စလင်းမြို့၊ မြို့မဈေးရှိ စားဖိုဆောင်သုံးကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ စလင်းမြို့၊ မြို့မဈေး၌ ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ အမဲသားများအပြင် ရခိုင်ပြည်နယ်မှ ရေထွက်ပစ္စည်းအမျိုးမျိုး၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်းမြို့များမှ စိုက်ပျိုး ထွက်ရှိသော ဟင်းသီးဟင်းရွက်အမျိုးမျိုးနှင့် ရှမ်းပြည်နယ်မှ ဟင်းသီးဟင်းရွက်သစ်သီးဝလံများလည်း ဝင်ရောက်လျက်ရှိပြီး ဒေသအလိုက်၊ ပစ္စည်းအမျိုးအစားအလိုက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

     ၂၀၂၃ခုနှစ်၊ မေလ(စတုတ္ထပတ်)အတွင်း ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁) ပိဿာလျှင် ကျပ်(၆၀၀၀)၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အိုင်အိုဒင်းဆား (၁)ပိဿာလျှင် ကျပ်(၅၀၀)၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင် ကျပ် (၂၄၀၀)၊ ရွှေဖရုံသီး (၁)လုံးလျှင် ကျပ်(၁၀၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၆၅၀၀)၊ ကြက်သား(CP) (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အမဲသား (၁) ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀) တို့ဖြင့် အသီးသီးအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)