တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်အချို့ ဈေးနှုန်းမြင့်တက်

Powered by Drupal

              ၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထပတ်)အတွင်း၌ တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်၊ ကုလားအော်သီး တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်၊ ခရမ်းသီး (အဖြူ)  တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ ခရမ်းသီး(အညို) တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

              ဒေသသခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀ ကျပ်အထိရှိရာမှ ယခု အပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ဂေါ်ဖီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၅၀၀ ကျပ် အထိ ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ ကျပ်သို့ ဈေးနှုန်း အနည်းငယ် မြင့်တက်ပါသည်။

              ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ ပြောင်းဖူး အကြီး တစ်ဖူးလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်အထိ၊ ပြောင်းဖူးအသေး တစ်ဖူးလျှင် ၁၃၀ ကျပ်မှ ၁၅၀ ကျပ်အထိဖြင့် ယခင် အပတ် ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။

              နံနံပင်မှာ ယခင်အပတ်က တစ်ဆယ်ကျပ်သားလျှင် ၅၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ဆယ် ကျပ်သားလျှင် ၆၀၀ ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ပါသည်။ ကန်စွန်းရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်း ၁၀၀ ကျပ်၊ ၁၀ စည်းယူလျှင် ၇၀၀ ကျပ်ရှိ ကြောင်း သိရပါသည်။

DOCA(ပဲခူး)