
ပြည်ဈေးကွက်တွင် စားဖိုချောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူမှာ ရှမ်းပြည်နယ်မှ အဝင်ရှိသော ရှမ်းမွှာများရှိသလို မန္တလေးဘက်မှဝင်သော ကြူကုတ်များလည်းရှိပါသည်။ ပွဲရုံများမှ ရှမ်းစ လက်ကားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၇၀၀၀)ကျပ် ဖြင့်လည်းကောင်း၊ ကြူကုတ်တစ်ပိဿာလျှင် လက်ကား (၆၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ဒေသတွင်းအပြင် Online ဈေးကွက်တွင်ပါ ကြူကုတ် (အကြီး) တစ်ပိဿာလျှင် (၇၆၀၀)ကျပ်၊ ရှမ်းစကြက်သွန်ဖြူ အကြီးတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်များက ပြည်ဈေးကွက်သို့ ရာသီဥတုအခြေအနေအရ အဝင်အနည်းငယ် လျော့နည်းခဲ့ပြီး ယခုတစ်ပတ်တွင် ပုံမှန်အဝင် ဆက်ရှိနေကြောင်း သိရှိရပါသည်။ ခရိုင်အတွင်းရှိ မြို့နယ်များမှ အမှာများအပြင် မြန်အောင်၊ ကြံခင်း၊ ကွင်းလှမြို့နယ်များကလည်း အမှာရှိကြောင်း သိရပါသည်။
ပြည်ဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း ခရမ်းချဉ်သီး လက်လီအချော(အကြီး) တစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ (လတ်) တစ်ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးရှိပြီး၊ လက်ကားတစ်ပိဿာလျှင် (ကြီး) (၃၀၀၀) ကျပ်၊ (လတ်) (၂၅၀၀)ကျပ် ဈေးရှိခဲ့ပါသည်။ သီးနှံရှားချိန်ဖြစ်၍ ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ယခု မေလ (စတုတ္ထအပတ်)တွင် ရှမ်းခရမ်းချဉ်သီးချော (ကြီး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၂၂၀၀-၂၅၀၀)ကျပ်ဈေးဖြင့် လက်လီ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
အာလူးကို ဒေသတွင်းလုပ်ငန်းရှင်များမှ အဝယ်ရှိသည့်အပြင် လက်လီသမားများမှလည်း အဝယ် ရှိပါသည်။ အာလူးအချောကြီး လက်လီတစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဈေးရှိပြီး လက်ကား တစ်ပိဿာလျှင် (၂၄၀၀)ကျပ်ဈေးရှိပါသည်။ အလုံး အကြီးအသေးရောရာ တစ်ပိဿာလျှင် (၂၆၀၀) ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။
DOCA (ပဲခူး)