ပေါ်ဦးပေါ်ဖျား ဈေးကောင်းရသည့် ဗုံလုံသီး

Powered by Drupal

          ပြည်ဈေးကွက်အတွင်းသို့ ပုတီးကုန်း၊ သဲကုန်းဘက်မှ ဗုံလုံသီးများ စတင်ဝင်ရောက်လာနေပြီဖြစ်ပြီး ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရနေကြောင်းသိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်ပြီး အတောင့်ချောသည့်အတွက် တစ်တောင့်လျှင် ကျပ်(၈၀၀)ခန့်ထိ ဈေးကောင်းရလျက်ရှိကာ စိုက်ပျိုးသူတောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိနေကြောင်းသိရသည်။ ဗုံလုံသီး(ခ) ပဲတောင့်ရှည်(ခ) ပဲလင်းမြွေသီးကို ပုစွန်ခြောက်အစာသွပ်၊ အမဲသားအစာသွပ်၊ ငရုတ်သီးစိမ်းရခိုင်ချက်၊ သတ်သတ်လွတ်သမားများအတွက် ဘယာကြော်အစာသွပ်ချက်တို့အပြင် ကြိုက်နှစ်သက်ရာအသားများနှင့်အစာသွပ်၍လည်း ချက်ပြုတ်စားသောက်ကြသည့်အတွက် ဝင်ရောက်မှုရှိသည့်ဗုံလုံသီးများမှာ ဝင်ရောက်မှုရဲ့သုံးပုံနှစ်ပုံခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)