ပြည်ပကုန်သွယ်မှုသတင်းများ
အောက်တိုဘာလ ၃၁ ရက်တွင် ကုန်ဆုံးမည့် ၂၀၂၂- ၂၀၂၃ ရောင်းဝယ်ရေးရာသီကာလအတွင်း စားသုံးမှုပြန်လည်အားကောင်းလာပြီး ဈေးနှုန်းများ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာ ခြင်းတို့ကြောင့် အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှုသည် ၂၆ ရာခိုင်နှုန်း အထိ စံချိန်တင်မြင့်တက်နိုင်ကြောင်းနှင့် စားအုန်းဆီကို သန့်စင်ချက်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ဝယ်ယူမှုများ တိုးတက်လာနိုင်ကြောင်း ထိပ်တန်း စားအုန်းဆီဝယ်ယူသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံတွင် ကုန်ထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ရာ၌ အဟန့်အတား ဖြစ်စေသည့် အယ်လ်နီညို၏ ရာသီဖြစ်စဉ်များသည် စားအုန်းဆီကြမ်းကို တစ်တန်လျှင် ရင်းဂစ်ငွေ ၃,၈၀၀ မှ ၄,၂၀၀ အထိ မြင့်တက်လာစေခဲ့ပါသည်။
ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် အခြေခံအတိုးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး အိမ်သုံး အသုံးစရိတ်များကြပ်တည်းလာမှုနှင့် ငွေကြေးဖောင်းပွမှုဖိအား၏ အကျိုးဆက်တို့ကြောင့် တိုးတက်မှုအလားအလာမရှိသော ဝယ်လိုအားသည် စားအုန်းဆီ ကုန်ကြမ်းဝယ်လိုအားအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း MIDF Research သုတေသနအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါ သည်။
ဥရောပကော်မရှင်အဖွဲ့သည် ပြောင်းသီးနှံအထွက်နှုန်း သိသိသာသာ လျော့ကျသွားခဲ့သဖြင့် ဥရောပသမဂ္ဂ၏ အဓိကကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံများ၏ ထုတ်လုပ်မှု ထပ်မံလျော့ကျသွား နိုင်သည်ဟု ကြာသပတေးနေ့တွင် သုံးသပ်ခန့်မှန်းခဲ့ကြောင်း Hellenic Shipping News သတင်း ဌာနက ဖော်ပြထားခဲ့သည်။
အိန္ဒိယနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်း (Solvent Extractors' Association of India -SEA)သည် ထိုင်းနိုင်ငံ၏ စားအုန်းဆီကြိတ်ခွဲစက်ရုံများအသင်း (Thai Palm Oil Crushing Mills Association)နှင့် နားလည်မှုစာချွန်လွှာ (MOU)ကို လာမည့်လတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ် ကြောင်း၊ အဆိုပါ ပူးပေါင်းမှုမှတစ်ဆင့် အိန္ဒိယမှ စားအုန်းဆီကြမ်း (CPO) တင်သွင်းသူများ၊ သန့်စင်ထုတ်လုပ်သူများနှင့် ထိုင်းနိုင်ငံ၏ CPO ထုတ်လုပ်သူများ၊ တင်ပို့သူများအကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းသော ကုန်သွယ်မှုအခွင့်အလမ်းများကို တိုးမြှင့်ရန်ရည်ရွယ်ကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။
အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကြက်သွန်နီ တန်ချိန် ၅,၇၅၀ ကို ၂၀၂၃ ခုနှစ်တွင် သိုလှောင်နိုင်ခဲ့ပြီး အခြေခံစားသောက်ကုန် ပြတ်လပ်မှုဖြစ်ပေါ်နေသော နိုင်ငံ၏ဒေသများသို့ ဖြန့်ဖြူးပေးရန် အဆင်သင့်ဖြစ်လျက်ရှိနေပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ ဥယျာဉ်ခြံ စိုက်ပျိုးခြင်းဆိုင်ရာညွှန်ကြားရေးမှူးချုပ် Prihasto Setyanto က ဂျာကာတာမြို့တွင် သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
