တောင်ငူမြို့တွင် စက်သုံးဆီဈေးတက်

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၁၉၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၄၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၀၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၁၉၈၀ ကျပ် ရှိခဲ့ပါသည်။

              ယခုအပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၂၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၁၅ ကျပ် ရှိခဲ့ပါသည်။

              သို့ဖြစ်ပါ၍ စက်သုံးဆီဈေးမှာ ယခင်အပတ်ကထက် 92 RON တစ်လီတာလျှင် ၇၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၈၀ ကျပ်၊ ဒီဇယ် တစ်လီတာ လျှင် ၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၅ ကျပ် ဈေးတက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)