ခရမ်းသီးများဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးသူများအဆင်ပြေနေ

Powered by Drupal

    မြန်မာနိုင်ငံ၏ရာသီဥတုသည် ခရမ်းသီးပင်များစိုက်ပျိုးရန် သင့်လျော်သောရာသီဥတုဖြစ်သဖြင့် နေရာဒေသအနှံအပြားစိုက်ပျိုးလျက်ရှိပါသည်။ ခရမ်းကို အကြမ်းအားဖြင့် သုံးမျိုးခွဲခြား၍ စိုက်ပျိုးလေ့ရှိရာ အရှည်မျိုးကို ဆင်စွယ်ခရမ်းဟုခေါ်ပါသည်။ ရှည်၍ ခရမ်းရောင်၊ အစိမ်းရောင်ရှိပါသည်။ အလုံးမျိုးတွင် လုံးဝိုင်းသောသဏ္ဌာန်ရှိ၍ ခရမ်း၊ အစိမ်း၊ အဖြူရောင်ရှိပါသည်။ လုံးရှည်မျိုးတွင် ထောပတ်ခရမ်းကို စိုက်ပျိုးလေ့ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုး၏အရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်း၊ မြေနဲကျေးရွာများတွင် ထောပတ်ခရမ်းကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။၂၀၂၃ခုနှစ်၊ မေလ၊ ပထမအပတ်၌ ဈေးကွက်တွင်  ခရမ်းသီးအမျိုးအစားဈေးနှုန်းများမှာ ထောပတ်ခရမ်းရှည်သီးတစ်ပိဿာလျှင် ငွေကျပ် (၁၂၀၀ - ၁၅၀၀)၊ ခရမ်းပုသီး(အဖြူ/ခရမ်းရောင်)တစ်ပိဿာလျှင် ငွေကျပ် (၁၀၀၀ - ၁၅၀၀) နှုန်း၊ ယခု ဇွန်လ၊ ပထမအပတ်၌ ဈေးကွက်တွင်  ခရမ်းသီးအမျိုးအစားဈေးနှုန်းများမှာ ထောပတ်ခရမ်းရှည်သီးတစ်ပိဿာလျှင် ငွေကျပ် (၂၀၀၀- ၂၅၀၀)၊ ခရမ်းပုသီး(အဖြူ/ခရမ်းရောင်)တစ်ပိဿာလျှင် ငွေကျပ် (၁၅၀၀ - ၂၀၀၀) နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခုလက်ရှိတွင် ခရမ်းသီးမှာ ဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးသောတောင်သူများလည်း အကျိုးအမြတ်ဖြစ်ထွန်းနေးကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)