ယခုအချိန်သည် မိုးရာသီစတင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် မျှစ်နုလေးများ ထွက်ပေါ်လာပြီ ဖြစ်ပါသည်။ မျှစ်သည်မိုးရာသီအစားအစာဖြစ်သည့်အတွက် လူအများကြိုက်နှစ်သက်ကြပါသည်။ မျှစ်နုကိုချိုး၍ မျှစ်စပ်လုပ် စားကြသည့်အပြင် ပြုတ်၍လည်း စားကြပါသည်။ မျှစ်စပ်ကို ယခုအချိန်တွင် ဈေးကွက်ထဲ၌ ရောင်းချသဖြင့် စားသုံးသူများကပေါ်ဦးပေါ်ဖျားဝယ်ယူ၍ စားသုံးကြသဖြင့် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ဈေးများမြင့်သည်ကို တွေ့ရပါသည်။ မျှစ်သည်ပရိုတင်း ဓါတ်ကြွယ်ဝသလို ကယ်လိုရီပါဝင်မှုနည်း၍ သကြားဓါတ်ပါဝင်မှုလည်းနည်းပြီး အဆီဓါတ်ပါဝင်မှုလည်း နည်းပါးပါသည်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မျှစ်များလှိုင်လှိုင်ထွက်ပေါ် လာမည်ဖြစ်သဖြင့် မျှစ်အစိမ်းနှင့် မျှစ်စပ်များကို ပြည်မြို့ရှိ ဈေးကွက်များသို့ပေါင်းတလည်၊ ပေါက်ခေါင်းနှင့်ပန်းတောင်းဘက်မှ အများဆုံးဝင်ရောက်၍ ရောင်းချကြပါသည်။ ပြည်မြို့ဈေးကွက်မှတစ်ဆင့် ရန်ကုန်သို့တင်ပို့ရောင်းချသလို မျှစ်ချဉ်များပြုလုပ်၍လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)