ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

           ဆီထွက်သီးနှံဖြစ်သည့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်သီးနှံ တစ်မယ်ဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့တွင် နှမ်းသီးနှံကို နွေနှမ်း၊ မိုးနှမ်းနှင့် ဆောင်းနှမ်း (မိုးနှောင်းနှမ်း) အဖြစ် စိ

27 Jan 2025

မန္တလေးတိုင်းဒေသကြီးသည် လယ်မြေထက်ယာမြေများ ပိုမိုများပြားသော တိုင်းဒေသကြီး ဖြစ်သဖြင့် ယာမြေပေါ်တွင်စိုက်ပျိုးထွက်ရှိသော ပဲမျိုးစုံကို အဓိကထားစိုက်ပျိုးလျက် ရှိပါသည်။ ပဲမျိုးစုံကို နွားထိုးကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မလှိုင်၊ တောင်သာ၊ ရမည်းသင်း နှင့်ပျော်ဘွယ်မြို့နယ်များတွင် အများအပြား စိုက်ပျိုးလျက် ရှိပါသည်။ ယခုအချိန် အခါတွင်ဆောင်သီးနှံများဖြစ်သည့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံနီ၊ ကုလားပဲနှင့် ပဲပုတ် သီးနှံ အသစ်များ  ဈေးကွက်သို့ စတင်ဝင်ရောက

27 Jan 2025

          ဥရောပသမဂ္ဂ (EU) ၏ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ညွှန်ကြားချက် (RED II) ၌ ပါရှိသော ဖော်ပြချက်အချို့သည် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီ တင်ပို့မှုအပေါ် တရားမျှတမှုမရှိပဲ ခွဲခြားဆက်ဆံခြင်း ပြုရာရောက်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က စီရင်ဆုံးဖြတ်ခဲ့ပြီး နောက် ၎င်း၏ ဇီဝလောင်စာမူဝါဒများကို ပြန်လည်ပြင်ဆင်ရန် စီစဉ်နေသည်ဟု EU က ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။

27 Jan 2025

          ကမ္ဘောဒီးယား တော်ဝင်အစိုးရအနေဖြင့် စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်နိုင်ခြင်းမရှိဟု ဝေဖန်ပြောဆိုမှုများအပေါ် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး Dith Tina က ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပြတ်သားစွာ ပယ်ချခဲ့ပြီး ဗီယက်နမ်သို့ တင်ပို့လေ့ရှိသော OM ဆန်အမျိုးအစားများ၏ ဈေးနှုန်းကျဆင်းမှုသည် ပြင်ပသက်ရောက်မှုများကြောင့်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

27 Jan 2025

          စားအုန်းဆီ အများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားသည် စားအုန်းဆီကို အချိုးကျရောနှော အသုံးပြုသည့် ဇီဝဒီဇယ်အသုံးပြုမှုအား မြှင့်တင်ထားသောကြောင့် မလေးရှားစားအုန်း ဆီကြမ်း (CPO) ၏ အနာဂတ် အလားအလာမှာ ၂၀၂၅ ခုနှစ်တွင် ပျမ်းမျှအားဖြင့် ဈေးနှုန်း ပိုမိုမြင့်တက်လာ မည်ဟု စစ်တမ်းကောက်ယူမှုအရ မျှော်လင့်ရကြောင်း ရိုက်တာသတင်းဌာနက ၂၁-၁-၂၀၂၅ ရက် နေ့တွင် ဖော်ပြထားသည်။

Pages