ပြည်သရက်သီးလှိုင်လှိုင်ပေါ်၍ ဈေးနှုန်းများကျဆင်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် အနီးပတ်ဝန်းကျင်ဒေသဖြစ်သောချောင်းနားတန်း၊ လက်ခုပ်ပင်၊ ဇီးအုပ်၊ နတ်တလင်း၊ မြောင်းငယ်လှဒေသများနှင့်ပြည်မြို့ တစ်ဖက်ကမ်းဒေသများ ပန်းတောင်း၊ ဆင်တဲ၊ ရွှေဘုံသာရွာ၊ မကျည်းစုရွာများတွင် မြကျောက်သရက်၊ စိန်တလုံးသရက်၊ ဘုတ်ထုံသရက်သီးများမှာ ယခုကာလတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ စားသုံးသူအကြိုက်ဈေးနှုန်းများ ချိုသာသွားသည့်အတွက် အရောင်းအဝယ်ပိုမိုဖြစ်လျက်ရှိပြီး ယခင်တစ်ပတ် မြကျောက်သရက်သီး ဈေးနှုန်းများမှာ တစ်လုံးလျှင် ကျပ် (၇၀၀-၆၀၀) ရှိပြီး ယခုတစ်ပတ်တွင် ကျပ် (၄၀၀-၃၅၀) တို့ဖြင့် ရောင်းချလျက်ရှိရာ တစ်လုံးလျှင်ပျမ်းမျှ ကျပ် (၃၅၀)ခန့် ကျဆင်းသွားပါသည်။ စိန်တလုံးသရက်သီးမှာလည်း ယခင်တစ်ပတ် တစ်လုံးလျှင် ကျပ် (၆၀၀-၅၀၀)ရှိရာမှ ယခုကျပ် (၃၅၀-၃၀၀) တို့ဖြင့် ရောင်းချလျက်ရှိသဖြင့် တစ်လုံးလျှင် ကျပ် (၃၀၀)ခန့် ကျဆင်းသွားသည်။ ဘုတ်ထုံသရက်သီး တစ်လုံးလျှင် ယခင်တစ်ပတ် ကျပ် (၂၅၀-၂၀၀) မှ ယခု ကျပ် (၁၅၀)သာရှိတော့သဖြင့် ပျမ်းမျှကျပ် (၁၀၀)ခန့် ဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရပါသည်။

DOCA(ပဲခူး)