ပြည်ပကုန်သွယ်မှုသတင်းများ
လာအိုနိုင်ငံ၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြောက်သွေ့မှုဖြစ်ပေါ်ခြင်းမှ လယ်ယာ စိုက်ပျိုးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်ထိခိုက်နိုင်မှုများအား ကိုင်တွယ် ဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) နှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ် ဆောင်လျက်ရှိပါသည်။ လာအိုနိုင်ငံ အလုပ်သမားနှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၊ သဘာဝအရင်း အမြစ်နှင့် ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများနှင့် FAO အဖွဲ့မှ ကိုယ်စားလှယ်များသည် ၁၅-၉-၂၀၂၃ နေ့တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် က
အိန္ဒိယနိုင်ငံ၌ ဆောင်းသီးနှံရာသီ စိုက်ပျိုးမှုများသည် အောက်တိုဘာလမှ စတင်မည်ဖြစ်ရာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် ဂျုံစိုက်ပျိုးမှုဧရိယာ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်တွင် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို အသုံးပြုရန် အစိုးရက စီစဉ်လျက် ရှိကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံ၌ စားသုံးသူများ၏ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်မှုကို ပိုမိုကောင်းမွန်စေရန် နှင့် သိုလှောင်ဈေးကစားမှုများကို တားဆီးနိုင်ရန်အတွက် လုပ်ငန်းအဆင့်အလိုက် ပဲစင်းငုံနှင့် မတ်ပဲ သိုလှောင်ထားရှိနိုင်မည့် ပမာဏကန့်သတ်ချက်များကို ၂-၆-၂၀၂၃ နေ့မှ စတင်၍ ၃၁-၁၀-၂၀၂၃ နေ့အထိ ချမှတ်ထားရှိခဲ့ရာ ယခုအခါ ၎င်းကန့်သတ်ချက်များကို ၃၁-၁၂-၂၀၂၃ နေ့အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အရန်ဆန်များ သိုလှောင်ထားရှိရန် စီစဉ်ဆောင်ရွက်နေမှုကြောင့် ၂ဝ၂၃ ခုနှစ် ပထမ ၈ လအတွင်း ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တင်သွင်းမှုမှာ အများအပြားမြင့်တက်လာခဲ့ကြောင်း အင်ဒိုနီးရှားစာရင်းအင်းဌာနက ဖော်ပြပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ကြိတ်ခွဲပြီးဆန် ၂ဝ ရာခိုင်နှုန်း ပိုမိုတင်ပို့သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet က ပြောကြားခဲ့ပါသည်။ အဆိုပါကြေညာချက်ကို ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဘာတီခရိုင်၊ တာခဲအိုပြည်နယ်အခြေစိုက် စက်ရုံ ၁၈ ရုံမှ အလုပ်သမား ၁၈၁ဝ၄ ဦးနှင့် အစည်းအဝေးကျင်းပ ပြုလုပ်စဉ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြပါသည်။
တရုတ်နိုင်ငံ၌ ယူနန်ပြည်နယ် Mengzi ရှိ သရုပ်ပြအခြေစိုက်စခန်းတွင် ပညာရှင် Yuan Longping ၏ နည်းပညာဖြင့် တီထွင်မျိုးပွားထားသော စပ်မျိုးစပါးကို စိုက်ပျိုးထားရှိသည့် ဧရိယာ ၆.၇ ဟက်တာအား စက်တင်ဘာလအစောပိုင်း၌ ရိတ်သိမ်းခဲ့ရာ အထွက်နှုန်းသည် တစ်ဟက်တာလျှင် ၁၇.၈ မက်ထရစ်တန်အထိ စံချိန်တင်ထွက်ရှိခဲ့ကြောင်း Hunan Hybrid Rice Research Center က ဖော်ပြပါသည်။
ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် သြဂုတ်လအထိ အချက်အလက်များအရ ဇူလိုင်လမှ စက်တင်ဘာလအတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မက်ထရစ်တန်ချိန် ၃.၈၈ သန်း ထွက်ရှိရန် ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်း ကျဆင်းမည်ဟု ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) က ပြောကြားခဲ့ပါသည်။
မလေးရှားနိုင်ငံ၌ ဆန်ဈေးနှုန်းမြင့်တက်မှုနှင့် ရောင်းလိုအား ပြတ်တောက်မှုများအပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိရာ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ အကောင်းဆုံးဖြေရှင်းမှုတစ်ရပ်ကို ရှာဖွေနိုင်ရန် အိန္ဒိယအစိုးရနှင့် ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး မိုဟာမက်ဆာဘူက ၁၈-၉-၂၀၂၃ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ၌ ဂျုံဈေးနှုန်းများ မြင့်တက်လာသဖြင့် ကုန်သည်များ၊ လက်ကားရောင်းချသူ များနှင့် အကြီးစားလက်လီရောင်းချသူများ၏ လက်ဝယ်တွင် သိုလှောင်ထားရှိနိုင်မည့် ဂျုံပမာဏ ကန့်သတ်ချက်အား တန်ချိန် ၃၀၀၀ မှ တန်ချိန် ၂၀၀၀ သို့ လျှော့ချရန် ဆုံးဖြတ်လိုက်ကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်ကို ချက်ချင်းလိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်းဖြင့် အိန္ဒိယစားနပ်ရိက္ခာအတွင်းဝန် Sanjeev Chopra က ၁၄-၉-၂၀၂၃ ရက်၊ ကြာသပတေးနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ (GACC) ၏ ထုတ်ပြန်ကြေညာ ချက်အရ တရုတ်အကောက်ခွန်ဌာနသည် ၁၈-၉-၂၀၂၃ ရက်နေ့မှ စတင်၍ ကမ္ဘောဒီးယားနိုင်ငံမှ လတ်ဆတ်အုန်းသီးများနှင့် ဗင်နီဇွဲလားနိုင်ငံမှ ထောပတ်သီးများကို တင်သွင်းခွင့်ပြုခဲ့ကြောင်းနှင့် စက်တင်ဘာလအတွင်း ကမ္ဘောဒီးယားနှင့် ဗင်နီဇွဲလားခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ သိသာထင်ရှားသော ရလဒ်များ ထွက်ပေါ်လာခဲ့ကြောင်းဖြင့် Khmer Times သတင်းစာဌာနက စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖော်ပြ ထားသည်။
ကင်ညာနိုင်ငံမှ ထွက်ရှိသော ထောပတ်သီးများအား အိန္ဒိယဈေးကွက်သို့ တင်ပို့မှုသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ၌ စတင်နိုင်ခဲ့ပြီး ပထမဦးဆုံး သင်္ဘောတင်ပို့မှုမှာ မွန်ဘိုင်းမြို့သို့ ဆိုက် ရောက်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
အောက်တိုဘာလမှ စတင်မည့် ၂၀၂၃-၂၄ ခုနှစ် သီးနှံရာသီတွင် ကမ္ဘာ့သကြားထုတ်လုပ်မှု မှာ ၁.၂၁ ရာခိုင်နှုန်း ကျဆင်းလျက် ဈေးကွက်အတွင်း သကြားတန်ချိန် ၂.၁၁၈ သန်းအထိ လိုအပ်ချက် ဖြစ်ပေါ်နိုင်မည်ဟု အပြည်ပြည်ဆိုင်ရာ သကြားအဖွဲ့အစည်း (ISO) က ခန့်မှန်းထားပါသည်။