တောင်ငူမြို့တွင် ကြက်သွန်ဖြူနှင့်အာလူး ဈေးအနည်းငယ်တက်

Powered by Drupal

              တောင်ငူမြို့တွင် ၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထပတ်)အတွင်း၌ အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ  တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၄၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးနှုန်း တည်ငြိမ်နေပါသည်။

              ကြက်သွန်နီမှာ တစ်ပိဿာလျှင် အသေးမှာ ၂၅၀၀ ကျပ်၊ အလတ် ၂၇၀၀ ကျပ်နှင့် အကြီး ၃၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး တရုတ်ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့်  ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

              ကြက်သွန်ဖြူ အသေးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၅၂၀၀ ကျပ်၊ အလတ်မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၅၄၀၀ ကျပ်မှ ယခုအပတ်တွင် ၅၆၀၀ ကျပ်၊ အကြီးမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၅၈၀၀ ကျပ်မှ ယခုအပတ်တွင် ၆၀၀၀ ကျပ်၊ တရုတ် ကြက်သွန်ဖြူမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၅၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ပါသည်။

           အာလူးမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၁၈၀၀ ကျပ်၊ အလတ် ၂၀၀၀ ကျပ်၊ အကြီး ၂၆၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၅၀၀ ကျပ်၊ အလတ် ၂၇၀၀ ကျပ်၊ အကြီး ၂၈၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ပြီး တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

           ငရုတ်သီးခြောက် အပုမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် ငရုတ်သီးခြောက် အပွမှာ ၂၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

           မြေပဲဆံ အဖြူမှာ တစ်ပိဿာလျှင် ၇၄၀၀ ကျပ်၊ မြေပဲဆံအနီမှာ ယခင်အပတ်က တစ် ပိဿာလျှင် ၈၀၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေ ကြောင်းနှင့် အခြေခံစားသောက်ကုန်များမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)