ကုန်သွယ်မှုသတင်းများ
တရုတ်-အင်ဒိုနီးရှားငှက်သိုက်ကုန်သွယ်ရေးညီလာခံသည် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းရှင်များကြား ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် ဗျူဟာမြောက်ပလက်ဖောင်း တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ အင်ဒိုနီးရှား ကုန်သွယ်ရေး ဝန်ကြီး Budi Santoso က ၎င်း၏ ဝန်ကြီးဌာနသည် အင်ဒိုနီးရှား၏စားသုံး၍ရသော ငှက်သိုက် တရုတ်သို့ တင်ပို့မှုမြှင့်တင်ရန်အားထုတ်မှုများကို ပံ့ပိုးပေးမည်ဟု သိရပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာ့အကြီးဆုံး အကောင်းဆုံးငှက်သိုက်များထုတ်လု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဖရဲသီးအများအပြားရောင်းချလျက်ရှိပါသည်။ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဆောင်းစပါးစိုက်ပျိုး၍မရသော မြေပေါ်တွင် ကိုင်းသီးနှံအဖြစ် ဝါးဒူး ကျေးရွာ နှင့် ကျောင်းကုန်းဒေသဘက်မှ အများဆုံးစိုက်ပျိုးကြပြီး ယိုးဒယားဖရဲသီးနှင့် မြန်မာဖရဲသီးဟူ၍ ရောင်း ချလျက်ရှိပါသည်။ ယိုးဒယားဖရဲသီးမှာ မျိုးစေ့ကိုယူ၍ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်တွင် ကာဇတ်စတန်သည် အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံတန်ကြေးရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန် တန်ချိန် ၁၆.၁ သန်းတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မတ်လ ၁၉ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေး ဒုတိယဝန်ကြီး Yerbol Taszhurekov က လွန်ခဲ့သည့် ငါး နှစ်အတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တင်ပို့မှုမှာ ၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်

ပူပြင်းသောနွေရာသီ ကာလကို အမှီပြု၍ ကြံပင်များစိုက်ပျိုးထားကြပြီး ကြံအမျိုးအစား သုံးမျိုးရှိပြီး အဖြူ၊ အနီ၊ အဝါ ဟူ၍ ဖြစ်ကြောင်း သိရပါသည်။ ဒေသစိုက်ပျိုးကာလအနေဖြင့် ကဆုန်၊ နယုန်လတို့တွင် စိုက်ပျိုးပြီး နတ်တော်၊ ပြာသိုလများတွင် ကြံပင်များကိုခုတ်ပြီး အတိုအရှည်ခွဲ၍ သုံးထောင့်ထွာ (၁၀) ချောင်းစီး (၁) စီး ဆိုလျှင် ကျပ် (၆၀၀၀) နှင့် ကျပ် (၈၅၀၀) ဈေးရှိကြောင်း၊ ယခင်နှစ်တွင် ကျပ် (၅၅၀၀) ကျပ် ရှိပြီး၊ လေးထောင့်ထွာ (၁၀) ချောင်းစီး’ (၁) စီးဆိုလျှင် ကျပ် (၈၀၀၀) နှင့် ကျပ် (၁၂၀၀၀) ရ

ကန်ကြီးထောင့်မြို့နယ်၏ ကွမ်းသီးဈေးနှုန်းမှာ ယခု မတ်လတွင် ဈေးနှုန်းအနည်းငယ် တက်လျက်ရှိကြောင်း သိရသည်။ ကွမ်းသီးအဖြူ (၁) ပိဿာလျှင် (၁၉၅၀၀) ကျပ်၊ ကွမ်းသီး အနီ (၁) ပိဿာလျှင် (၁၈၀၀၀) ကျပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန်ကြီးထောင့်ဈေးအတွင်းရှိ ကွမ်းယာပစ္စည်းမျိုးစုံရောင်းဝယ်ရေးဆိုင်မှ သိရပါသည်။
