ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Nov 2024

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

22 Nov 2024

               ၂၀၂၄ ခုနှစ်၏ ပထမဆယ်လတွင် ဗီယက်နမ်သည်အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံ တန်ဖိုး UK သို့တင်ပို့ခဲ့ပြီး၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၂၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်အထွေထွေဦးစီးဌာန၏ တင်ပြချက်အရသိရပါသည်။ အောက်တိုဘာလတစ်လတည်းတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ၆၈၇.၂ သန်းတန်ဖိုး UK သို့တင်ပို့ခဲ့ပြီး စက်တင်ဘာလကထက် ၁၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုဆယ်လတာကာလ ကြီးထွားမှုသည်စက်ပစ္စည်းများ၊ စက်တပ်ဆင်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကွန်ပြူတာများ၊ အီလ

22 Nov 2024

               ဟာလာလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဗီယက်နမ်ထုတ်ကုန်များ ကမ္ဘာ့လူဦးရေ၏ ၂၄ ရာခိုင်နှုန်းကျော်ရှိသော ကမ္ဘာတစ်ဝှမ်းရှိမူစလင်စားသုံးသူ၂ ဘီလီယံနီးပါးထံသို့‌ ရောက်ရှိရန်ကူညီနိုင်မည်ဟု မလေးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှု၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဖြစ်သူ Zafrul Abdul Aziz ၏အဆိုအရသိရပါသည်။ Zafrul က ၎င်း၏ဗီယက်နမ်ခရီးစဥ်အတွင်း နှစ်နိုင်ငံသည် ဟာလာတွင်ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရေးအားထုတ်ရန်နှင့် နားလည်မှုကိုတိုးမြှင့်ရန်သဘောတူခဲ့ကြောင်း၊ မလေးရှားသည်ဟာ

22 Nov 2024

                 အင်ဒိုနီးရှားနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည်အမေရိကန်ဒေါ်လာ ၂.၆၅ ဘီလီယံတန်ကြေးရှိသည့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ၅ ခုအတွက်နားလည်မှုသဝဏ်လွှာကို G20 ညီလာခံ၌သီးခြားကျင်းပသည့် အင်ဒိုနီးရှား-ဘရာဇီးစီးပွားရေးဖိုရမ်တွင်နိုဝင်ဘာ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါသည်။ အင်ဒိုနီးရှားနိုင်ငံကုန်သည်နှင့်စက်မှုလုပ်ငန်းရှင်များ အသင်း၏အကြံပေးဘုတ်အဖွဲ့ ဥက္ကဌဖြစ်သူ Hashim S.Djojohadikusumo က ထိုသဘောတူညီချက်များသည် ကဏ္ဍအားလုံးကိုလွှမ်းခြုံထားကြောင်းနှင့် နှစ်နို

22 Nov 2024

             အင်ဒိုနီးရှားသမ္မတ Prabowo Subianto သည် နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon နှင့် ကုန်သွယ်ရေးနှင့်ဆန်းသစ်တီထွင်မှုတို့တွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ထိုဆွေးနွေးပွဲကို ပီရူးနိုင်ငံလီမာမြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့က အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုညီလာခံတွင် သီးခြားဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရပါသည်။ Prabowo က နှစ်နိုင်ငံကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းသည် အင်ဒို-ပစိဖိတ်ဒေသ စီးပွားရေးအားကောင်း

Pages