သာယာဝတီခရိုင်အတွင်း ငရုတ်(စို)၊ ငရုတ်(ခြောက်)များကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ငရုတ်(စို) စိုက်ဧက ၉၃၇ ဧကနှင့် ငရုတ်ခြောက် စိုက်ဧက ၃၇၆၉ ဧက စိုက်ပျိုးလျက်ရှိပါသည်။ ငရုတ်(စို) တစ်ဧကလျှင် ၆၉၀ ခန့် ထွက်ရှိပြီး ငရုတ်ခြောက် တစ်ဧကလျှင် ပိဿာ ၂၉၀ ခန့်ထွက်ရှိပါသည်။ ထွက်ရှိလာသော ငရုတ်(စို)၊ ငရုတ်(ခြောက်)များကို ဒေသတွင်း စားသုံးမှုအပြင် ပိုလျှံသည်များကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ဈေးနှုန်းမှာ သီးနှံပေါ်စအချိန်တွင် ငရုတ်(စို)တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ခန့်နှင့် ငရုတ်(ခြောက်) တစ်ပိဿာလျှင် ၁၂၀၀၀ - ၁၃၀၀၀ကျပ်ခန့်သာရှိရာမှ ယခုမေလ (စတုတ္ထပတ်အတွင်း)တွင် ငရုတ်(စို) တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ခန့်နှင့် ငရုတ်(ခြောက်)မှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ခန့်မှ ၂၀၀၀၀ ကျပ်ခန့်အထိ ဈေးနှုန်း မြင့်တက်လာလျက်ရှိပါသည်။
ငရုတ်စိုမှာ မြို့နယ်အတွင်း လက်လီစားသုံးမှုအတွက် အရောင်းအဝယ်များပြီး ငရုတ်(ခြောက်)ကို မိုးရာသီစာ သိုလှောင်ရန်အတွက် ရောင်းချရမှုများကြောင့် ဈေးကောင်းရကာ အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။
DOCA (ပဲခူး)