တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ယခင်အပတ်က ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင်၄၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိရှိရာမှ ယခုမေလ (စတုတ္ထအပတ်)တွင် တစ်ပိသာလျှင် ၉၀၀၀ ကျပ်၊ ကုလားအော်သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၈၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်ပါသည်။
ခရမ်းသီး(အဖြူ)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၅၅၀ ကျပ်မှ ၆၀၀ ကျပ်အထိရှိပြီး ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ခရမ်းသီး(အညို)မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ပါသည်။ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ ကျပ်အထိရှိရာမှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၈၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၂၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ဂေါ်ဘီမှာ ယခင်အပတ်က တစ် ပိဿာလျှင် ၁၈၀၀ ကျပ်အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်သို့ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။
ခရမ်းချဉ်သီးမှာ တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါ သည်။ ပြောင်းဖူးအကြီးမှာ ယခင်အပတ်က တစ်ဖူးလျှင် ၁၈၀ ကျပ်မှ ၂၀၀ ကျပ်အထိ ရှိရာမှ ယခု အပတ်တွင် တစ်ဖူးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်အထိ ဈေးတက်ပြီး ပြောင်းဖူး အသေးမှာ တစ်ဖူးလျှင် ၁၃၀ ကျပ်မှ ၁၅၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
နံနံပင်မှာ ယခင်အပတ်က တစ်ဆယ်ကျပ်သားလျှင် ၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ဖြင့် ဈေးတက်ပါသည်။ ကန်စွန်းရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၈၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်ရှိကြောင်း သိရပါသည်။
DOCA (ပဲခူး)