ကုန်သွယ်မှုသတင်းများ
အီသီယိုးပီးယားနိုင်ငံအနေဖြင့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား တင်ပို့မှုလုပ်ကိုင်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်လာစေရေးအတွက် ပြုပြင်ပြောင်းလဲမှုများစွာနှင့်အတူ စုပေါင်း အားထုတ် ကြိုးပမ်းလျက်ရှိသည်ဟု အဒစ်အဘာဘာမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် နေ့၌ ကျင်းပသော ၁၃ ကြိမ်မြောက် နိုင်ငံတကာ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ညီလာခံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ကုန်သွယ်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Kasahun Gofe က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသို့ ၂ ရက်ကြာ တရားဝင်ခရီးသွားရောက်မှု ပထမနေ့ဖြစ်သော နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံမှ လွှတ်တော်ဥက္ကဋ္ဌ Martin G. Romualdez သည် ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Manet နှင့် တွေ့ဆုံလျက် နှစ်နိုင်ငံအကြား ကတိပြုထားရှိသော ဆန်ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်း၊ လုံခြုံရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းကို ဆက်လက်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်မြင့်မားရေး ရိတ်သိမ်းချိန်လွန် နည်းပညာပေးခြင်းနှင့် စံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို ၁၉.၁၁.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘဲရမ်းကျေးရွာရှိ တောင်သူဦးမောင်ခင် ကွင်းအမှတ် (၈၄၃) လယ်ဧကသုံးဧက၌ ပြုလုပ်ကြောင်းသိရှိရပါသည်။

ပြည်ဈေးကွက်အတွင်းသို့ ၂၀၂၄ခုနှစ်၊ ဆောင်းရာသီ နိုဝင်ဘာလတွင် သင်္ဘောသီးအမှည့်များဝင်ရောက်လျက်ရှိပြီး သင်္ဘောသီးအစိမ်းများ ဈေးတက်လျက်ရှိကြောင်းသိရှိရသည်။ ယခုအချိန်သည် သင်္ဘောသီးများမှည့်ချိန်ဖြစ်၍ သင်္ဘောသီးအစိမ်းမှာ အသုပ်သမားများက ဝယ်ယူမှုရှိ၍ ဈေးနှုန်းမြင့်တက်လာပါသည်။ ပြည်ဈေးကွက်အတွင်းသို့ သင်္ဘောသီးများကို ရွှေဘုံသာရွာနှင့် ပြည်မြို့အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဝင်ရောက်လျက်ရှိပါသည်။ ဆောင်းရာသီတွင် သင်္ဘောသီးမှည့်များ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းမှာ အကြီးတစ်

ပြည်မြို့နယ်အနီးတစ်ဝိုက်ရှိရွာများဖြစ်သော ပျဉ်းပင်ကိုင်းရွာ၊ အောင်မြေရွာ၊ မြေပဒေသာရွာများတွင် ကီလိုမာလကာသီးများကို ခြံမြေရှိသလောက်စိုက်ပျိုးကြပြီး တစ်ဦးလျှင် ၂ယောက်စိုက်၊ ၃ယောက်စိုက်၊ ၁ဧက၊ ၂ဧက စသည်ဖြင့် စိုက်ပျိုးကြောင်း ပျဉ်းပင်ကိုင်းရွာရှိ တောင်သူ ဒေါ်တင်တင်ညို၏ ပြောကြားချက်အရသိရပါသည်။ ကီလိုမာလကာပင် ၁ဧကလျှင် နေ့စဉ် အလုံး ၁၀၀၀ခန့်ဆွတ်ခူးရကြောင်းလည်းသိရပြီး ပြည်ဈေးကွက်သို့ အလုံးအကြီး/ အသေး အရော(၆၀၀-၇၀၀)ခန့် နေ့စဉ်အဝင်ရှိနေသည်။ ဈေးနှုန်းမှာ အလုံးချောတစ်လုံးလျှင် (၅၀၀
