ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

           ပဲပုဇွန်သီး(နွေပဲသီး)ကို လူတိုင်းစားသုံးလေ့ရှိကြပြီး နူးညံ့သောပဲတစ်မျိုးဖြစ်သည်။ ပဲသီးနုနု များကို အရည်သောက် ရေနွေးဖျော၍ပြုတ်စား ကြော်စားလေ့ရှိကြသည်။ အိမ်တွင်တစ်နိုင်တစ်ပိုင် စိုက်ပါကလည်း လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းသည်။ စင်ထောင်၍သော်လည်းကောင်း ခြံစည်းရိုးများ တွင်ကပ်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။

27 Jan 2025

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများ တွင် ၂၀၂၅ခု၊ ဇန်နဝါရီ ပထမပတ်မှစတင်၍ မကျည်းသီးမှည့်များ စတင်ထွက်ရှိနေပြီ ဖြစ်ပါသည်။ မကျည်းသီးမှည့် စတင်ထွက်ရှိချိန် အထွက်နှုန်းနည်းသည့်အတွက် တစ်ကြိမ်ခူးဆွတ်ပါကတစ်တင်း၊ တစ်တင်းခွဲခန့်သာ ထွက်ရှိသေးကြောင်းသိရပါသည်။ ယခုနှစ် မကျည်းသီးမှည့်ပေါ်ချိန်တွင် အခွံပါ တစ်ပိဿာ လက်လီ(၃၅၀၀)ကျပ်၊ ဖြင့် လည်းကောင်း(အခွံမပါ) တစ်ပိဿာ လက်လီ (၅၀၀၀)ကျပ်၊ လက္ကား (၄၅၀၀)ကျပ်၊ (အစေ့မပါ)တစ်ပိဿာ လက်လီ (၉၅၀၀)ကျပ်၊ လက္ကား (၈၅၀၀)ကျပ်ဖြ

27 Jan 2025

          ကြောင်လျှာသီးတွင် အစိမ်းသီးနှင့် အညိုသီးဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အရသာသည် ခါးသက်သက်နှင့် ပူရှိန်းရှိန်းအရသာရှိပါသည်။ ကြောင်လျှာသီးအစိမ်းကို ပါးပါးလှီးပြီး သုတ်စား၍ လည်းကောင်း၊ အချဉ်စိမ်၍ ချဉ်ဖတ်အဖြစ်လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း၊ ကြော်ချက်၍ လည်းကောင်း စားသုံးကြပါသည်။ ကြောင်လျှာသီးသည် ဘက်တီးရီးယားများကို တိုက်ဖျက်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်း၊ ရောင်းရမ်းမှုကိုသက်သာစေခြင်း၊ အသည်းကိုကျန်းမာစေခြင်း၊ ကျောက်ကပ်ကို ကျန်းမာစေခြင်း၊ ဆီးချိုကိုသက်သာစေခြင်း၊

27 Jan 2025

          ပြည်ဈေးကွက်အတွင်း ဆောင်းရာသီ သီးနှံဖြစ်သည့် မုန်လာဥဖြူသီးနှံများ ယခုဇန်နဝါရီလ တတိယပတ်တွင် ဝင်ရောက်မှုရှိလာပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ ပေါ်ဦး ပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်မှာကောင်းလျက်ရှိပြီး ဈေးကွက်သို့ ဆင်မြီးဆွဲ၊ ပုတီးကုန်း၊ ကင်ပွန်းခြုံ၊ မှုတ်ရှည်ရွာများမှ အဝင်ရှိနေပါသည်။ ဝင်ရောက်မှုမှာ တစ်ကြိမ်လျှင် (၅)လုံးပါအစည်း (၅၀-၆၀)ခန့်ဝင်ရောက်မှုရှိနေပြီး ဈေးကွက်အတွင်းရောင်းချသောဈေးနှုန်းမှာ တစ်စည်းလျှင် (၇၀၀-၈၀၀)နှုန်းဖြင့် ဈေးမြင့်နေသော်လည်း ပေါ်ခါစဖြစ

27 Jan 2025

          ပဲတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်)မျိုးဟူ၍ရှိပြီး အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ အတောင့်ရှည်မှာ (၂)ပေကျော်ထိရှိနိုင်ပြီး အရောင် အားဖြင့်အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးကွဲပြားစွာရှိနေပါသည်။ ပဲတောင့်ရှည်ကို မြေအမျိုးမျိုးတွင်စိုက်ပျိုး၍ရသည်။ တိုတောင်းသောရာသီ၌ အချိန်တိုအတွင်းစိုက်ပျိုးလိုပါက သဲဆန် သောမြေတွင် စိုက်ပျိုးကြသည်။ အလွန်ချဥ်သောမြေတွင် ကောင်းစွာမဖြစ်ထွန်းပါ။ စိုက်ပျိုးရန် အကောင်းဆုံးမြေချဥ်ငံဓာ

Pages