ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Aug 2023

တရုတ်နိုင်ငံ၌ ပြည်နယ်နှင့် ဒေသကြီး ၁၀ ခုတွင် နမူနာကောက်ယူ လေ့လာဆန်းစစ်ချက် ရလဒ်များအရ ၂၀၂၃ ခုနှစ်အတွင်း ကောက်စောစပါး (early-season rice) စိုက်ပျိုးမှုမှာ ဧရိယာလျော့ကျခဲ့သော်လည်း အထွက်နှုန်းတိုးတက်မှု ရရှိခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို အဖွဲ့ (NBS) က ဩဂုတ်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

29 Aug 2023

ထိုင်းနိုင်ငံ၌ ယခုနှစ်တွင်ဖြစ်ပေါ်သည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးရေချိန် ရရှိမှု လျော့ကျလျက် နိုင်ငံတစ်ဝန်းရှိ လယ်ယာမြေဧရိယာ ရိုင်ပေါင်း ၁၆.၅ သန်းခန့် (ဧက ၆.၅၂၃၅ သန်းခန့်) အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ဩဂုတ်လ ၂၂ ရက်၊ အင်္ဂါနေ့၌ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

29 Aug 2023

အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံနှင့် မတ်ပဲ ဈေးနှုန်းများမြင့်တက်မှုနှင့်အတူ အခြားသော ပဲများ၏ ဝယ်လိုအားသည်လည်း မြင့်တက်ခဲ့ရာ ကုလားပဲဈေးနှုန်းများသည် လွန်ခဲ့သည့် တစ်လတာအတွင်း ငါးပုံတစ်ပုံခန့် သိသာစွာမြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

22 Aug 2023

ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ဆန်တန်ချိန် ၁၂၅၀၀၀ ကို တင်ပို့ရေး သဘောတူညီမှုရရှိခဲ့ကြောင်း Khmer Times သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

21 Aug 2023

အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည်  ဇူလိုင်လတွင် တန်ချိန် ၁.၀၈ သန်းခန့်ရှိရာ ယခင်လထက် ၅၉% ခန့် ပိုမိုတင်သွင်းခဲ့ပြီး ၇ လအတွင်း တင်သွင်းမှုအမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရပါသည်။ ပဲပုပ်ဆီတင်သွင်းမှုမှာ ၂၂% ကျဆင်းခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၃၄၂၂၇၀ တန် ရှိပါသည်။ နေကြာဆီတင်သွင်းမှုအနေဖြင့် ၇၁% မြင့်တက်မှု ဖြစ်ပေါ်ခဲ့ပြီး တန်ချိန် ၃၂၇၂၅၉ ရှိကြောင်း မွန်ဘိုင်းမြို့အခြေစိုက် အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (SEA) က ဩဂုတ်လ ၁၄ ရက် တနင်္လာနေ့တွင် ပြောကြားပါသည်။

21 Aug 2023

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ၂ဝ၂၃ ခုနှစ်အတွင်း ဝါသီးနှံစိုက်ခင်းများ၌ ပန်းရောင်ဝါသီး ထိုးပိုး (pink bollworm)  ကျရောက်မှုမှာ လွန်ခဲ့သော ၂ နှစ်ထက် ပိုမိုများပြားသဖြင့်  ဝါသီးနှံများအတွက် စိန်ခေါ်မှု ဖြစ်ပေါ်လျက်ရှိပါသည်။

