ကုန်သွယ်မှုသတင်းများ
မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းအစိုစျေးကွက်တွင်ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ စားတော် ပဲစိမ်း၊ ပဲစာဥ၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ရွှေပဲသီးတို့နှင့်အတူ နွေပဲသီးများ မတ်လတတိယပတ်အတွင်း ဝင်ရောက်လျက်ရှိပါသည်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါသည်။ ၂၀၂၅ခုနှစ် မတ်လတတိယပတ်အတွင်း ကုန်စိမ်းသီးနှံပဲအစို မျိုးစုံဝင်ရောက်လျက်ရှိပြီး၊ နွေပဲသ

မတ်လတတိယပတ်အတွင်းမန္တလေးကုန်စိမ်းစျေးကွက်သို့ ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲစင်းငုံ၊ ရွှေပဲသီး၊ နွေပဲသီးတို့နှင့်အတူ ပဲလိပ်ပြာ(ခေါ်)ပဲစိတ်တိုပဲစိမ်းများ ဝင်ရောက်မှုများပြား လျက်ရှိပါသည်။ မန္တလေးဒေသတွင်း မြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများဝင်ရောက်မှုများပြီး၊ ကျန်ဒေသများ မှလည်း ဝင်ရောက်ကြောင်း သိရပါသည်။ ၄၁လမ်းစျေးမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည

မတ်လတတိယပတ်အတွင်း ကြက်ဥစျေးမှာ မတ်လဒုတိယပတ်ပေါက်စျေးနှင့် နှိုင်းယှဉ်ပါက ကြက်ဥ၊ ဘဲဥနှင့် ငုံးဥဈေးမှာဈေးငြိမ်နေကြောင်း သိရပါသည်။ မန္တလေးစျေးကွက်အတွင်း ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာမွေးမြူရေးခြံထွက်ကြက်ဥများဝင် ရောက်မှုအများဆုံးဖြစ်ပြီး၊ ကျောက်ဆည်၊ မြစ်သား၊ မြို့သာမြို့နယ်ရှိ ခြံများမှလည်းဝင်ရောက်ကြောင်း သိရပါသည်။ ဘဲဥမှာ အမရပူ၊ ပုသိမ်ကြီး၊မတ္တရာမြို့နယ်ရှိခြံများမှ ဝင်ရောက်မှုများပြီး၊ကျန် ဒေသ များမှလည်း ဝင်ရောက် ကြောင်း သိရပါတယ်။ ငုံးဥမှာ မန္တလေး၊ စဉ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးနှင့် ပန်းခြံဈေးတို့၌ အသီးမျိုးစုံ ရောင်းချသည့်ဆိုင်များတွင် စပျစ်သီးများ လှိုင်လှိုင်ရောင်းချနေရကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့သည် သီးနှံမျိုးစုံစိုက်ပျိုးရာဒေသဖြစ်သော်လည်း ရေမြေရာသီဥတုနှင့်မကိုက်ညီ၍ စပျစ် သီးနှံများ စိုက်ပျိုးနည်း၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မှ ဝယ်ယူရောင်းချရကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စိုက်တောင်သူ များသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် သီးနှံမျိုးစုံကိုစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဈေးကွက် ခိုင်မာလျက်ရှိသော ဂျပန်ပဲယင်း(နီ)ကို တောင်သူများ စတင်စိုက်ပျိုးကြကြောင်း သိရှိရသည်။
