မိုးဦးကာလ ရောက်ရှိလာပြီဖြစ်သဖြင့် မွန်ပြည်နယ်ရှိ တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။ယခင်နှစ်၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧကများလျာထားချက် (၆၉၁၉၆၆)ဧကအပေါ် (၆၉၅၆၁၀)စိုက်ပျိုးနိုင်ခဲ့ပြီး( ၄၄၂၄၉၁၆၇)တင်းထွက်ရှိကြောင်း သိရှိရပါသည်။ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါး (၆၉၁၉၆၆) ဧက စိုက်ပျိုးရန်လျာထားကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
ယခုနှစ် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများအတွက် ရာသီအလိုက် စိုက်ပျိုးစရိတ်ကို တစ်ဧကလျှင် (၁)သိန်းကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၁၀)ဧကအထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မွန်)