ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယသည် ကုန်ပစ္စည်းအတွက် အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း (MEP) ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ သတ်မှတ်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဘာစမာတီဆန်သည် ၎င်း၏ ကမ္ဘာ့ဈေးကွက်ဝေစုကို စတင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း စက်မှုလုပ်ငန်းအမှုဆောင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီး Sayhrul Yasin Limpo သည် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်းဆန်ထုတ်လုပ်မှုအား တန်ချိန် ၅၅.၄၂ သန်းအထိ ရည်မှန်းထားပြီး ၂၀၂၃ ခုနှစ်အတွက် ရည်မှန်းထားသည့် တန်ချိန် ၅၄.၅ သန်းနှင့် နှိုင်းယှဉ်ပါက တိုးလာကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ ရှစ်လအတွင်း စျေးကွက် ၅၆ ခုသို့ အမေရိကန်ဒေါ်လာ ၂၇၈.၆၅ သန်း တန်ဖိုးရှိ ကြိတ်ခွဲပြီးဆန် တန်ချိန် ၄၀၀,၀၀၀ ကျော် တင်ပို့ခဲ့ပါသည်။ ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) မှ နောက်ဆုံး ထုတ်ပြန် သည့် ကိန်းဂဏန်းများအရ ဥရောပဒေသသည် အကြီးမားဆုံးဈေးကွက်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယားကုမ္ပဏီ ၅၅ ခုသည် ဆန်တန်ချိန် ၇၀၀,၀၀၀ တင်ပို့ရန် သတ်မှတ်ထားသည့် ပို့ကုန်ရည်မှန်းချက်၏ ၅၈ ရာခိုင်နှုန်းခန့်ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ၈-၉-၂၀၂၃ နေ့အထိ စပါးစိုက်ပျိုးပြီးစီးမှု ဧရိယာသည် ဟက်တာ ၄၀၃.၄၁ သိန်းရှိပြီး ယခင်နှစ် ကာလတူစိုက်ပျိုးမှုထက် ဟက်တာ ၁၀.၆၀ သိန်း ပိုမိုတိုးချဲ့ စိုက်ပျိုးထားနိုင်ကြောင်း၊ သို့ရာတွင် ပဲမျိုးစုံ စိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁၁၉.၉၁ သိန်းရှိပြီး ယခင်နှစ် ကာလတူစိုက်ပျိုးမှု ဧရိယာဟက်တာ ၁၃၁.၁၇ သိန်းနှင့် နှိုင်းယှဉ်ပါက ၉% လျော့နည်းလျက်ရှိကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
စားအုန်းဆီကြမ်း (CPO) စျေးနှုန်းများသည် လာမည့် ၄ လမှ ၆ လအတွင်း အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀ အထိ မြင့်တက်လာဖွယ်ရှိကြောင်း ISTA Mielke GmbH (Oil World) ၏ အမှုဆောင်ဒါရိုက်တာ Thomas Mielke က ပြောကြားခဲ့သည်။
ရုရှားကုမ္ပဏီများအနေဖြင့် Di-Ammonium Phosphate (DAP) ကဲ့သို့သော ဓာတ်မြေသြဇာများနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံသည် ယခင်နှစ်တွင် အကြီးဆုံးတင်သွင်းသူ ဖြစ်လာခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုများ တင်းကျပ်လာခြင်း ကြောင့် အိန္ဒိယသို့ လျှော့စျေးဖြင့် ကမ်းလှမ်းမှုများကို ရပ်ဆိုင်းလိုက်ကြောင်း ဓာတ်မြေဩဇာလုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ် ၃ ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အယ်လ်နီညိုရာသီဥတုလက္ခဏာကြောင့် ၂ဝ၂၃/၂ဝ၂၄ ရာသီကာလတွင် ဆန်၊ တိရစ္ဆာန် အစားအစာဖြစ်သည့်ပြောင်း၊ စားအုံးဆီနှင့် ကြံ တို့ အပါအဝင် အဓိကလယ်ယာထွက်ကုန်သီးနှံများ ထုတ်လုပ်မှု လျော့နည်းနိုင်ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr.
