ဂေါ်ဖီထုပ်ဈေးနှုန်း/ဈေးကွက်အခြေအနေ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးသော်လည်း ယခုကာလသည် ဂေါ်ဖီစိုက်ပျိုးသည့်ကာလမဟုတ်သည့်အတွက်  ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ  မှာယူရောင်းချကြရ၍ ဈေးကွက်အတွင်း ဂေါ်ဖီထုပ်ဈေးနှုန်းများတည်ငြိမ်နေကြောင်း၊ ယခင်၌ ဂေါ်ဖီထုပ်အကြီးတစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၁၅၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ကြောင်း၊ ယခုအခါတွင် ဂေါ်ဖီတစ်ထုပ်အကြီးတစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၁၅၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)