ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

          ချင်း(ဂျင်း)သည် အိမ်ရှင်မများအတွက် မပါမဖြစ်အသုံးဝင်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ် သည်။ လူအများစုက ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသားဟင်းများချက်ပြုတ်ရာတွင် အသုံးပြုခြင်း၊ ချင်းပေါက်များကို သုပ်၍စားသုံးခြင်းဖြင့် အသုံးပြုမှုများကြပါသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် သည် ချင်းထွက်ရှိမှုမရှိ၍ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှထွက်ရှိသော ချင်းများမှာ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲဇီးကွက်၊ ပဲလွန်းပြာ ပဲယင်းဝါနှင့် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံနီကို ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပဲစဉ်းငုံနီကို သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး သက်ကြီး၊ သက်လတ်မျိုးများကို အများဆုံးစိုက်ပျိုးကြသည်။ ယခုတစ်ပတ်တွင် ပဲစဉ်းငုံနီ(သစ်)များ စတင် ဝင်ရောက်နေပြီး ဈေးနှုန်းများမှာလည်း ယခင်တစ်ပတ်ထက် ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရသည်။

27 Jan 2025

          မကွေးတိုင်းဒေကြီး၊ ပခုက္ကူကုန်စည်ဒိုင်၌ ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲဇီးကွက်၊ ပဲလွန်းပြာ ပဲယင်းဝါနှင့် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (တတိယပတ်)တွင် ယောပဲယင်းဝါများ စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယောပဲယင်းဝါများကို ဂန့်ဂေါခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော မောက်လင်း၊ မြောက်ခရမ်း၊ တောင်ခရမ်း၊ ကျွဲနမ်း၊ မြင်းစာနှင့် မောက် စသည့်ကျေးရွာများတွင် ပဲယင်းဝါများကို စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ပ

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် ဒေသထွက်ကုန်မုန့်မျိုးစုံလုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည်  (၁၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပြည်တွင်းအသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ပခုက္ကူမြို့၊ အောင်သပြေ ရပ်ကွက်ရှိ “ဝင်းထူးအောင်” ကိတ်မုန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ဈေးနှုန်း၊ ဈေးကွက်များ၊ လုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့်များကို ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။   

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိကသီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်ဈေးကွက်တွင် နေ့စဉ်အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(တတိယပတ်)တွင်  မိုးကြက်သွန်နီ(အသစ်)များ လှိုင်လှိုင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်သို့ ကုန်ဝင်များလျက်ရှိပါသည်။ စိုက်ပျိုးမှုများသော ရွာသစ် ရပ်ကွက် ကိုးတောင့်၊ ရေလယ်ကျွန်း၊ အောက်ဆိပ်၊ ချင်တောင် ကျေးရွာများမှ အများဆုံး ဝင်ရောက်ပြီး တစ်ရက်လျ

Pages