“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ/နီများအား ရှမ်းပြည်နယ်မှ ကား၊ ရထားတို့ဖြင့် နေ့စဉ် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိ၍ လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ (၂၀-၄-၂၀၂၃) ရက်နေ့မှ (၂၆-၄-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၅၉၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၃၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၇၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၂၀၀ကျပ်အထိ လည်းကောင်း၊ (၂၇-၄-၂၀၂၃) ရက်နေ့မှ (၃-၅-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၂၃၀၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၆၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၇၀၀ကျပ်မှ ၂၁၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၂၀၀ကျပ်မှ ၆၀၀၀ကျပ်အထိရှိခဲ့ပြီး (၄-၅-၂၀၂၃) ရက်နေ့မှ (၁၀-၅-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၂၅၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၆၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၅၅၀၀ကျပ်မှ ၇၀၀၀ကျပ်အထိဖြစ်ပြီး (၁၁-၅-၂၀၂၃) ရက်နေ့မှ (၁၇-၅-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၀၀၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၇၅၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၂၀၀ကျပ်မှ ၂၉၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်)လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၅၀၀ကျပ်မှ ၈၅၀၀ကျပ်အထိ၊ မတ်လ(နောက်ဆုံးပတ်)မှစ၍ ယနေ့ထိ ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ကြက်သွန်ဖြူဈေးနှုန်းမှာလည်း သိသိသာသာမြင့်တက်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)