ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘာပေါ်တွင်အရေးပါသော တစ်ပိုင်းလျှပ်ကူးကဏ္ဍကိုအရှိန်မြှင့်တင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံသည်Chip လုပ်ငန်းနယ်ပယ်ကို အမေရိကန်ဒေါ်လာ၇ ဘီလီယံကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနကမေလ ၁၂ ရက်နေ့ကပြောကြားခဲ့ပါသည်။ ဤခြေလှမ်းသည် လွန်ခဲ့သည့်နှစ်က ကမ္ဘာလုံးဆိုင်ရာစျေးကွက်ကိုပိုမိုထိုးဖောက်မည့် ကမ္ဘာ့အကြီးမားဆုံး Memory Chip ထုတ်လုပ်သည့် Samsung Electronic မှအဓိကရင်းနှီးမြှပ်နှံမည့် အမေရိကန်ဒေါ်လာ (၂၄၀)ဘီလီယံတန်ဖိုးရှိသည့် ကမ္ဘာ့အကြီးမားဆုံး Chip Center တည်ဆောက်ရန်အတွက် အစိုးရ၏ ကတိပြုမှုကြောင့်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၏ ၁၂-၅-၂၀၂၄ရက်နေ့ကထုတ်ပြန

ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် အိန္ဒိယ၏ ဆန်များအပေါ် ဝယ်လိုအား ထိုင်းမှိုင်းနေပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ရောင်းလိုအား နည်းပါးမှုနှင့် ဝယ်လိုအား ခိုင်မာအားကောင်းမှုအရ ယခုသီတင်းပတ်၌ ၃ လအတွင်း အမြင့်ဆုံး ဈေးနှုန်းသို့ ရောက်ရှိလာကြောင်း Bangkok Post သတင်းဌာနက ၁၆-၅-၂၀၂၄ နေ့တွင် ဖော်ပြ ပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁၇၀ ဒသမ ၂ သန်း တန်ဖိုးရှိ ဆန် ၂၄၈၄၉၁ တန် တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ၈-၅-၂၀၂၄ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ၏အစိုးရသည် မေလ၁၃ ရက်နေ့(တနင်္လာနေ့) က Aliexpress, Alibaba နှင့် Temu ကဲ့သို့သော online နာမည်ကြီးစျေးဝယ်ပလက်ဖောင်းများတွင် ရောင်းချနေသောကုန်ပစ္စည်းများ ဘေးကင်လုံခြုံမှုနှင့်ပက်သက်၍ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပါသည်။
တောင်ကိုရီယားနိုင်ငံသည် Aliexpress, Temu နှင့်အခြားသောတရုတ် E-Commerce စျေးဝယ်ပလက်ဖောင်းများကို မိမိတို့နိုင်ငံအတွင်း အသုံးပြုသူများ များပြားလာသောကြောင့် ထို E-Commerce ပလက်ဖောင်းများအားသေသေချာချာစိစစ်ပြီးနောက် သဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်မှာ ယခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မက်ထရစ်တန်ချိန် ၁.၆၄ သန်းရှိပြီး ယခင်နှစ် ကာလတူရှိ လက်ကျန်တန်ချိန် ၁.၈၄ သန်းနှင့် နှိုင်းယှဉ်ပါက ၁၀.၉% ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ၈-၅-၂၀၂၄ နေ့ သတင်းထုတ်ပြန်ချက် အရ သိရသည်။ လအလိုက် နှိုင်းယှဉ်ရာတွင်မူ အဆိုပါပမာဏသည် ယခင်လရှိ ဆန်လက်ကျန် တန်ချိန် ၁.၃၇ သန်းထက် ၂၀.၂% မြင့်တက်လာခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဆန်ဈေးနှုန်းများ သက်သာမှုရရှိလာသော်လည်း အစိုးရအနေဖြင့် ဆန်ထောက်ပံ့မှု အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ခြောက်လ သက်တမ်းတိုးနိုင်ဖွယ် ရှိသည်ဟု ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတဂျိုကိုဝီဒိုဒိုက ၁၃-၅-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယနိုင်ငံတွင် ဆန်ကုန်လက်ကျန် များပြားပိုလျှံမှုရှိပြီး မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုမည့် မုတ်သုံရာသီဥတု ခန့်မှန်းချက်အရ မိုးသီးနှံရာသီ၌ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်စေဖွယ်ရှိ သဖြင့် အစိုးရအနေဖြင့် ယခင်နှစ်၌ ချမှတ်ခဲ့သော ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ဖြေလျှော့ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း အရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။

