ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည်နှစ်နိုင်ငံဆက်ဆံရေး အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ခိုင်မာအားကောင်းရန်အခွင့်အလမ်းများကို အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် ဆော်ဒီအာရေဗျနိုင်ငံတော်အတိုင်ပင်ခံညီလာခံဥက္ကဋ္ဌ Abdullah Mohammed Ibrahim Al-Sheikh တွင်ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံလုံးသည် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းအသစ်များ ရှာဖွေရန်ကြိုးပမ်းနေချိန် တွင် ယခုကဲ့သို့ပေါ်ထွက်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားသည် ဆန်ထုတ်လုပ်မှုနှင့်ဆန်ပိုလျှံမှု ကြွယ်ဝပြီး အထူးသဖြင့် ဆော်ဒီအာရေဗျသို့ ပြည်ပဆန်တင်ပို့မှုပိုမိုနိုင်သည်ဟု

အမေရိကန်ကုမ္ပဏီ Stabil Nutrition LLC နှင့် ကမ္ဘောဒီးယားပြည်တွင်းကုမ္ပဏီ Amru Rice (Cambodia) တို့သည် အမေရိကန်ဈေးကွက်သို့တင်ပို့ရန်အတွက် ဖွဲနုပြင်ပြင်ရေးစက်ရုံ တည်ဆောက်ရန်အတွက် ပူတွဲရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanthol ၊ Amru Rice (Cambodia) ၏ ဥက္ကဋ္ဌ Song Saran နှင့် Stabil Nutrition LLC ၏ ဥက္ကဋ္ဌ Michael A.

ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ်အုပ်ချုပ်ရေးမှူး Dr. Chea Serey က ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့်ခရီးသွားလုပ်ငန်းများမြှင့်တင်ရေးအတွက် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ငွေပေးချေရေး ချိတ်ဆက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန် တရုတ်နိုင်ငံအားတောင်းဆိုထားသည်။ Dr.

တရုတ်ကုမ္ပဏီဖြစ်သည့် Bangladesh Prothoma Power Supply Ltd သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ Bepza စီးပွားရေးဇုန်တွင် ဘက်ထရီပလိတ်ပြားထုတ်လုပ်သည့်စက်ရုံ တည်ထောင်ရန် အမေရိကန်ဒေါ်လာ ၁၂.၂၄ သန်းရင်းနှီးမြှုပ်နှံမည်ဟုသိရပါသည်။ ထိုကုမ္ပဏီသည် တင်ပို့ရန်အတွက်ဘက်ထရီပလိတ်ပြား တစ်နှစ်ကို ၂၀၈ သန်းထုတ်လုပ် လိမ့်မည် ဟု Bangladesh Export Processing Zones Authority(Bepza)က ထုတ်ပြန်ချက် တွင်ပြောကြားခဲ့ကြောင်းသိရပါသည်။ ထိုစီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆၀၀ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဟုသိရပါသည်။ Bangladesh Prothoma Powet Supply Ltd ၏ မန်နေးဂျင်းဒါရိုက်တာဖြ

ဗီယက်နမ်နိုင်ငံမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (VAMA) က ၎င်းတို့၏အဖွဲ့ဝင် ကုမ္ပဏီများသည် နိုဝင်ဘာလတွင် မော်တော်ယာဉ်အစီးရေ ၄၄၂၀၀ ရောင်းချခဲ့ရပြီး အောက်တိုဘာ လထက် ၁၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က ကြေညာ ခဲ့သည်ဟု သိရပါသည်။ ထိပ်ဆုံးကဦးဆောင်နေသည့်ကားအမျိုးအစားမှာ ခရီးသည်တင်ကား ဖြစ်ပြီး အစီးရေ ၃၄၈၃၅ ရောင်းချခဲ့ရပြီး ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ၎င်းတို့နောက် တွင် လုပ်ငန်းသုံးယာဉ်က အစီးရေ ၉၀၁၇ (၉ရာခိုင်နှုန်းမြင့်တက်)နှင့် Special-purpose ယာဉ်ကအစီးရေ ၃၄၈ ဖြင့် (၅၄ ရာခိုင်နှုန်းမြင့်တက်)ခဲ့ကြောင်းသိရပါသည်။ ထိုအစီးရေများထဲ တွင် ပြည်တွင်