အိန္ဒိယ၊ Nashik ခရိုင်ရှိ စိုက်ပျိုးရေးထွက်ကုန်ဈေးကွက်ရှာဖွေရေးကော်မတီ (Agricultural Produce Market Committee - APMCs) ကုန်စည်ဒိုင်များတွင် ပြုလုပ်သော ကြက်သွန်နီလေလံ ပွဲများမှာ ရပ်တန့်လျက်ရှိကြောင်း၊ လယ်သမားများအနေဖြင့် အမြတ်ရဖွယ်မရှိသော စျေးနှုန်း အခြေအနေများကြောင့် ၎င်းတို့၏ ကြက်သွန်နီကုန်များကို လေလံပွဲများသို့ ယူဆောင်လာရန် တုံ့ ဆိုင်းလျက်ရှိကြောင်း၊ ဒေသခံခေါင်းဆောင်များနှင့် ခရိုင်စီမံခန့်ခွဲရေးအဖွဲ့တို့က လယ်သမားများ ကို ဖျန်ဖြေဆွဲဆောင်စည်းရုံးရန် ကြိုးပမ်းခဲ့သော်လည်း အခြေအနေများမှာ မတည်မငြိမ်ဖြစ်နေဆဲ ပင် ဖြစ်ကြောင်း The Hindu Business Line သတင်းစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီကျွမ်း (Guangxi Zhuang) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရသည် ဝယ်လိုအားများပြားလာမှုနှင့်အတူ တရုတ်နိုင်ငံ၏ အာဆီယံနိုင်ငံများနှင့် သစ်သီးဝလံ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရန်အတွက် Chongzuo ၊ Nanning နှင့် Qinzhou ဒေသများတွင် တရုတ်-အာဆီယံ သစ်သီးဝလံ ကုန်သွယ်မှုဗဟိုဌာနများကို တည်ထောင်ခဲ့ကြောင်း မကြာသေးမီ က ထုတ်ပြန်ကြေညာခဲ့ပါသည်။ China News Service သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ ဗဟိုဌာနများကို တရုတ်-အာဆီယံ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ဖြန့်ဖြူးမှုစင်တာဟု ခေါ်ဆို သော စီမံကိန်းအောက်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကွမ်ရှီကျွမ်း ကိုယ်ပိုင်အုပ်ချုပ
တရုတ်နိုင်ငံ၌ နိုင်ငံတော်ကောင်စီသည် ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပသော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးသို့ အမျိုးသား စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ အစီရင်ခံစာကို ပြန်လည်သုံးသပ်ရန်အတွက် တင်ပြခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၌ ကာနာတကာနှင့် ရာဂျပ်စတန် ပြည်နယ်များတွင် ယခုနှစ်မိုးသီးနှံရာသီ၌ စိုက်ပျိုးထုတ်လုပ်သည့် ပဲတီစိမ်းများမှာ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်မှုရှိသော်လည်း မိုးရေချိန်ရရှိမှုနည်းပါးခြင်းနှင့် စိုက်ဧကလျော့ကျခြင်းတို့ကြောင့် အထွက်ပမာဏ လျော့နည်းနိုင် ချေရှိမှုအပေါ် ဈေးကွက်အဖွင့် ဈေးနှုန်းများမှာ မြင့်မားလျက်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၌ ၂၀၂၃ ခုနှစ် မိုးသီးနှံရာသီတွင် ၂၅-၈-၂၀၂၃ နေ့အထိ ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁၁၇.၄၄ သန်းရှိပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးမှု ဧရိယာဟက်တာ ၁၂၈.၀၇ သိန်းနှင့် နှိုင်းယှဉ်ပါက ၈.၃% လျော့နည်းလျက်ရှိကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရှိရပါသည်။
အိန္ဒိယ၏ ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို တားမြစ်ခြင်းကြောင့် ကမ္ဘာ့ဆန် ဈေးနှုန်း သိသာစွာ မြင့်တက်စေခဲ့သော်လည်း အိန္ဒိယသည် ယခုအခါတွင် စင်ကာပူနိုင်ငံနှင့် နှစ်နိုင်ငံကြား အထူးဆက်ဆံရေးအဖြစ် စင်ကာပူသို့ ဆန်တင်ပို့ခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် ဆန်တင်ပို့ခွင့် တရားဝင်အမိန့်ကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Arindam Bagchi က ၂၉-၈-၂၀၂၃ ရက်၊ အင်္ဂါနေ့တွင် ပြောကြား ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် စားနပ်ရိက္ခာအကျပ်အတည်းကို ကြိုတင်ခန့်မှန်းနိုင်ရေးအတွက် အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနသည် အမျိုးသားရဲတပ်ဖွဲ့၏ စားနပ်ရိက္ခာလုပ်ငန်းအဖွဲ့နှင့် ပူးပေါင်း၍ နိုင်ငံတစ်ဝန်းရှိ ဆန်စက်များနှင့် ဆန်စပါးဖြည့်တင်းမှု (ထောက်ပံ့ရေး) ဆိုင်ရာ အချက်အလက်များကို စုဆောင်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါသည်။