ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

              တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချလျက် ရှိသော ကြက်ဥများမှာ ဒေသတွင်းကြက်ခြံများမှ ဇန်နဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ အကြီးတစ်လုံးလျှင်(၅၀၀)ကျပ်၊ အလတ်တစ်လုံးလျှင်(၄၅၀)ကျပ်နှင့် အသေး တစ်လုံးလျှင်(၃၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကာလက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် အနည်းငယ်မြင့်တက်လာကြောင်းသိရပါသည်။

27 Jan 2025

ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် စားသုံးသူရေးရာဦးစီးဌာန(ရုံးချူပ်)မှ ညွှန်ကြားလာသည့် ဘိလပ်မြေထုတ်လုပ်နေသည့်စက်ရုံများနှင့်ဘိလပ် မြေ ရောင်းချနေသည့်ဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ ၊ မြေပြင်လက်ကျန်အခြေအနေများ၊ စျေးနှုန်း စျေးကွက်အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးရန်ညွှန်ကြားလာမှုအပေါ်၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်(၉:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစု

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက် စေရေးအတွက် မင်းဘူးမြို့ရှိပွဲရုံများသို့ သွားရောက်၍ စီးပွားရေးလုပ်ငန်းရှင်များအား ကွင်းဆင်း နှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကြီးပင်ကန်ကျေးရွာအုပ်စုရှိ ကြီးပင်ကန်ကျေးရွာသည် စပါးနှင့်ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ တောင်သူများမှ ပဲစဉ်းငုံနီစိုက်ဧက (၅)ဧကခန့်အား သီးညှပ်အဖြစ် ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူများသည် နှစ်စဉ် ကိုင်း၊ ကျွန်းမြေများတွင် ကြက်သွန်နီအပြင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက်ခိုင်မာ လျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို စိုက်ဧကမများသော်လည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားကြောင်း ဒေသခံ တောင်သူတစ်ဦးထံမှ သိရသည်။

Pages