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်၏ပထမ ၁၁ လတာကာလတွင်ပြည်ပစီမံကိန်း ၁၅၁ ခု၌ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအောက်ရှိ ပြည်ပရင်းနှီးမြှုပ်နှံမှု အေဂျင်စီ၏ အဆိုအရသိရပါသည်။ စုစုပေါင်းမတည်စာရင်းသွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၈.၆၉ သန်းရှိပြီး ၂၀၂၃ တူညီသည့်ကာလထက် ၅၁.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများသည် ပြည်ပ၌ကဏ္ဍ ၁၆ ခုတွင်ရင်းနှီးမြှုပ်နှံမှုပြုထားပြီး သိပ္ပံနှင့်နည်းပညာသည် အမေရိကန်ဒေါ်လာ ၂၀၀.၅ သန်းဖြင့် ထိပ်ဆုံးမှရပ်တည်နေကာ စုစုပေါင်း မတည်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၃၃.၄ ရာခိုင်နှုန်းရှိက

အိန္ဒိယနိုင်ငံအခြေစိုက်Adani Group သည် ရာဂျတ်စတန်ပြည်နယ်တွင် ဘိလပ်မြေစက်ရုံ နှင့် ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတို့၌ အမေရိကန်ဒေါ်လာ ၈၈.၅၃ ဘီလီယံရင်းနှီးမြှုပ်နှံမည်ဟု Adani Ports ၏ မန်နေးဂျင်းဒါရိုက်တာ Karan Adani ၏ပြောကြားချက်အရသိရပါသည်။ ထိုရင်းနှီးမြှုပ်နှံမှု၏ ၅၀ ရာခိုင်နှုန်းကျော်ကို လာမည့်ငါးနှစ်ကျော်တွင်ပြုလုပ်မည်ဟု Karan Adaniက ပြည်နယ်၌ကျင်းပခဲ့သောရင်းနှီးမြှုပ်နှံမှုညီလာခံတွင် ပြောကြားခဲ့ကြောင်းသိရပါသည်။ ထိုစီမံကိန်းများ၏အစိတ်အပိုင်းတစ်ခုအနေနှင့် Group သည် တစ်နှစ်လျှင်တန်ချိန် ၆ သန်း ထုတ်လုပ်နိုင်မည့် ဘိလပ်မြေစက်ရုံသစ် ၄ ခုကိုတည်ဆောက်မည်ဟုသိရပါသည်။ ထို့

တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ Han Zheng နှင့် ဗီယက်နမ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son တို့သည် ၁၀.၁၂.၂၀၂၄ ရက်နေ့ (အင်္ဂါနေ့) က ဘေဂျင်းမြို့၌ တွေ့ဆုံခဲ့ကြသည်။ လာမည့်နှစ်သည်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီးတရုတ်-ဗီယက်နမ် လူသားအချင်းချင်း ဖလှယ်ခြင်းနှစ်အဖြစ်နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီမှုကို နှစ်ဖက်လုံးမှလိုက်နာသင့်ကြောင်း Han မှပြောကြားခဲ့သည်။ ပါတီနှစ်ရပ် နှင့် နှစ်နိုင်ငံထိပ်သီး ခေါင်းဆောင်များ၏ အရေးကြီးသောသဘောတူညီချက်များဖြစ်သော မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထိန်းသိမ

