တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၂၀.၅၀၀)ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း ပို့ကုန်ပမာဏအမေရိကန်ဒေါ်လာသန်း(၀.၄၀၅)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၂၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း (၀.၅၂၅) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၁)နှစ်စာ လျာထားချက်အပေါ် (၂.၅၆)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ် စပ်ကုန်သွယ်ရေးစခန်း၏စာရင်းများ အရသိရပါသည်။
ပို့ကုန်အနေဖြင့် (၆.၅.၂၀၂၃ မှ ၁၂.၅.၂၀၂၃)ရက်နေ့အထိ စီးကရက် အရေအတွက်အားဖြင့် (၂၄)တန် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၅၁)၊ နန့်ဖာလုံကုန်စုံတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း(၀.၀၁၂)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း(၀.၀၆၃) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၁၃.၅.၂၀၂၃ မှ ၁၉.၅.၂၀၂၃)ရက်နေ့အထိ စီးကရက်အရေအတွက်အားဖြင့် တန်(၁၆.၀၃၂)တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၃၅)၊ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.0၀၈)၊ စုစုပေါင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၄၃) တင်ပို့နိုင်ခဲ့ပါကြောင်း၊ သွင်းကုန်အနေဖြင့် ယခုအပတ်တွင်လည်း တင်သွင်းနိုင်ခဲ့ခြင်းမရှိပါကြောင်းနှင့်ပို့ကုန် အနေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း (၀.၀၂၀) လျော့နည်းတင်ပို့နိုင်ခဲ့ပါကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)