ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Jan 2025

          အိန္ဒိယနိုင်ငံ၌ တောင်ပိုင်းရှိ တဲလန်ဂါနာပြည်နယ်မှ အမှတ် ၁၀၁၀ ဆန်နှင့် ၁၀၆၄ ဆန် အမျိုးအစား စုစုပေါင်း တန်ချိန် ၁၀၀၀၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ရန်အတွက် အဆိုပါပြည်နယ် အစိုးရက စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရှိရသည်။

27 Jan 2025

          ဈေးကွက်အတွင်း ဈေးနှုန်းများအား ထိန်းသိမ်းနိုင်ရေးနှင့် နိုင်ငံတော်အရန်စားနပ်ရိက္ခာကို လျင်မြန်စွာ ဖြည့်တင်းနိုင်ရေး ကြိုးပမ်းအားထုတ်မှု၏ တစ်စိတ်တစ်ဒေသအဖြစ်  နိုင်ငံတကာ တင်ဒါများခေါ်ယူ၍ ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ဝယ်ယူတင်သွင်းခြင်းကို အရှိန်မြှင့်တင်နိုင်ရန် အတွက် အစိုးရဝယ်ယူရေးလုပ်ထုံးလုပ်နည်းများအား ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်ဆင်ဖြေလျှော့ခဲ့ ကြောင်း သိရှိရသည်။

27 Jan 2025

          အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံများအား အကောက်ခွန်လွတ်တင်သွင်းခွင့်ကို ယခင်က ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ ခွင့်ပြုထားရာမှ ယခုအခါ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နောက်ထပ် တစ်နှစ် သက်တမ်းတိုးမြှင့်လိုက်ကြောင်း ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) က ဇန်နဝါရီ ၂၀ ရက်နေ့၌ အမိန့်ကြော်ငြာစာထုတ်ပြန် ဖော်ပြခဲ့သည်။

24 Jan 2025

             ဧရာဝတီတိုင်းဒေကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သုံး သီးနှံများကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။

24 Jan 2025

မန္တလေးမြို့ဟာဗုဒ္ဓဘာသာထွန်းကားသည့်မြို့ဖြစ်သည်နှင့်အညီမြို့အနှံမှာဘုရား၊စေတီပုထိုးများ တည်ထား ကိုးကွယ်ကြပါတယ်၊ မန္တလေးမြို့ရဲ့ အထင်ကရ နေရာများကတော့ မဟာမြတ်မုနိ၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်၊အတုမရှိရွှေနန်းတော်၊ ရွှေကျီးမြင်၊ မဟာလောကမာရဇိန်အောင်တော်မူဘုရား၊ ကျောက်တော်ကြီး ဘုရား၊ ကျောက်စိမ်းဘုရား၊စန္ဒာမုနိဘုရားစသည်များဖြစ်ကြပါသည်။ ဘုရား၊ စေတီပုထိုးများအနက် မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးဟာမန္တလေးမြို့ကိုလာရောက်လည်ပတ်သူတိုင်း မဖြစ်မနေလာရောက်ဖူးမျှော်ကြသည့် မဟာ မြတ

Pages