ကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Nov 2024

        ခဝဲပင်သည် နေရာမရွေး၊ ဒေသမရွေး စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်သည်။ ခဝဲပင်သည် အပင်ရှည်နွယ်တစ်မျိုးဖြစ်ပြီး မိုးဒဏ်ခံနိုင်အောင် စင်တင်စနစ်၊ ဝါးတန်းထိုးစနစ်ဖြင့် စိုက်ပျိုးကြသည်။ ယခုအခါတွင် ခဝဲပင်များကို ရာသီမရွေးစိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ ခဝဲသီးကို စားသုံးခြင်းအားဖြင့် သွေးအားနည်းခြင်းကိုကာကွယ်ပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်းနှင့် ကင်ဆာဖြစ်နှုန်းကိုလျှော့ချပေးခြင်း စသည့် ကောင်း ကျိုးများစွာကိုပေးစွမ်းနိုင်ပါသည

22 Nov 2024

        ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မိုးနှမ်းစိုက်ဧက (၂၅ဧက) စိုက်ပျိုးနိုင်ခဲ့ပြီး၊ ပျှမ်းမျှအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၉တင်း)နှုန်းဖြင့် တင်းပေါင်း(၂၂၅တင်း)ထွက်ရှိခဲ့ပါသည်။ နှမ်းသီးနှံသည် ဆီထွက်သီးနှံများထဲတွင် ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများ အလွယ်တကူစိုက်ပျိုးနိုင်ကြောင်းသိရပါသည်။

22 Nov 2024

       ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အဒါးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်၊ (၅)လမ်းတွင် ဒေသထုတ်ကုန်ဖြစ်သော “ချစ်ကြည်ဖြူ” စာကလေးခွေလုပ်ငန်းအား ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာသည် (၁၈-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

22 Nov 2024

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

22 Nov 2024

                မိုးအကုန်ဆောင်းအကူးကာလများတွင် မန်ကျည်းသီးများ လှိုင်လှိုင်ပေါများလာနေပြီဖြစ်ပါသည်။ မန်ကျည်းပင်သည်မုတ်သုန်ရာသီတွင် ပေါက်မြောက်သောအပင်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် အလွန်ပေါများသည့်အတွက် လူတိုင်းမြင်ဖူးကြပါသည်။ မန်ကျည်းပင်သည် အမြဲစိမ်းလန်းသောအပင်ဖြစ်၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို အထက်အညာဒေသတွင် မန်ကျည်းပင်ကို အကြီးအကျယ်စိုက်ပျိုးကြသည်။ လယ်ကွင်းများ၊ ခြံများ၊ ဥယျာဉ်များ၊ ကျွဲနွားစားကျက်များ၌ စိုက်ပျိုးကြပါသည်။

Pages