ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

          မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ရေချိုငါးများခွက်ရှိသလို မွေးမြေူရေး ငါးများလည်း ရှိ၍ ရန်ကုန်သို့ တင်ပို့လျှက်ရှိသည်။ မအူပင်တွင် တိုးမြစ်ရှိသောကြောင့် ၎င်းမြစ်မှ ငါးသလောက် များ ဖမ်းဆီးရရှိ၍ ရန်ကုန်သို့ ၄လအတွင်း အချိန် ၇၀ပိသာခန့် တင်ပို့ခဲ့ကြောင်း သိရသည်။

27 Jan 2025

            ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ ထွက်ရှိသော ပေါ်ဆန်း၊ ဧည့်မထဆန်များအား  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် (မြိတ်မြို့)သို့ ရေလမ်းဖြင့် တင်ပို့လျက်ရှိပါသည်။  ဇန်နဝါရီ လ(၁)ရက်နေ့မှ(၂၁)ရက်နေ့အထိ (မြိတ်မြို)သို့ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်မှ  ဧည့်မထဆန်(၅၂၀၀)အိတ်၊  ပေါ်ဆန်းဆန်(၈၀၀)အိတ်၊ စုစုပေါင်း(၆၀၀၀)အိတ်၊ တင်ပို့ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့တင်ပို့ရာတွင် မြန်မာ န

27 Jan 2025

            ထားဝယ်မြို့ အနီးဝန်ကျင်း ကျေးရွာများတွင် မရမ်းပင်များကို ခြံဝင်းအတွင်း စိုက်ပျိုး ကြပြီး မရမ်းသီးပေါ်ချိန်တွင် အပိုဝင်ငွေများရရှိပါသည်။ မရမ်းသီးကို အစိမ်းရော၊ အမှည့်ပါ စားသုံး နိုင်ပါသည်။ မရမ်းသီးအစိမ်းကို သုတ်စား၍ လည်းကောင်း၊ ထောင်းစား၍လည်းကောင်း၊ ငါးပိနှင့် ကြော်၍ လည်းကောင်း စားသုံးကြ ပါသည်။ ယခုအခါတွင် မရမ်းသီး‌ပေါ်ချိန်ဖြစ်ရာ ထားဝယ်မြို့မ စည်ပင်သာယာစျေး၊ ကမ်းနာပျံကျစျေးနှင့် ရပ်ကွက်စျေးငယ်များတွင် မရမ်းသီးအစိမ်းကို ရောင်းချ လျက်ရှိပါသည်။ ထားဝယ်မြို့ရှိစျေးမျာ

27 Jan 2025

          သရက်သီးသည် လူတိုင်းကြိုက်နှစ်သက်သောအသီးမျိုးဖြစ်ပြီး ယခုဆောင်းရာသီတွင် ရှားပါးသီးနှံဖြစ်သည့်အတွက် စားသုံးများ ခံတွင်းတွေ့ကာ အရောင်းအဝယ်ကောင်းကြောင်း သိရပါ သည်။ သရက်သီးစိမ်းကို ငါးပိရည်ကျိုနှင့်တို့စား၍သော်လည်းကောင်း၊ သုပ်စား၍သော်လည်း ကောင်းစားကြပါသည်။ ထားဝယ်မြို့စည်ပင်သာယာဈေးနှင့်ဈေးငယ်များတွင် သရက်သီးများရောင်း ချလျက်ရှိရာ ဈေးကောင်းလျက်ရှိကြောင်း သိရှိရပြီးတစ်ကီလိုလျှင်(၃၅၀၀)ကျပ်ရှိကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

27 Jan 2025

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်နေ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းများလုပ်ကိုင်ကြရာ နှစ်ရှည်သီးနှံများနှင့်  ရာသီပေါ်သီးနှံများစိုက်ပျိုးရောင်းချကြပြီး ယခုအချိန်တွင် ရာသီပေါ်သီးနှံအဖြစ် နာနတ်သီးပေါ်ချိန် ဖြစ်သည့်အတွက်  တောင်သူများက နာနတ်သီးများ ခူးဆွတ်ရောင်းချရာမှ မိသားစုစားဝတ် နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သရက်ချောင်းမြို့ပေါ်နေ စိုက်ပျိုး တောင်သူ များထံမှသိရှိရပါသည်။ နာနတ်သီးကို ယခု

Pages