တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းအတက်အကျရှိ

Powered by Drupal

တောင်ငူခရိုင်၊  ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထမှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ရှိရာမှ ယခုမေလ (စတုတ္ထအပတ်)တွင် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ပါသည်။

မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပါသည်။

ကြက်သွန်နီမှာ တစ်ပိဿာလျှင် ယခင်အပတ်က အသေး ၂၅၀၀ ကျပ်၊ အလတ် ၂၇၀၀ ကျပ်နှင့် အသေး ၃၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၄၀၀ ကျပ်နှင့် အကြီး ၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ယခင်အပတ်က အသေး ၄၀၀၀ ကျပ်၊ အလတ် ၅၀၀၀ ကျပ်နှင့် အသေး ၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် အသေး ၅၅၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။

ငရုတ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၁၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၃၅၀၀ ကျပ်၊ အာလူးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၂၀၀၀ ကျပ်ရှိရာမှာ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၄၀၀ ကျပ်၊ မြေပဲဆံ(အဖြူ)မှာ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မြေပဲဆံ(အနီ) မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၇၈၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ကြောင်း သိရပါသည်။

DOCA (ပဲခူး)