ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြားကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၇၁၅ သန်းအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၅.၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သည့် အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန (GDCE) ၏အချက်အလက်များအရသိရသည်။ ကမ္ဘောဒီးယားမှ မလေးရှားနိုင်ငံသို့တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ၃၅.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တင်သွင်းမှုမှာ ၃၅.၃ ရာခိုင်နှုန်းအထိတိုးမြင

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဂေါ်ဖီထုပ်ကို အနည်းငယ်သာစိုက်ပျိုးကြပြီး ဈေကွက်အတွင်းသို့ ရောင်းချနေသောဂေါ်ဖီထုတ်များကို ရှမ်းပြည်နယ်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချကြကြောင်း၊ ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အောက်တိုဘာလတွင် ဂေါ်ဖီထုတ်အကြီး/ အသေးပေါ်မူတည်၍ တစ်ထုတ်လျှင် (၂၅၀၀/၃၀၀၀)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နိုဝင်ဘာလအတွင်း၌ ဂေါ်ဖီထုပ် (အကြီး) တစ်ထုပ်လျှင် (၄၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် (အလတ်)တစ်ထုပ်လျှင် (၄၀၀၀)ကျပ်နှင့် ဂေါ်ဖီထုပ် (အသေး) တစ

ဂျပန်ရင်းနှီးမြှုပ်နှံသူ ၂၆ ဦးသည် ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာပြုပြင်ခြင်းနှင့် ငါး၊ ပုစွန်မွေးမြူရေးတို့တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေရန်စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် အဆိုပါအဖွဲ့အား ငြိမ်းချမ်းရေးနန်းတော်တွင် ၁၉-၁၁-၂၀၂၄ ရက်နေ့ကလက်ခံတွေ့ဆုံခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးလည်းဖြစ်၊ ဂျပန်-ကမ္ဘောဒီးယားအသင်း (JCA) ၏ လက်ရှိဥက္ကဋ္ဌ Takahashi Fumiaki သည်ဝန်ကြီးချုပ် Hun Manet က

ဘရူနိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Khazanah သည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးများအား ရှာဖွေလျက်ရှိသည်။ ကုမ္ပဏီ၏ CEO ဖြစ်သူ Dato Khairul Hamed မှာလည်း ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလျက်ရှိသည်။ ဘရူးနိုင်းတော်ဝင်တပ်ဖွဲ့၏ တပ်မှူးဟောင်း Dato Khairul Hamed သည် နိုဝင်ဘာ ၁၉ ရက်နေ့ကရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အား ဂါရဝပြုခဲ့သည်။ ဖနွမ်းပင်မြို့ ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ကျင်းပသည့်တွေ့ဆုံပွဲတွင် Dato Khairul က ဝန

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးအေးကျော် (အောင်ဆုရည်) မျှစ်လုပ်ငန်းမှ ယခုနှစ်တွင် သရက်ချဉ်လုပ်ငန်းများစမ်းသပ်လုပ်ကိုင်နေသည်ဟုသိရှိရပါသဖြင့် သရက်ချဉ်ပြုလုပ်ပုံအဆင့်ဆင့်အားသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ရာ သရက်ချဉ်ပြုလုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် သရက်သီးကို ပေါက်ခေါင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ ကျပ်အထိဈေးပေး၍ ဝယ်ယူရကြောင်းသိရပါသည်။ ထို့နောက် ဝယ်ယူပြီးရရှိလာသော သရက်သီးများကို ရေစင်အောင်ဆေး၍ ခြစ်ဖြင့် အမျှင်အချောင်းလေးများ
