ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်()ပိဿာလျှင်(၁၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင်(၆၀၀)ကျပ် နှင့် (၂၅)သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဈေးနှုန်း(၂၀၀) ကျပ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

သီတင်းကျွတ်အခါသမယ အရောင်းအဝယ်သွက်နေနဲ့ မုန့်မျိုးစုံနှင့် မုန့်ခြင်းဈေးကွက်

    မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်ပြီး သက်ကြီးရွယ်အို အဘိုး အဘွားများ၊ မိဘ၊ ဆရာသမားများအား သားသမီး၊ မြေး၊ မြစ်များနှင့် တပည့်တပန်းများက စုပေါင်း ၍ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ ပူဇော်ကန်တော့ကြပါသည်။ မိဘဘိုးဘွား၊ ဆရာသမားများ ထံတွင် အပြစ်ရှိသမျှတို့ကို သည်းခံခွင့်လွှတ်၊ ကျေအေးနားလည်ပေးပါရန်နှင့် လေးစားသမှုဖြင့် ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးသည့် မင်္ဂလာရှိသော နေ့ကောင်းရက်မြတ်ဖြစ်ပါသည်။ ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘ၊ ဆရာသမားများ၊ သက်ကြီးဝါကြီးများကို သီတင်းကျွတ် ကန်တော့ဖို့အတွက် မုန့်ခြင်းနှင့် ကန်တော့်ချင်သူတွေအတွက် ကန်တော့ခြင်းတွေအနေနဲ့ ပါဝင်တဲ့ မုန့်အမျိုးအစားနှင့် အရေအတွက်ပေါ်မူတည်ပြီး အနည်းဆုံး ကျပ် (၂၀၀၀၀) ကနေ ကျပ် (၁) သိန်းကျော်အထိရှိပြီး တန်ဖိုးမြင့်ခြင်းတွေက အရောင်းပါးပြီး ၊ ဈေးနှုန်းအသင့်အတင့်ရှိသော မုန့်ခြင်း များမှာ အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။ မုန့်စုံပုံးမျိုးစုံက ဈေးနှုန်းမျိုးစုံရှိပြီး အနည်းဆုံးကျပ် (၃၀၀၀၀)ကနေ ကျပ် (၁၀၀၀၀၀)အထိရှိပြီး ကိတ်မျိုးစုံကန်တော့ချင်များအတွက် ဈေးနှုန်း ကျပ် (၅၀၀၀) ကနေ ကျပ် (၅၀၀၀၀) အထိရှိပြီး အခြားသော မုန့်မျိုးစုံဖြင့် ကန်တော့သူ များအတွက်လည်း မြန်မာ့မုန့်မျိုးစုံနှင့် နိုင်ငံခြားမုန့်မျိုးစုံရောင်းချသည့် အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း