Stellantis နှင့် တရုတ်ဘတ်ထရီထုတ်လုပ်သူ CATL တို့သည် စပိန်တွင်အကြီစား ဥရောပ လစ်သီရမ်ဖော့စဖိတ် (LFP) ဘတ်ထရီစက်ရုံတည်ဆောက်ရန်အတွက် ဖက်စပ်လုပ်ငန်းတစ်ခု ဖွဲ့စည်းရန် ယူရို ၄.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၃၁ ဘီလီယံ) ရင်းနှီးမြုပ်နှံရန် သဘောတူညီချက်အား ၁၁.၁၂.၂၀၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။စပိန်ဝန်ကြီချုပ် Pedro Sanchez ကအဆိုပါသဘောတူညီချက်အားချီးကျူးခဲ့ပြီး ကြေညာချက်နှင့်ပက်သက်၍ အလွန်ကျေနပ်ကြောင်းပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာပေါ် တွင်ပို့စ်တင်ကာ စပိန်နိုင်ငံ အပေါ် ၎င်းတို့၏ ကတိကဝတ်များနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ကင်းစင်သော အနာဂတ်ဖြစ်လာစေရေးတွန်အားပေးရန် နိုင်

၂၀၂၄ခုနှစ်တတိယသုံးလပတ်အတွင်း ဘရူနိုင်းနိုင်ငံ၏ အစားအသောက်နှင့် အဖျော်ယမကာ များရောင်းချမှုတန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် ၂.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန၏ ၁၁.၁၂.၂၀၂၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ကထုတ်ပြန်ချက်အရသိရသည်။ ပြည်တွင်း နေ့စဉ် Borneo Bulletin ၏ အဆိုအရ အဆိုပါအချက်အလက်များသည် ပြည်တွင်းဝယ်လိုအား ကျဆင်းမှုကို ဖော်ပြနေခြင်းဖြစ် ကြောင်းသိရသည်။ ထိုကဲ့သို့ အစားအသောက်နှင့် အဖျော်ယမကာ ရောင်းချရမှုကျဆင်း ရခြင်းမှာ အဓိကအားဖြင့် အမြန်အစားအစာဆိုင်များမှ ရောင်းချရငွေ ၁၁.၂ ရာခိုင်နှုန်း၊ အဖျော် ယမကာဝန်ဆောင်မှုလုပ်ငန်းများမှ ၈.၃ ရာခိုင်နှုန်း အခြားအစား အသောက်

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်ကား (NEV) ထုတ်လုပ်သူများသည် နိုင်ငံတကာတွင် ၎င်းတို့၏ တည်ရှိမှုအားချဲထွင်လာသည်နှင့်အမျှ BYD သည် Peru နိုင်ငံ၏ လူစီးကားစျေးကွက် အတွင်းသို့ စတင်ဝင်ရောက်လာခဲ့သည်။ ကုမ္ပဏီသည် မကြာသေးမီက Peru တွင်အမှတ်တံ ဆိပ်မိတ်ဆက်ပွဲကို စတင်ခဲ့ပြီး BYD Song Pro, Tang, Yuan Up, Seal နှင့် BYD Shark တို့အား Peru နိုင်ငံတွင်ဖြန့်ချီသွားမည်ဖြစ်ကြောင်း ၁၀.၁၂.၂၀၂၄ ရက်နေ့ကကြေညာချက်အရ သိရ သည်။ BYD သည် Peru လူစီးကားစျေးကွက်တွင် လျှပ်စစ်ဓာတ်အားကူးပြောင်းမှုကို တွန်းအား ပေးရန်အတွက် ဒေသတွင်းအရောင်းကိုယ်စားလှယ် Motorisa နှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများပြ

ထိုင်းနိုင်ငံစက်မှုဇုန်အာဏာပိုင်အဖွဲ့ (IEAT) သည် နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရန် Two Countries, Twin Parks အမည်ရသည့်ထိုင်း-တရုတ်ပူးပေါင်း ဆောင်ရွက်မှုအသစ်မှတစ်ဆင့် တရုတ်ရင်းနှီးမြှုပ်နှံသူများအား ထိုင်းနိုင်ငံသို့ဆွဲဆောင်ရန် စီစဉ် နေကြောင်းသိရပါသည်။ စက်မှုဝန်ကြီး Akanat Promphan က ၎င်းတို့သည် ထိုင်းနိုင်ငံအား တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကဦးစားပေးရင်းနှီးမြှုပ်နှံရာနေရာဖြစ်စေရန် အလိုရှိ ကြောင်းနှင့် ထိုင်းအစိုးရသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလွယ်ကူချောမွေ့စေရေး စီမံကိန်း များရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ I