ပါကစ္စတန်နိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်တွင် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ ပထမ ၉ လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂.၆၉ ဘီလီယံရရှိခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလ၌ ဆန်ပို့ကုန်မှ ရရှိခဲ့သောဝင်ငွေ ဒေါ်လာ ၁.၅၂၂ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၇၆.၅၇% တိုး တက်ခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ်၏ အစီရင်ခံစာထုတ်ပြန်ချက်အရ သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် လာမည့်မိုးသီးနှံရာသီ၌ စိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိမည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ကြက်သွန်နီတို့ကို အရန်ရိက္ခာထားရှိရေး ဝယ်ယူရန်အတွက် တောင်သူများအနေဖြင့် စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်စင်္ကြန်တွင် ကြိုတင်မှတ်ပုံရန် အစိုးရဝယ်ယူရေးအေဂျင်စီ များဖြစ်သော အမျိုးသားလယ်ယာထွက်ကုန် သမဝါယမဈေးကွက် အသင်းချုပ် (NAFED) နှင့် အမျိုးသား စားသုံးသူ သမဝါယမအသင်းချုပ် (NCCF) တို့က တွန်းအားပေးဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

ထိုင်နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai သည် ထိုင်းကိုယ်စားလှယ်အဖွဲ့အားတိုကျိုမြို့ရှိ Imperial Hotel တွင် မကြာသေးမှီကဦးဆောင်ခဲ့ပြီး ဂျပန်-ထိုင်း ကုန်သွယ်ရေးနှင့်စီးပွားရေးကော်မတီဥကဠ Suzuki Jun နှင့် ဂျပန်စီးပွားရေးအဖွဲ့ချုပ် (Keidanren) တို့မှ အမှုဆောင်အရာရှိများနှင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပါသည်။

ယခုနှစ်၏ ပထမလေးလတာကာလတွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာသန်း (၁၇၀) ပမာဏရှိသည့် ဆန်တန်ချိန် ၂၄၈၄၉၁တန်ကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းအဖွဲ့ချုပ်၏ (၈-၅-၂၀၂၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဧပြီလတစ်လတည်းတွင် ဆန်တန်ချိန် ၈၂၄၉၁တန်တင်ပို့ခဲ့ခြင်းမှ အမေရိကန်ဒေါ်လာ ၄၆.၆သန်းရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးဆန်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး ယခုနှစ်၏ ပထမလေးလတွင် အမေရိကန်ဒေါ်လာ ၄၂.၂၈သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၆၇၄၅၇တန်ဝယ်ယူခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့သည့်နိုင်ငံများတွင် ထိပ်ဆုံးနေရာတွင်ရပ်တည်နေသည့် ထိုင်းနိုင်ငံသည် စိန်ခေါ်မှုများရင်ဆိုင်လာရသည်ဟု ဒူးရင်းသီးစျေးကွက်အရင်းအမြစ်အရ သိရပါသည်။ ယခုနှစ် ပထမသုံးလပတ်ကာလတွင် ဒူးရင်းသီးတန်ချိန်(၄၈၀၀၀) ကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့ပြီး အဆိုပါပမာဏထဲမှတန်ချိန်(၃၅၀၀၀)ကို ဗီယက်နမ်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံမှ တန်ချိန်(၁၃၀၀၀)ကိုသာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ရှင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရသိရပါသည်။ အဆိုပါဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံက တင်ပို့မှု (၄၈.၁)ရာခိုင်နှုန်းတိုးတက်လာပြီး ထိုင်းနိုင်ငံက (၅၉.၅)ရာခိုင်နှုန်းကျဆင်း
