လက်ပံတန်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများအခြေအနေ

Powered by Drupal

          ၂၀၂၃ခုနှစ် မေလ တတိယပတ်တွင် လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျှက်ရှိသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည်လျှင် ၅၀၀၀ ၊ မနောသုခတစ်ပြည်လျှင် ၃၄၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် ၆၀၀၀ ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ချင်းတက် တစ်ဆယ်သားလျှင် ၆၀၀ကျပ်၊ ငရုတ်ခြောက် အရှည် တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ အပု တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ အာလူးတစ်ပိဿာ လျှင် ၂၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် အစေ့မပါ တစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ ကြက်ဥ လက်လီဈေးနှုန်းများမှာ ကြီး တစ်လုံးလျှင် ၂၈၀ကျပ်၊ အသေးတစ်လုံးလျှင် ၂၄၀ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် ၃၅၀ကျပ်၊ အသေးတစ်လုံးလျှင် ၃၀၀ ကျပ်တို့ အသီးသီးရှိခဲ့ပါသည်။

          လက်ပံတန်းမြို့မဈေးအတွင်းရောင်းချလျှက်ရှိသော အသားဈေးနှုန်းများမှာ မွေးမြူရေးကြက် CP ကြက်သား တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀မှ ၁၆၀၀၀ ၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်၂၃၀၀၀ မမှ ၂၅၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၁၅၀၀၀မှ ၁၆၀၀၀၊ အမဲသားတစ်ပိဿာလျှင် ကျပ်၁၃၀၀၀ မှ ၁၅၀၀၀ ၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ်၁၀၀၀၀မှ ၁၂၀၀၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ်၇၀၀၀ မှ ၉၀၀၀ အသီးသီး ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

          စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ကျပ်၁၄၀၀၀မှ ၁၆၀၀၀ ၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်၁၅၀၀၀ မှ ၁၆၀၀၀ ၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်၆၂၀၀ မှ ၆၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)