တောင်ငူမြို့နယ်အတွင်း နွေစပါးများစတင်ရိတ်သိမ်း

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နွေစပါး ၁၇၈၉၁ ဧက ရှိရာ အထွက်ကောင်းစပါးမျိုးများဖြစ်သော ထိုင်းနှံကောက်၊ နယူးဧရာ-၁၂၊ ဆင်းသုခ၊ ရက် ၉၀ မျိုးများကို စိုက်ပျိုးကြပါသည်။

 ဇန်နဝါရီလတွင် စိုက်ပျိုးထားသည့် နွေစပါးများသည် ယခုအခါ စတင်ရိတ်သိမ်းနေပြီ ဖြစ်ပါသည်။ တောင်ငူမြို့နယ်၊ ကြံတောကျေးရွာမှ တောင်သူဦးနိုင်ဦးသည်  ထိုင်းနှံကောက်စပါးများကို စိုက်ပျိုးထားရာ ၁၀.၅.၂၀၂၃ ရက်နေ့တွင် စတင်ရိတ်သိမ်းခဲ့ပြီး အထွက်နှုန်းမှာ တင်း ၁၀၀ ခန့်ရှိကြောင်း သိရပါသည်။

တောင်ငူမြို့နယ်တွင် ယခုနှစ် နွေစပါးအထွက်နှုန်းမှာ တစ်ဧက တင်း ၈၀ မှ ၉၅ တင်း အထိရှိနိုင်သည်ဟု သက်ဆိုင်ရာဌာနက ခန့်မှန်းထားပါသည်။ နွေစပါးပေါ်ခါစ ယခုအချိန် စပါးဈေးမှာ လယ်ကွင်းဈေး တင်း၁၀၀ လျှင် ၁၅၅၀၀၀၀ ကျပ်၊ မြို့ပေါ်ဆန်စက်အရောက်ဈေးမှာ တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ်ရှိကြောင်း သိရပါသည်။

 DOCA (ပဲခူး)