ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

          အိန္ဒိယနိုင်ငံ၌ ပြည်နယ်များနှင့် အီသနောထုတ်လုပ်သူများထံသို့ အရောင်းမြှင့်တင်ရန်နှင့် စားနပ်ရိက္ခာဖူလုံမှုအစီအမံများကို ပံ့ပိုးကူညီရန်အတွက် ဗဟိုအစိုးရသည် အိန္ဒိယ စားသောက်ကုန် ကော်ပိုရေးရှင်း (FCI) လက်ဝယ်တွင် သိုလှောင်ထားရှိသော အရန်ဆန်များအား ပြင်ပဈေးကွက်သို့ ရောင်းချမှု အစီအစဉ် (Open Market Sale Scheme) အောက်၌ ဆန် ၁ ကွင်တယ် (၁၀၀ ကီလို ဂရမ်) အပေါ် ရူပီး ၅၅၀ လျှော့ချလျက် သီးခြားအနိမ့်ဆုံးဈေးနှုန်းအသစ်ကို ရူပီး ၂၂၅၀ နှုန်း ပြင်ဆင် သတ်မှတ်ခဲ့ကြောင်း သိရသည်။

27 Jan 2025

          ဗီယက်နမ်၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၌ တန်ချိန်  ၉ ဒသမ ၀၄ သန်းဖြင့် စံချိန်တင် မြင့်မားခဲ့ရာမှ ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၇ ဒသမ ၅ သန်းသို့ လျော့ကျမည်ဟု ခန့်မှန်း ထားကြောင်း ဗီယက်နမ် စားသောက်ကုန်လုပ်ငန်းအသင်း ဥက္ကဋ္ဌ Nguyen Ngoc Nam က ပြော ကြားခဲ့သည်။

27 Jan 2025

          ၂၀၂၃ ခုနှစ်၌ စံချိန်တင်ထွက်ရှိသော စပါးတန်ချိန် ၂၀.၄၆ သန်းကို ကျော်လွန်ပြီး ၂၀၂၅ ခုနှစ်တွင် စပါးအထွက်ပမာဏ တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေး အတွင်းဝန်ဖြစ်သူ Francisco Tiu Laurel Jr. ကပြောကြားထားပါသည်။

27 Jan 2025

          အိန္ဒိယပြည်တွင်းဈေးကွက်၌ သကြားဈေးနှုန်းများ ကျဆင်းလျက်ရှိနေချိန်တွင် သကြား စက်ရုံများအနေဖြင့် ပိုမိုကောင်းမွန်သည့် ဈေးနှုန်းများရရှိစေရန်အတွက် ပြည်ပသို့ သကြားတန်ချိန် ၁ သန်း တင်ပို့ရန် အစိုးရက ခွင့်ပြုထားသည်ဟု ကုန်သည်သတင်းအရင်းအမြစ်များအရ သိရှိရပါ သည်။

27 Jan 2025

          ထိုင်းနိုင်ငံထံမှ သကာရည်နှင့် ကြိုတင်ရောစပ်ထားသော သကြားအမှုန့် တင်ပို့မှုများအပေါ် ချမှတ်ထားသော တင်သွင်းမှုပိတ်ပင်ခြင်းအား ရုပ်သိမ်းရန်အတွက် စေ့စပ်ညှိနှိုင်းမှုများ မပြုလုပ်မီ စက်ရုံဒါဇင်များစွာကို စစ်ဆေးရန် တရုတ်အာဏာပိုင်များအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ တောင်းဆို ထားသည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူများက ပြောကြားထားသည်။

Pages