21 Aug 2023

အင်ဒိုနီးရှားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုထက်မက မိုးများအလွန်အကျွံရွာသွန်းခဲ့ပြီးနောက် ကော်ဖီအထွက်နှုန်းသည် အနည်းဆုံးဖြစ်ခဲ့သဖြင့် ကမ္ဘာ့ကော်ဖီဈေးနှုန်းများမှာလည်း အချိန်တိုင်း မြင့်တက်နေခဲ့ပါသည်။ ယခုအခါ အယ်လ်နီညို၏ ခြောက်သွေ့သောရာသီဥတုကြောင့် ကမ္ဘာ့ စတုတ္ထအကြီးမားဆုံး ကော်ဖီစိုက်ပျိုးသည့် အင်ဒိုနီးရှားနိုင်ငံ၏ ကော်ဖီအထွက်နှုန်းမှာ ပိုမိုလျော့နည်းနိုင်ကြောင်း သိရှိရပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အာရဘီကာကော်ဖီထက် ပိုမိုခါးသက်သော အရသာရှိသည့် ရိုဘတ်စတာကော်ဖီများကို အဓိက စိုက်ပျိုးထုတ်လုပ်ရာတွင် ထုတ်လုပ်မှုလျော့နည်းကျဆင်းခဲ့သဖြင့် ကော်ဖီဈေးနှုန်းများမှာ ၂ဝ၂၃ ခုနှစ်အတွင်း ၄ဝ% ကျ

21 Aug 2023

လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များ၏ အကျိုးကျေးဇူးများနှင့် ဖြတ်သန်းချိန်ကာလ ပို၍မြန်ဆန်လာမှုတို့ကြောင့် တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၃ ခုနှစ်၏ ပထမငါးလတာ ကာလအတွင်း ၃၆၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း ဩဂုတ်လ ၁၅ ရက်၊ အင်္ဂါနေ့တွင် ထိုင်းသတင်းမီဒီယာများက ဖော်ပြလျက်ရှိကြသည်။

21 Aug 2023

အိန္ဒိယနိုင်ငံ၌ တစ်နိုင်ငံလုံး ပျမ်းမျှလက်လီစျေးနှုန်းထက် ကျော်လွန်၍ ရောင်းဝယ်မှုဖြစ်ပေါ်နေသော ပြည်နယ် သို့မဟုတ် ဒေသများရှိ အဓိကစျေးကွက်များသို့ အရန်သိုလှောင်ထားသည့် ကြက်သွန်နီတန်ချိန် ၃ သိန်းကို ရောင်းချပေးမည် ဖြစ်ကြောင်း အစိုးရက ဩဂုတ်လ ၁၁ ရက်၊ သောကြာနေ့တွင် ကြေညာခဲ့သည်။

21 Aug 2023

ထိုင်းနိုင်ငံ၌ ထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်လာမှုကြောင့် စက်တင်ဘာလမှစတင်၍ ဆန်ထုပ်ပိုးမှုကုန်ကျစရိတ်ကို တစ်ကီလိုလျှင် ၃ ဘတ် ထပ်ဆောင်းလျက် ၂၀ ဘတ်နှုန်း သတ်မှတ်မည်ဟု ထိုင်းဆန်ထုပ်ပိုးသူများအသင်းက ထုတ်ပြန်လိုက် ကြောင်း သိရပါသည်။

21 Aug 2023

အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု တားမြစ်ပိတ်ပင်ခြင်းက ကမ္ဘာ့ဆန်ဈေးနှုန်းများအား ၁၅ နှစ် အတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိစေခဲ့ရာ ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့သည့် ကုန်သည်အချို့သည် ဆန်တန်ချိန် ၅ သိန်းခန့် တင်ပို့ရန် ချုပ်ဆိုထားသည့် အရောင်းအဝယ်စာချုပ်များကို ပြန်လည်ညှိနှိုင်း၍ ဈေးနှုန်းမြှင့်တင်ခဲ့ကြသည်ဟု ကုန်သွယ်မှုသတင်းအရင်းအမြစ် ၂ ခုက ပြောဆိုကြောင်း သိရှိရသည်။

21 Aug 2023

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နှင့် အိန္ဒိယတို့ထံမှ ဆန်များဝယ်ယူတင်သွင်းနိုင်ရေးအတွက် အစိုးရချင်းစေ့စပ်ညှိနှိုင်းမှုများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

Pages