အိန္ဒိယနိုင်ငံ၌ ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် စတင်အကျိုးသက်ရောက်ခဲ့သော ပြည်ပတင်ပို့မည့် ပေါင်းဆန်ကွန်တိန်နာ ၁ဝဝလုံးအပေါ် ပို့ကုန်ခွန်ကောက်ခံခဲ့ခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံအစိုးရ သည် ဩဂုတ်လ ၂၅ ရက်နေ့မှ စတင်၍ ပေါင်းဆန်တင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံခဲ့ပါသည်။ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အခွန်ဦးစီးဌာနက ဩဂုတ်လ ၂၅ ရက်နေ့ ည (၁ဝး၄၉) မတိုင်မီ Chennai မြို့ရှိ ဆိပ်ကမ်း သို့မဟုတ် ကွန်တိန်နာကုန်တင်ကုန်ချစခန်းသို့ ဝင်ရောက်သည့်ကုန်စည်များအပေါ် ပို့ကုန်ခွန်များသည် အကျိုးသက်ရောက်မှုမရှိကြောင
လွန်ခဲ့သောသီတင်းပတ် (၄) ပတ်ကျော်ကာလခန့်တွင် အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်း ဒေသအပြင် ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင် အပူချိန်များမြင့်တက်မှုနှင့်အတူ ပူနွေးသောရေပြင်ရာသီဥတု အခြေအနေ ဖြစ်ပေါ်လေ့ရှိသည့် အယ်လ်နီညို ရာသီဥတုလက္ခဏာမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။ အမေရိကန် ရာသီဥတုအဖွဲ့အစည်း မိုးလေဝသ ခန့်မှန်းသည့်ဌာနက အယ်လ်နီညိုဖြစ်ပွားမှုအခွင့်အလမ်းများသည် ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ၉၅ ရာခိုင်နှုန်း အထိ ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါ သည်။
လတ်တလောကာလတွင် အိန္ဒိယ၏ ဆန်တင်ပို့မှုတားမြစ်ခဲ့မှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက် တွင် ဆန်များသိုလှောင်စုဆောင်းခြင်းနှင့် အထိတ်တလန့်ဝယ်ယူခြင်းများနှင့်အတူ ဗီယက်နမ်နိုင်ငံ ၏ ဆန်တင်ပို့မှုကို တိုးမြင့်လာစေသည့် သိသာထင်ရှားသော အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့သည်။
ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံအနေဖြင့် ဈေးကွက် များကမောက်ကမဖြစ်နေမှုကြောင့် အမျိုးသားတံဆိပ်အမှတ်အသား တည်ဆောက်ခြင်းမှတစ်ဆင့် နိုင်ငံ၏ဂုဏ်သိက္ခာကို တိုးမြင့်စေရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်ဟူသောအချက်မှာ အရေးကြီး သောအချက်ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနသည် ပဲမျိုးစုံတိုးတက်ရရှိရန်နှင့် မြင့်တက်နေသော ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်တို့အတွက် ပဲမျိုးစုံလုပ်ငန်းရှင်များအနေဖြင့် ပဲနီလေးကုန်လက်ကျန်များ၏ လက်ငင်းအကျိုးသက်ရောက်မှုကို မဖြစ်မနေထုတ်ဖော်ပြောကြားရန် အကြံပြုချက်အား ဗုဒ္ဓဟူးနေ့ (၆-၉-၂ဝ၂၃) ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ပဲမျိုးစုံလုပ်ငန်းရှင်များသည် ၄င်းတို့၏ ပဲနီလေးကုန်လက်ကျန်စာရင်းကို အပတ်စဉ်သောကြာနေ့များတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော (https://fcainfoweb.nic.in/psp) တွင် မဖြစ်မနေဖော်ပြရမည်ဖြစ်ပြီး အကယ်၍ ထုတ်ဖော်ပြောကြားမှု
အိန္ဒိယနိုင်ငံဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် Global Fintech Fest 2023 တွင် လတ်တလောကာလ၌ အိန္ဒိယနိုင်ငံတွင် ဝင်ငွေခွန်ကြေညာသည့်စနစ် (Income Tax Return) ကို စတင်ကျင့်သုံးခဲ့ပြီးနောက် နိုင်ငံအတွင်း တရားဝင်စီးပွားရေးလုပ်ငန်းများ သိသာစွာတိုးတက်လာခဲ့ပြီး ဆီထွက်သီးနှံများ၊ ပဲမျိုးစုံနှင့် ပဲပုပ်စေ့များအပေါ် အကျိုးသက်ရောက်မှုရှိလာမည်ဖြစ်သဖြင့် ပဲမျိုးစုံတင်သွင်းမှုကို စီမံကွပ်ကဲသွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကြောင့် ဆင်းရဲမွဲတေမှုကို လျှော့ချသွားနိုင်မည်ဖြ