
ပြည်ဈေးကွက်တွင် ယခုအချိန်တွင် ဒညင်းသီးများကို မော်မြိုင်နှင့် ဒူယားဘက်မှ ဒညင်းသီးများ အဝင်လှိုင်လာသဖြင့် ဈေးနှုန်းများမှာ ယခင်ပေါ်စဈေးနှုန်းများနှင့်ယှဉ်လျှင် ဈေးများ ကျဆင်းလာခဲ့ပါသည်။ ဒညင်းသီးကို လူအများကြိုက်နှစ်သက် ကြသော်လည်း တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း အနည်းငယ်သာ စားသုံးသင့်ပါသည်။
ဒညင်းသီးသည် ရာသီပေါ်သီးနှံဖြစ်သည့်အတွက် လူအများ နှစ်သက်ကြသော်လည်း သွေးတိုး၊ ကျောက်ကပ်သမားများ အလွန့်အကျွံ့မစားသင့်ပါ။ ဈေးကွက်တွင် ရောင်းချသော ဒညင်းသီးဈေးနှုန်းများမှာ အလုံး အကြီး/အသေး အပေါ်မူတည်၍ ဈေနှုန်းများ ကွာခြားပါသည်။ ဒညင်းသီးအချော တစ်လုံးလျှင် (၁၀၀-၁၅၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၈၀-၁၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၃၀-၆၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရသည်။
DOCA (ပဲခူး)