ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်အတွင်း ယခုနိုဝင်ဘာလ တတိယပတ်တွင် ပြည်မုန်လာဥဖြူများ ဆောင်းရာသီသီးနှံအဖြစ် အဝယ်လိုက်သဖြင့် အရောင်းသွက်လျက်ရှိနေသည်။ ဈေးကွက်သို့ မှော်ဇာကျေးရွာဘက်မှ စိုက်ပျိုးထွက်ရှိသော မုန်လာဥဖြူများ အများဆုံးဝင်ရောက်လျက်ရှိပြီး တစ်တွဲလျှင် (၅)လုံးပါရှိကာ မုန်လာဥအကြီးတွဲ(၁၅၀)တွဲနှင့် အသေးတွဲ(၃၀၀)တွဲခန့် နေ့စဉ်အဝင်ရှိနေသည်။ မုန်လာဥဖြူမှာ ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းမှာ မြင့်တက်လျက်ရှိကာ အလုံးအကြီး/အသေးပေါ်မူတည်၍ တစ်တွဲလျှင် (၆၀၀-၈၀

ပြည်ဈေးကွက်သို့ ယခုနိုဝင်ဘာလ တတိယပတ်တွင် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဒေသမှထွက်ရှိသော ဆင်ခရမ်းချဉ်သီးများ နှစ်ရက်လျှင် (၁)ကြိမ်ဝင်ရောက်လျက်ရှိနေပြီး (၁၀)ကြိမ်လျှင် ကြီး၊ လတ်၊ သေး အရော အလုံးရေ (၇၀၀-၆၀၀)ခန့်ဝင်ရောက်မှုရှိနေပါသည်။ ယခုဝင်ရောက်မှုမှာ ဥသျှစ်ပင်ဘက်မှသာအဝင်ရှိနေပြီး ယခင်နှစ်ကာလတူဝင်ရောက်မှုမှာ တောင်ကုတ်၊ ပေါက်ခေါင်းနှင့် ဥသျှစ်ပင်ဒေသတို့မှ အလုံးရေ (၁၅၀၀)ခန့်ဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ထက်ဝက်ခန့်လျော့နည်းဝင်ရောက်ကြောင်းသိရှိရပါသည်။ ဝင်ရောက်မှုနည်းသဖြင့် ဈ

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အုန်းသီးများအရာင်းသွက်လျက်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် လာရောက်ရောင်းချသော အုန်းသီးများမှာ ပေါက်ခေါင်းမြို့နယ်ရှိ ရေဦးရွာမှ ထွက်ရှိသော အုန်းသီးများဖြစ်ပြီး အခြားခရိုင်ဖြစ်သော နတ်တလင်းခရိုင်၊ ဆင်မြီးဆွဲ၊ သဲကုန်းမြို့နယ်များမှဝယ်ယူ၍လည်း တစ်ဆင့်ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။ ယခုအချိန် ကာလသည် ဝါလကင်းလွတ်၍ ဘာသာရေးပွဲ၊ နတ်ပွဲနှင့် သာသနာရေးပွဲများပြုလုပ်ချိန်ဖြစ်၍ အုန်းသီးများ အရောင်းသွက်နေပြီး ဈေးကောင်းလည်းရရှိလျက်ရှိပါသည်။ ပေါက

ဘူးသီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးသော ဟင်းသီးဟင်းရွက်အုပ်စုဝင်အပင်လည်းဖြစ်ပါသည်။ ဘူးသီးစိုက်ပျိုးရာတွင် ရေများများ လောင်းနိုင်မှသာ အပင်ကြီးထွားပြီး အသီးများများတင်နိုင်သော်လည်း ရေအများသွင်းမိ၍ အပင်ခြေရင်းတွင် ရေဝပ်သွားပြီး အမြစ်ကို လေမတိုးခဲ့လျှင် အမြစ်များရိကာ အပင်သေသွားနိုင်ပါသည်။ ဘူးပင်မျာကို ပြည်ဒေသတွင်း၌ စိုက်ပျိုးကြသည့်အပြင် ရွှေတောင်မြို့နယ်၊ ပုတီးကုန်းမြို့နယ်များတွင်လည်းစိုက်ပျိုးကြပါသည်။ ဘူးပင်မှာ အရွက်ကိုစားသု

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ယခုနှစ် မိုးစပါး ၈၉၁၀၀ဧကစိုက်ပျိုးထားရာ ယခုအခါ ရိတ်သိမ်းနေပြီဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသော စပါးအမျိုးအစားများမှာ ထိုင်းနှံ ကောက်၊ ဆင်းသုခ၊ မနောသုခ၊ GW 11 နှင့် ဗျော့ထွန်းစပါးများဖြစ်ပါသည်။ ၁၆၅၄၀ဧကရိတ်သိမ်းပြီးစီးချိန် တွက်ချက်မှုအရ အထွက်နှုန်း ၉၈.၃၂ ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရပါသည်။
